Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

စစ်ကောင်စီအခြေစိုက်စခန်းကို ရဲမေအချို့ပါဝင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားငါးဦးသေဟု KNDF ထုတ်ပြန်

တိုက်ပွဲ ဖြစ်စဥ်မှာ ဇူလှိုင် ၆ရက်  နံနက် ၆ နာရီတွင် လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအနီးရှိ စစ်ကောင်စီ၏ သင်္ဘောပင်စခန်းအား ကရင်နီတပ်မတော် (KA) နှင့်KNDF B-10၊  B-9 တို့မှ ချည်းကပ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီအခြေစိုက်စခန်းကို ရဲမေအချို့ပါဝင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားငါးဦးသေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၁၀က ယနေ့(ဇူလိုင် ၈ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဇူလှိုင် ၆ရက်  နံနက် ၆ နာရီတွင် လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအနီးရှိ စစ်ကောင်စီ၏ သင်္ဘောပင်စခန်းအား ကရင်နီတပ်မတော် (KA) နှင့်KNDF B-10၊  B-9 တို့မှ ချည်းကပ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ လက်နက် ကြီးအဆမတန် ပစ်ကူပေးခြင်း ရဟတ်ယာဥ်ဖြင့် (၁၁)ကြိမ်၊တိုက်လေယာဥ်ဖြင့် (၉)ကြိမ်လာရောက် တိုက်ခိုက်ခဲ့သဖြင့် နေ့လည် ၁၁ နာရီခွဲတွင် ပူးပေါင်းတပ်ဖွဲ့များမှ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်လေးအဆင့်ရှိသူတစ်ဦး ရင်ဘတ်ကျည်ထိမှန် သေဆုံးခဲ့သည်။

ထို့အတူ သင်္ဘောပင်စခန်းအား တိုက်ခိုက်နေစဥ် လွိုင်ကော်မြို့နယ်၊ (၄) မိုင် အမှတ်(၁)စခန်းမှစစ်ကူ လာသော စစ်ကောင်စီတပ်ဖွဲ့များကို ဆိုလဆယ်နှင့် လောကထူးကျေးရွာအကြားတွင် KNDF B-10 မှ အနီးကပ် ကြားဖြတ် တိုက်ခိုက်ရာစစ်ကောင်စီတပ်ဘက်မှ ငါးဦးသေဆုံးခဲ့ပြီး ​လေးဦးဒဏ်ရာရခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအတွင်းတွင် KNDF B-10 ၏ရဲမေအချို့ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကဆိုလဆယ်ရွာအနီး တိုက်ပွဲဖြစ်နေစဥ်အတော အတွင်း ကျေးရွာနေပြည်သူ တစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ဒီမနက်လည်း ကရင်နီပြည်နယ်ထဲမှာ အကြမ်း ဖက်စစ်တပ်ရဲ့လေယာဥ်တစ်စီး တစ်မနက်လုံးဝဲနေတယ်။ကင်းထောက်နေတယ်လို့ယူဆတယ်။ တိုက်ပွဲ အခြေအနေကတော့ ဆက်ပြင်းထန် လာဖို့ရှိတယ်”ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ဇူလှိုင်ပထမပတ်အတွင်း လွိုင်ကော်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့ရှိ  စစ်ကောင်စီ၏ ခြေကုပ်စခန်းများကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သား ၄၅ ဦးထက်မနည်းသေဆုံးကြောင်း ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် KNDFက သီးခြားထုတ်ပြန်ထားသည်။

ဖယ်ခုံမြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လက်နက် ကြီးများဖြစ် အလွန်အကျွံ့အသုံးပြု တိုက်ခိုက်ခဲ့ ခြင်း၊ သာလွန် စစ်ကူအင်အားတို့ဖြင့် ပိတ်ဆို့တိုက်ခိုက်ခြင်းတို့ကြောင့် ပူးပေါင်းတပ်ဘက်မှ ၁၁ဦးကျဆုံးခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

"သူများအိမ်တွေကိုချိပ်လိုက်ပိတ်နေရတာကို သာယာနေကြတဲ့ အာဏာရှင်ဒေါက်တိုင်တွေကို မြင်ရတာ ကျက်သ ရေမဲ့တယ်။ အချိန်တန်ရင် စစ်ကောင်စီ ဆင်းသွားရမှာကို သိသိကြီးနဲ့ ​လိုက်လုပ်နေကြတာ"ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

သတင်း

ယင်းတိုက်ခိုက်မှုကို FRF(CHU)တပ်ရင်းနှင့် မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA- စစ်ကိုင်းခရိုင်တပ်ရင်း ၅)တို့မှ တိုက်ခိုက်ခဲ့ပြီး Zarmini MMU (စစ်ကိုင်းခရိုင် တပ်ရင်း ၁) နှင့် Chaung U Revolution Army (CRA-1)တို့မှ ကူညီပံ့ပိုးပေးခဲ့ကြောင်း အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇူလိုင် ၁ရက်တွင်လည်း လေးကေ့ကော်ဒေသသို့ ဟောင်ဝစ်ဇာ လက်နက်ကြီးများ အချက်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ကော်ဘရာစစ်သည်များ ထိခိုက်မှုမရှိခဲ့ဟု ထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ ပစ်သတ်ခဲ့ခြင်းကို PDFလုပ်သယောင် မဟုတ်မမှန်ပြောကြားခြင်းသည် နှစ်နိုင်ငံ ပြည်သူများအကြား PDFအပေါ်အမြင်လွှဲမှားစေရန် စစ်​ကောင်စီကလုပ်ကြုံဖန်တီးခြင်းသာဖြစ်​ကြောင်း PDF(တမူး)ကတုံ့ပြန်သည်။