Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၅)နယ်မြေတွင် နှစ်ရက်အတွင်း တိုက်ပွဲ ​ခြောက်ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ၁၄ဦးသေ

KNU နယ်မြေအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားခြင်းမှာ စစ်ကောင်စီတပ်များအနေဖြင့် နယ်မြေမကျွမ်းခြင်း၊ စိတ်ဓာတ်ရေးရာအရ အားနည်းခြင်း၊ KNU တပ်ဖွဲ့များက ပြောက်ကျားနည်းအရ ခြုံခိုတိုက်ခိုက်ခြင်း မိုင်းခွဲတိုက်ခိုက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု KNU တာဝန်ရှိသူအချို့က ပြောကြားထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ၌ နှစ်ရက်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီလက်အောက်ခံတပ်မှ ၁၄ဦးသေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က ယမန်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၁ရက်နှင့် ၁၂ရက်များတွင် ဖာပွန်ခရိုင် ဝါသိုးခို၊ ဖာပွန်-ကမမောင်းလမ်း၊ ဝါ့လူစခန်း၊ တမိုလာလော်ဒေသ၊ ထီးဘာလဲလော်ဒေသတို့၌ တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၁၁ရက်တွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်ဖွဲ့များအား ဝါသိုးခို အနီးတွင် KNU တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ BGF တစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။ ယင်းနေ့၌ပင် ဖာပွန် -ကမမောင်းလမ်းရှိ ၂၁မိုင်နှင့် ခွေးသေရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထပ်မံ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့ကြောင်းထုတ်ပြန်သည်။ ထို့အပြင် ဝါ့လူစခန်း အခြေစိုက် စစ်ကောင်စီတပ်ကိုလည်း KNU တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၁၂ရက်ကလည်း တမိုလာလော်ဒေသ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးခဲ့ပြီး ထီးဘာလဲလော် ဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သုံးဦးသေ၊ သုံးဦး ဒဏ်ရာရခဲ့ကြောင်း၊ ခွေးသေရွာနှင့် ၂၁မိုင်ကြား ၌လည်း တိုက်ပွဲ ထပ်ဖြစ်၍ စစ်ကောင်စီတပ်မှ နှစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

နှစ်ရက်အတွင်း တိုက်ပွဲများ၌ KNU တပ်ဖွဲ့မှ ထိခိုက်ကျ ဆုံးမှုမရှိကြောင်း ဖော်ပြသည်။

KNU နယ်မြေအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားခြင်းမှာ စစ်ကောင်စီတပ်များအနေဖြင့် နယ်မြေမကျွမ်းခြင်း၊ စိတ်ဓာတ်ရေးရာအရ အားနည်းခြင်း၊ KNU တပ်ဖွဲ့များက ပြောက်ကျားနည်းအရ ခြုံခိုတိုက်ခိုက်ခြင်း မိုင်းခွဲတိုက်ခိုက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု KNU တာဝန်ရှိသူအချို့က ပြောကြားထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People's Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

TNLA အနေဖြင့် စစ်ကောင်စီထုတ်ကုန်များရောင်းချစားသုံးခြင်း မပြုရန် အမိန့်စာကို ၂၀၂၁ ဇွန်လတွင် ဖြန့်ဝေခဲ့ပြီး အခြားဒေသများ၌လည်း ဖမ်းဆီး စစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့သည်။

သတင်း

အဆိုပါတိုက်ခိုက်မှုအား ဗိုလ်တောက်ထွန်း (MBTT) အထူးတပ်ဖွဲ့၊ ဗိုလ်နေတိုးပြောက်ကျားအထူးဖွဲ့(B.N.T)၊ လျှက်တပြက်စွန်ညို၊ ဒီမိုသိန်းငှက်ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

သတင်း

'ရဲဘော်တို့ လွတ်လပ်ငြိမ်းချမ်းစွာ အနားယူနိုင်ပါပြီ တစ်ပင်လုံးဝေဖို့ တစ်တောလုံးမကြွေစေရ တစ်ပွင့်ကြွေခဲ့သည်ရှိသော် တစ်တောလုံးဝေရမည်'ဟု ကျန်ရစ်သူ People's Guerillas Commando - Myinmu အဖွဲ့သားအားလုံးမှ ကတိသစ္စာ ပြုလိုက်ပါသည်ဟု ရေးသားထားသည်။