Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာတွင် စစ်ကောင်စီတပ်သတင်းပေး ပျူစောထီးအဖွဲ့ဝင် စည်ပင်အရာရှိကို ပစ်ခတ်ရှင်းလင်း

ယနေ့ (သြဂုတ် ၁ရက်) နံနက် ၇နာရီဝန်းကျင်က အဆိုပါ စည်ပင်အရာရှိအား မုံရွာမြို့ပေါ်ရပ်ကွက် တစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(မုံရွာမြို့တွင်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ- Cj)
(မုံရွာမြို့တွင်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ- Cj)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကိုဝေမိုးနိုင်အပါအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူ များအား ဖမ်းဆီးရန် သတင်းပေးခဲ့သူဟု ဆိုသည့် စည်ပင်အရာရှိတစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်၊ မုံရွာတပ်ခွဲ PGFက သတင်း ထုတ်ပြန်သည်။

ယနေ့ (သြဂုတ် ၁ရက်) နံနက် ၇နာရီဝန်းကျင်က အဆိုပါ စည်ပင်အရာရှိအား မုံရွာမြို့ပေါ်ရပ်ကွက် တစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဦးသုခဟုအမည်ရသည့် သေဆုံးသူ စည်ပင်အရာရှိသည် မုံရွာမြို့သပိတ် ဦးဆောင်သူ ကိုဝေမိုးနိုင် အားဖမ်းဆီးရန် သတင်းပေးခြင်း၊ ချမ်းမြဝတီရပ်ကွက်၊ ရတနာပုံရပ်ကွက်၊ ဘုန်းဆိုးရပ်ကွက်များရှိ ရဲဘော်များအား ဖမ်းဆီးရန်သတင်းပေးခြင်း၊ အကြမ်းဖက်စစ်ကောင်စီတပ် အစစ်အဆေးရှိသည့် နေရာများအထိ လိုက်လံသတင်းပေးသော ပျူစောထီးအဖွဲ့ဝင်တစ်ဦးပါဖြစ်နေ၍ သုတ်သင်ရှင်းလင်း ခဲ့ကြောင်း မြန်မာ့တော်ဝင် နဂါးတပ်တော်၊ မုံရွာတပ်ခွဲ PGF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ မြန်မာ့တော်ဝင် နဂါးတပ်တော်၊ မုံရွာတပ်ခွဲ PGFထံ ဆက်သွယ်မေးမြန်း ထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

စစ်ကောင်စီတပ်က မုံရွာမြို့တွင် ပြည်သူများ ဆိုင်ကယ်နှစ်ယောက်ပိုးမစီးရန် အဓမ္မတားမြစ် ထားပြီး ယနေ့နံနက်ပိုင်းကလည်း မြို့ပေါ်နေရာအနှံ့စစ်ဆေးနေ ကြောင်း မြို့ခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်အုပ်စုရဲ့သတင်းဖြန့်ချက်အရ မဟာအောင်မြေမြို့နယ် ထွေအုပ်ရုံးမှာ အခမ်းအနားလုပ်ပြီး လက်နက် တပ်ပေးခဲ့တာလို့သိရပါတယ်။

သတင်း

ဇူလိုင်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၂၁)ကြိမ်တိုက်ခိုက်ခဲ့ပြီး လက် နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦးသေဆုံးခဲ့ကာ စစ်ကြောင်းထိုးစဥ် ပြည်သူနေအိမ် တစ်လုံးကို မီးရှို့ဖျက်စီးခဲ့ကြောင်း အသိပေးသည်။

သတင်း

အောင်မြေသာစံမြို့နယ် မြောက်ပြင်ရပ် ၈၆ လမ်းနဲ့ ၈ လမ်းမှာရှိတဲ့နေအိမ်ကို ဝင်စီးကာ လူငယ် ၁၀ ဦးခန့်ဖမ်းဆီးသွားတာလို့ သိရပါတယ်။

သတင်း

ဇူလိုင် ၁၉ရက်ကလည်း ရေးမြို့နယ် ချောင်းတောင်ကျေးရွာတံတားရှိ စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်