Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

●Market Place by City Mart ဘယ်ဘက်ကရပ်တည်မှာလဲ

Market place by City Mart ကတော့ ဒီနေ့မှာ မြန်မာ ပလာဇာမှာဆိုင်ခွဲကိုပိတ်ထားတာတွေ့ရပေမယ့် Market Place by City Mart Facebook page မှာတော့ ဆိုင်ပိတ်မယ့်အကြောင်း အတိအလင်းကြေငြာထားတာကိုမတွေ့ရ​သေးပါဘူး။

မနေ့က မြန်မာပလာဇာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ လူငယ်တွေကို လုံခြုံရေးဝန်ထမ်းတွေက ထိုးကြိတ်ဖမ်းဆီးခဲ့ပြီးတဲ့နောက် အဲဒိမှာ ဖွင့်ထားတဲ့ဆိုင်တော်တော်များများက ပြည်သူ့ဘက်ကရပ်တည်ပြီး သူတို့တွေရဲ့ဖေ့စ်ဘွတ်ခ်ပေ့ခ်ျတွေမှာ မြန်မာပလာဇာမှာဖွင့်ထားသည့်ဆိုင်တွေကို ရပ်ဆိုင်းမယ်လို့ ကြေညာချက်တွေညတွင်းချင်း ရဲရဲဝံ့ဝံ့ထုတ်ခဲ့ပါတယ်။

Market place by City Mart ကတော့ ဒီနေ့မှာ မြန်မာ ပလာဇာမှာဆိုင်ခွဲကိုပိတ်ထားတာတွေ့ရပေမယ့် Market Place by City Mart Facebook page မှာတော့ ဆိုင်ပိတ်မယ့်အကြောင်း အတိအလင်းကြေငြာထားတာကိုမတွေ့ရ​သေးပါဘူး။ နိုဝင်ဘာငါးရက်နေ့ကစပြီး ညခုနစ်နာရီအထိ Market Place by Golden Valley, 6.5 mile, Myanmar Plaza ဆိုင်တွေကိုတိုးချဲ့ဖွင့်လှစ်ပါတယ်ဆိုတာကိုပဲ page ရဲ့ ထိပ်ဆုံး pin post မှာတင်ထားပါတယ်။ အဲဒီ ကြေညာချက်ရဲ့အောက်မှာ ပြည်သူတွေကမြန်မာပလာဇာ city mart ကဘယ်ဘက်ကရပ်မှာလဲ၊ ပြည်သူတွေအနေနဲ့အတူမရပ်တည်ရင် city mart ဆိုင်ခွဲတွေအားလုံးကိုပါ သပိတ်မှောက်မယ် စသည်ဖြင့်ဝင်ရေးနေကြပါတယ်။ ခုချိန်ထိတော့ city mart ဘက်ကပြည်သူတွေရဲ့မေးမြန်းချက်တွေကိုဘာမှတုံ့ပြန်ထားတာမတွေ့ရသေးပါဘူး။

အောက်မှာပေးထားတာကတော့ Market Place by City Mart ရဲ့ link ပါ

https://m.facebook.com/marketplacebycitymart/

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like