Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖလမ်း – ဟားခါးလမ်း၌ ယနေ့ တိုက်ပွဲဆက်လက်ပြင်းထန်

The Chin Journal က ဖော်ပြသည့် တိုက်ပွဲသတင်း ရုပ်သံမှတ်တမ်း၌ စစ်ကောင်စီတပ်ကို ချင်းပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခြင်း၊ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု တွေ့ရသည်။

(ဇူလိုင် ၉ ရက်က ဖလမ်း-ဟားခါးအကြား ဖလမ်းမြို့နယ်အတွင်းရှိ တာလ်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - The Chin Journal)
(ဇူလိုင် ၉ ရက်က ဖလမ်း-ဟားခါးအကြား ဖလမ်းမြို့နယ်အတွင်းရှိ တာလ်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - The Chin Journal)

▪️၄ရက်အတွင်းတိုက်ပွဲ ခြောက်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ၂၄ဦးကျော်သေ

ချင်းပြည်နယ် ဖလမ်း – ဟားခါးလမ်းပိုင်း၌ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိကြောင်း ချင်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါလမ်းပိုင်း၌ ဇူလိုင် ၈ရက်မှစ၍ ချင်းလက်နက် ကိုင်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

“ဖလမ်း – ဟားခါးအကြား တိုက်ပွဲကဒီနေ့နဲ့ဆိုအနည်းဆုံး ၆ကြိမ်ဖြစ်ပွားတယ်။ဒီနေ့လည်း ရမ်ထလိုကျေးရွာအနီး ၂နေရာမှာပစ်ကြတယ်။ ပိုမိုပြင်းထန်လာတယ်”ဟု ချင်းဒေသခံက ပြော သည်။

ဇူလိုင် ၈ရက်တွင် တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့ရာ ပထမတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၃ဦးသေဆုံးပြီးဒုတိယတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ နှစ်ဦး၊ တတိယအကြိမ်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့နောက် ယမန်နေ့ (ဇူလိုင် ၁၀ရက်)တွင် တလန်ဇာန်ရွာအနီးတိုက်ပွဲဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး ချင်းတပ်ဖွဲ့မှ ၂ဦးဒဏ်ရာရရှိခဲ့ကြောင်းဒေသခံက ပြောသည်။ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားမှုတွင်လည်း စစ်ကောင်စီတပ်က အထိနာနေသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

ဖလမ်းမှ ဟားခါးသို့ အင်အား ၂၀၀ကျော်ဖြင့်တပ်လာသည့် စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) အပါအဝင်ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး တိုက်ခိုက်လျက်ရှိသည်။

The Chin Journal က ဖော်ပြသည့် တိုက်ပွဲသတင်း ရုပ်သံမှတ်တမ်း၌ စစ်ကောင်စီတပ်ကို ချင်းပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခြင်း၊ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု တွေ့ရသည်။

အထိနာနေသည့် စစ်ကောင်စီတပ်သည် ဟာခါး – ဖလမ်း ကြားရှိ ကျေးရွာများမှ ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့သည်ဟု တိုက်ပွဲတွင်ပါဝင်နေသည့် CNDF၏ မိခင်အဖွဲ့အစည်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ယနေ့နံနက်အစောပိုင်း၌ ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဇူလိုင် ၅ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်မှ ကျောက်ကြီးမြို့ပေါ်တွင် လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် သိမ်တန်းရပ်ကွက်၊ ဗောဓိကုန်းရှိ ပြည်သူပိုင်နေအိမ်လေးလုံး လက်နက်ကြီးထိမှန်ပျက်ဆီးခဲ့သည်။

သတင်း

လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ အခက်အခဲများစွာနဲ့ကြုံတွေ့နေရပြီး ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အဓိကလိုအပ်နေတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့ထံကနေ သိရပါတယ်။

သတင်း

ဟားခါးလေးကျေးရွာနှင့် တစ်ဆက်တည်းဖြစ်သောရေစိုရွာမှ ပြည်သူ ၁၀ ဦးခန့်ကို ဓားစားခံအနေဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု ယနေ့(ဇူလိုင်၁၁ရက်) နေ့လည် ၁၂ နာရီခန့်အခြေအနေကို စစ်ဘေးရှောင်တစ်ဦးကပြောသည်။

သတင်း

"သက်သက်လက်နက်ကြီးနဲ့ပစ်သွားတာပါဗျာ။ဆုံးတဲ့ရွာသားကို မနေ့ကတခါတည်း သင်္ဂြိုလ်လိုက်ပါတယ်။ ကျန်တဲ့ထိထားတဲ့ ၆ယောက်ထဲကလည်း စိုးရိမ်ရသူ နှစ်ယောက်ပါပါသေးတယ်။"ဟု ​ဒေသခံတစ်ဦးက ပြောသည်။