Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မိခင်ဖြစ်သူ ဒေဝါလီခံရတာနဲ့ ပတ်သက်ပြီး အာဘေးကို ရန်ငြှိုးဖွဲ့ခဲ့ကြောင်း လုပ်ကြံသူ ထွက်ဆို

တရားခံဟာ အာဘေးကို မပစ်ခတ်ခင် ဗုံးခွဲမှုတစ်ခု စီစဉ်ခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့တာလို့လည်း ဂျပန် သတင်းဌာန NHKက ဆိုပါတယ်။ ယာမာဂါမီက သူဟာ သံမဏိ ပိုက်တွေကို အွန်လိုင်းကနေ မှာယူပြီး တိပ်တွေနဲ့ ပတ်ထားတဲ့ လက်လုပ်သေနတ်ကို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

မိခင်ဖြစ်သူ ဒေဝါလီ ခံရတာနဲ့ ပတ်သက်ပြီး အာဘေးကို ရန်ငြှိုးဖွဲ့ခဲ့ကြောင်း လုပ်ကြံသူ ထွက်ဆို
မိခင်ဖြစ်သူ ဒေဝါလီ ခံရတာနဲ့ ပတ်သက်ပြီး အာဘေးကို ရန်ငြှိုးဖွဲ့ခဲ့ကြောင်း လုပ်ကြံသူ ထွက်ဆို

ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို ပစ်သတ်ခဲ့တဲ့ တရားခံဟာ မိခင်ဖြစ်သူ ဒေဝါလီ ခံလိုက်ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အငြှိုးထား လုပ်ကြံခဲ့တာလို့ သိရပါတယ်။

ဂျပန်နိုင်ငံ သမိုင်းမှာ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ အာဘေးဟာ ဇူလိုင် ၈ ရက်က နာရာမြို့၊ မဲဆွယ်ပွဲ တစ်ခုမှာ မိန့်ခွန်းပြောနေတုန်း လူတစ်ယောက်ရဲ့ ပစ်ခတ်မှုကြောင့် အပြင်းအထန် ဒဏ်ရာ ရခဲ့ပါတယ်။ သူ့ကို နာရာမြို့က တက္ကသိုလ် ဆေးရုံကို ချက်ချင်း တင်ပို့ခဲ့ပေမယ့် နာရီပိုင်း အကြာမှာတော့ ကွယ်လွန်သွားခဲ့ပါတယ်။

အာဘေးကို လက်လုပ်သေနတ် တစ်လက်နဲ့ ပစ်ခတ်ခဲ့တာဟာ အလုပ်လက်မဲ့ တစ်ဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် တက်ဆူယာ ယာမာဂါမီဆိုတဲ့ အမျိုးသားလို့ နာရာမြို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေမှာတော့ ယာမာဂါမီဟာ မိန့်ခွန်းပြောနေတဲ့ အာဘေးနား မလှမ်းမကမ်းထိ သွေးအေးအေးနဲ့ ချဉ်းကပ်သွားပြီး သေနတ်နဲ့ နှစ်ချက် လှမ်းပစ်ခဲ့တာ တွေ့ရပါတယ်။

ပထမ တစ်ချက်ဟာ လွဲချော်သွားဟန် ရှိပေမယ့် ဒုတိယ ကျည်ဆန်ကတော့ အာဘေးကို တည့်တည့် ထိမှန်ပြီး သွေးအလူးလူးနဲ့ လဲကျသွားစေခဲ့ပါတယ်။ ယာမာဂါမီကို အခင်းဖြစ်ရာ နေရာမှာပဲ ကိုယ်ရံတော် အဖွဲ့တွေက ဝိုင်းဝန်း ဖမ်းဆီးခဲ့ပါတယ်။ ၄၀ စင်တာမီတာလောက် ရှည်လျားပြီး တိပ်အမည်းနဲ့ ပတ်လာတဲ့ လက်လုပ် သေနတ်ကိုလည်း သိမ်းဆည်း ရမိခဲ့ပါတယ်။

တက်ဆူယာ ယာမာဂါမီဆိုတဲ့ အမျိုးသား တစ်ဦးဟာ ဂျပန် ပြည်စောင့်တပ်ရဲ့ ရေတပ်ဖွဲ့မှာ အမှုထမ်းခဲ့ဖူးကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပြီး ရေတပ်က ဒီကိစ္စကို ငြင်းဆိုခြင်း မရှိပါဘူး။ ဒါကြောင့် ယာမာဂါမီဟာ စစ်မှုထမ်းဖူးပြီး သေနတ်တွေကို ကိုင်တွယ်တတ်တဲ့ အတွေ့အကြုံ ရှိတယ်လို့ ယူဆရပါတယ်။ ပြီးတော့ အိမ်နီးချင်းတွေနဲ့လည်း ရောရောနှောနှော မနေပါဘူး။ သူဟာ လုပ်ကြံမှုကို တစ်ကိုယ်တော် ကျူးလွန်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။

သူက အာဘေးဟာ သူ့မိခင်ဖြစ်သူ ဒေဝါလီ ခံရတဲ့အထိ အယုံသွင်း လှည့်စားသွားတဲ့ ဘာသာရေး ဂိုဏ်းတစ်ခုကို ထောက်ခံ အားပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အာဘေး အားပေး အားမြှောက် လုပ်နေတဲ့ ဘာသာရေးဂိုဏ်းကြောင့် သူ့အမေ လူမွဲဖြစ်သွားရတဲ့အပေါ် အကြီးအကျယ် မခံမရပ်နိုင် ဖြစ်ခဲ့မိတယ်လို့ သူက ရဲတွေဆီ ထွက်ဆိုခဲ့ကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။ ရဲတပ်ဖွဲ့ကတော့ တရားခံရဲ့ ထွက်ချက်နဲ့ ပတ်သက်တဲ့ သတင်းတွေအပေါ် အတည်ပြုချက် မပေးခဲ့ပါဘူး။

ဂျပန်မှာ သေနတ် ကိုင်ဆောင်ခွင့်တွေကို အလွန်အမင်း တင်းကျပ်ထားပြီး သေနတ်ကိုင် မှုခင်းတွေ ဆိုတာလည်း ဖြစ်တောင့်ဖြစ်ခဲလို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် လူမြင်ကွင်းမှာ နာမည်ကျော် နိုင်ငံရေးသမား တစ်ယောက် ပစ်သတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းဟာ တစ်နိုင်ငံလုံးကို အံ့ဩတုန်လှုပ် သွားစေခဲ့ပါတယ်။

အခု လုပ်ကြံမှုနဲ့ ဆက်စပ်နေတဲ့ ဘာသာရေးဂိုဏ်း ဆိုတာကလည်း ဘယ်အသင်းအဖွဲ့မှန်း မီဒီယာတွေက မဖော်ပြကြပါဘူး။ တရားခံဟာ အာဘေးကို မပစ်ခတ်ခင် ဗုံးခွဲမှုတစ်ခု စီစဉ်ခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့တာလို့လည်း ဂျပန် သတင်းဌာန NHKက ဆိုပါတယ်။ ယာမာဂါမီက သူဟာ သံမဏိ ပိုက်တွေကို အွန်လိုင်းကနေ မှာယူပြီး တိပ်တွေနဲ့ ပတ်ထားတဲ့ လက်လုပ်သေနတ်ကို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

အခုအခါမှာတော့ အာဘေးရဲ့ ရုပ်အလောင်းဟာ နာရာကနေ တိုကျို မြို့တော်ကို ပြန်ရောက်လာပြီး နာရေးကိစ္စအတွက် စီစဉ်နေပြီ ဖြစ်ပါတယ်။ သူဟာ ကျည်ဆန်ထိမှန် လဲကျသွားချိန် ကတည်းက အသက်ရှင်တဲ့ လက္ခဏာတွေ မတွေ့ရတော့ပေမယ့် ဆေးရုံမှာ ဆရာဝန်တွေက အစွမ်းကုန် ကြိုးစား ကုသကြည့်ခဲ့ကြပါသေးတယ်။ သွေးထွက် လွန်နေတဲ့ အာဘေးကို သွေးပုလင်းပေါင်း ၁၀၀ လောက် သွင်းခဲ့သလို နှလုံးပြန်နှိုးဖို့ အားထုတ်မှုတွေလည်း မအောင်မြင်ခဲ့ပါဘူး။ သူကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်အရွယ် ရှိနေပါပြီ။ သူဟာ ၂၀၂၀ ပြည့်နှစ် ကုန်ပိုင်းက ကျန်းမာရေး အကြောင်းပြချက်ကြောင့် ဂျပန် ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

နိုင်ငံတကာ

အာဘေးဟာ ဂျပန်နိုင်ငံ သမိုင်းမှာတော့ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်း တင်ခဲ့ပါတယ်။ သူဟာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှာတော့ ကျန်းမာရေး ကိစ္စကို အကြောင်းပြပြီး ရာထူးက အနားယူသွားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

မျက်မြင် တစ်ယောက်ကတော့ သူ့နောက်ကနေ လူတစ်ယောက်ဟာ အရွယ်အစား ကြီးမားတဲ့ သေနတ်နဲ့ လှမ်းပစ်ခဲ့တာလို့ ပြောပါတယ်။ ပထမ တစ်ချက်က လွဲသွားပေမယ့် ဒုတိယ တစ်ချက်မှာတော့ အာဘေးကို တည့်တည့် ထိမှန်ပြီး သွေးအိုင်ထဲ လဲကျသွားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်မှာ ထုတ်လုပ်တဲ့ Kia Pride အမျိုးအစား ကားလေးထဲမှာ ခိုဒေအီ ရှိနေတဲ့အချိန် ဆိုင်ကယ်စီး သေနတ်သမားတွေက ပစ်ခတ်သွားခဲ့တာပါ။ ခိုဒေအီဟာ တော်လှန်ရေး အစောင့်တပ်ရဲ့ ထိပ်တန်း အထူးတပ်ဖွဲ့ဖြစ်တဲ့ ကွက်ဒ်စ်မှာ ပါဝင်သူ တစ်ဦးလို့လည်း ဆိုပါတယ်။

News

ဒီကနေ့ မတ်လ ၈ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့တာပါ။