Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပင်းတယမြို့မရဲစခန်းဟောင်း တိုက်ခိုက်ခံရ

“ဒီညနေ ၄နာရီ ခွဲလောက်က ပစ်သွားတာ။ ထိခိုက်မှုရှိ၊မရှိတော့ မသိရသေးဘူး။ စခန်းကတော့ မြို့နယ်မှူးရော ရဲတွေပါနေတဲ့ လိုင်းခန်းပဲ”ဟု ပင်းတယမြို့ခံတစ်ဦးကပြောသည်။

ပင်းတယမြို့
ပင်းတယမြို့

ရှမ်းပြည်နယ်​တောင်ပိုင်း ပင်းတယမြို့မရဲစခန်းဟောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က သေနတ် ပစ် ခတ်တိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

ပင်းတယမြို့တွင် မြို့မရဲစခန်းအသစ်နှင့် အဟောင်းနှစ်ခုရှိပြီး အဟောင်းကို ပစ်ခတ်သွားခြင်းဖြစ်သည်။

“ဒီညနေ ၄နာရီ ခွဲလောက်က ပစ်သွားတာ။ ထိခိုက်မှုရှိ၊မရှိတော့ မသိရသေးဘူး။ စခန်းကတော့ မြို့နယ်မှူးရော ရဲတွေပါနေတဲ့ လိုင်းခန်းပဲ”ဟု ပင်းတယမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ပင်းတယမြို့မ ရဲစခန်းဟောင်းတွင် အချုပ်သားအချို့ထားရှိပြီး ရဲဝန်ထမ်းအိမ်ယာလည်း ရှိနေသည်။ ယနေ့ နံနက်က ပင်းတယ – ရွာငံလမ်းတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတင်းကြပ်ထားသည့်ကြားထဲမှ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ယနေ့နံနက်ပိုင်း ပင်းတယ – ရွာငံလမ်းကြားတိုက်ခိုက်မှုသည် ဓနုဒေသဦးစီးဥက္ကဌ ဦးအာကာလင်းကို ဦးတည်တိုက်ခိုက်ခြင်း ဖြစ်သည်။ ဦးအာကာလင်းသည် စစ်​ကောင်စီတပ်ယာဥ်တန်းနှင့်အတူ လိုက်ပါလာခဲ့သော် လည်း လွတ်မြောက်သွားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့နှင့် ရွာငံပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ညနေပိုင်းက ပင်းတယမြို့မ ရဲစခန်းဟောင်းအား တိုက်ခိုက်သည့်အဖွဲ့ကို မသိရသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

"စစ်ကောင်စီရှာနေတဲ့ တပ်ပေါင်းစုဆိုတာ ကျေးရွာတွေမှာ ရှိတာမဟုတ်ဘူး။ မြို့ပေါ်မှာ ခင်ဗျားတို့ အနီးနားမှာရှိတယ်ဆိုတာ သိစေလိုပါတယ်။"ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

သတင်း

သေဆုံးမှုအခြေအနေများအား မြေပြင်ရဲဘော်များနှင့် ဖရဲသီး(စစ်ကောင်စီ၏ သတင်းများပြန်လည်ပေးပို့နေသူ)များ၏ ပေးပို့ချက်အရ သိရှိရသည်ဟု ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့က ပြောသည်။

သတင်း

ယနေ့ (ဇူလိုင် ၁၀ရက်) နေ့လည် ၁၂နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသေဆုံးမှု အခြေအနေကို ဖော်ပြမထားပေ။

သတင်း

"ဒီနေ့ အင်းတော်မှာ ပွဲစည်သွားတယ်။ စစ်ကောင်စီဘက်က တော်တော်အထိနာသွားတယ်။ ဆေးရုံကားတွေ တဝီဝီနဲ့ ခွေးပြေးဝက်ပြေး ပြေးနေကြတာ တွေ့တယ်"ဟု အင်း​တော်​ဒေသခံတစ်ဦးကလည်း​ပြောသည်။