အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ကျောက်ဖြူတိုက်ပွဲ ဘယ်အခြေအနေထိ ရောက်နေပြီလဲ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ကျောက်ဖြူ-ရမ်းဗြဲလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာကြောင့် တောင်မော်ဦးရေတပ်စခန်းအနီးမှာ တိုက်ပွဲအရှိန်မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ အရပ်သားထိခိုက်မှုတွေလည်း ပိုများလာနေပါတယ်။ လေကြောင်းနဲ့ ရေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကျေးရွာတချို့မှာ လူသေဆုံးမှုနဲ့ နေအိမ်ပျက်စီးမှုတွေ ရှိနေပြီး ဒေသခံတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၆ သောင်းနီးပါးအထိ ရှိလာနေပြီး အစားအသောက်၊ ဆေးဝါးနဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူဟာ မဟာဗျူဟာနဲ့ စီးပွားရေးအရ စစ်တပ်အတွက် အရေးပါတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ ခုရှိတဲ့အနက် ၁၄ မြို့နယ်ကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားနိုင်ပြီး ဖြစ်ပါတယ်။
လက်ရှိမှာ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို မာန်အောင်မြို့နယ်မှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။

ညီထွေး/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button