Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယားတပ်တွေ လှုပ်ရှားဖို့ အသင့်ဖြစ်နေကြောင်း ကင်မ်ဂျုံအန်း ကြွေးကြော်

တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံကြား ၃ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ကျွန်းဆွယ်စစ်ပွဲဟာ ၁၉၅၃ ခုနှစ်၊ ဇူလိုင် ၂၇ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။ အိမ်နီးချင်း နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမထားတာကြောင့် ဒီကနေ့ထိ စစ်ဖြစ်နေကြဆဲလို့ သတ်မှတ်နိုင်ပါတယ်။

မြောက်ကိုရီးယား နျူကလီးယားတပ်တွေ လှုပ်ရှားဖို့ အသင့်ဖြစ်နေကြောင်း ကင်မ်ဂျုံအန်း ကြွေးကြော်
မြောက်ကိုရီးယား နျူကလီးယားတပ်တွေ လှုပ်ရှားဖို့ အသင့်ဖြစ်နေကြောင်း ကင်မ်ဂျုံအန်း ကြွေးကြော်

မြောက်ကိုရီးယားရဲ့ နျူကလီးယား အထူးတပ်ဖွဲ့တွေ ရွေ့လျားဖို့ အသင့်ဖြစ်နေကြောင်း နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းက ကြွေးကြော်လိုက်ပါတယ်။

မြောက်ကိုရီးယား အနေနဲ့ သတ္တမမြောက် နျူကလီးယားလက်နက် စမ်းသပ် ဖောက်ခွဲမှုတစ်ခု ပြုလုပ်လာနိုင်ကြောင်း စိုးရိမ်တကြီး ခန့်မှန်းမှုတွေ ထွက်ပေါ်နေချိန်မှာ ကင်မ်က အခုလို ပြောဆိုခဲ့တာပါ။ ကိုရီးယား ကျွန်းဆွယ် စစ်ပွဲ ပြီးဆုံးမှု နှစ်ပတ်လည်နေ့ အခမ်းအနား မိန့်ခွန်းမှာ ကင်မ်က မြောက်ကိုရီးယား အနေနဲ့ အမေရိကန် အပါအဝင် ဘယ်လို နိုင်ငံနဲ့မဆို စစ်ခင်းတိုက်ခိုက်နိုင်ဖို့ အပြည့်အဝ အဆင်သင့် ဖြစ်နေပြီလို့ ပြောကြားခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံကြား ၃ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ကျွန်းဆွယ်စစ်ပွဲဟာ ၁၉၅၃ ခုနှစ်၊ ဇူလိုင် ၂၇ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။ အိမ်နီးချင်း နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမထားတာကြောင့် ဒီကနေ့ထိ စစ်ဖြစ်နေကြဆဲလို့ သတ်မှတ်နိုင်ပါတယ်။

မြောက်ကိုရီးယားဟာ နောက်ဆုံးအကြိမ် နျူကလီးယားလက်နက် စမ်းသပ်မှုကို ၂၀၁၇ မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာလည်း မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်မှုတွေကို အံ့ဩစရာ အရေအတွက်မျိုးထိ အရှိန်မြှင့် အကောင်အထည် ဖော်နေပြန်ပါတယ်။ မနှစ်က တစ်နှစ်လုံးမှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှု ၂၅ ကြိမ်သာ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ နှစ်ကုန်ဖို့ ၅ လ လိုသေးတာတောင် ၃၁ ကြိမ် တွေ့ရှိခဲ့ပြီးပြီလို့ အမေရိကန် အစိုးရရဲ့ မြောက်ကိုရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် ဆွမ်ကင်မ်က ပြောကြားခဲ့ပါတယ်။

ကျွန်းဆွယ်စစ်ပွဲမှာ အပစ်အခတ် ရပ်စဲလိုက်တာ ဖြစ်ပေမယ့် မြောက်ကိုရီးယားကတော့ တောင်ကိုရီးယားကို ထောက်ခံပေးနေတဲ့ အမေရိကန်အပေါ် စစ်နိုင်ခဲ့တာလို့ ကြွေးကြော်ပြီး အမျိုးသား အောင်ပွဲနေ့အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီနေ့မှာ စစ်ရေးပြ ချီတက်ပွဲတွေ၊ မီးရှူးမီးပန်း ပစ်ဖောက်မှုတွေ၊ ပွဲလမ်းသဘင် အခမ်းအနားတွေ ကျင်းပလေ့ ရှိပါတယ်။

မြောက်ကိုရီးယား အနေနဲ့ အမေရိကန်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကို တွန်းလှန်ဖို့အတွက် ကိုယ့်လက်နက်တိုက်ကိုယ် အားဖြည့်ဖို့သာ ရွေးချယ်စရာ ရှိတော့ကြောင်း အခမ်းအနား မိန့်ခွန်းမှာ ကင်မ်က ထည့်သွင်း ပြောဆိုသွားပါတယ်။

တောင်ကိုရီးယားမှာ မြောက်ပိုင်း ပြိုင်ဘက် နိုင်ငံနဲ့ ပတ်သက်လို့ ပိုပြီး သဘောထား တင်းမာတဲ့ သမ္မတသစ် အာဏာရလာချိန် မြောက်ကိုရီးယားကပါ နျူကလီးယားလက်နက် စမ်းသပ်လာရင် ဒေသတွင်း တင်းမာမှုတွေ ဆိုးဆိုးရွားရွား အနေအထား ဖြစ်သွားနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

တစ်ဖက်မှာလည်း ကင်မ်အနေနဲ့ မြောက်ကိုရီးယားဟာ စစ်ပွဲအတွက် အဆင်သင့် ဖြစ်နေပါပြီလို့ ဘယ်လိုပဲ ကြုံးဝါးနေပါစေ၊ ပြည်တွင်း အကျပ်အတည်းတွေကြောင့် ဒီအခြေအနေဟာ လက်ခံရ ခက်ခဲတယ်ဆိုတဲ့ ဝေဖန် ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ မြောက်ကိုရီးယားဟာ နိုင်ငံတကာ ပိတ်ဆို့မှုတွေကြောင့် စီးပွားရေး အကြီးအကျယ် ကျပ်တည်းနေတဲ့အပြင် ကပ်ရောဂါဆိုး ကူးစက်မှုတွေကြောင့်လည်း ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ယွန်က မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ တိုက်ချင်းပစ် ဒုံးကျည် နည်းပညာတွေကို ထိထိရောက်ရောက် တုံ့ပြန်နိုင်မယ့် စစ်ရေးအင်အားနဲ့ အစီအမံတွေ လုပ်ဆောင်ထားဖို့ တောင်ကိုရီးယား စစ်ဗိုလ်ချုပ်တွေကို တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ဒီအဆိုဟာ မကြာသေးခင်က အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန် စစ်တပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့တဲ့ ကိစ္စတွေကို ရည်ညွှန်းထားတာဖြစ်ပြီး ဒီလို လေ့ကျင့်မှုတွေဟာ ရန်လို ခြိမ်းခြောက်မှုတွေလို့ မြောက်ကိုရီးယားက ယူဆလေ့ ရှိပါတယ်။

နိုင်ငံတကာ

ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အကြောင်းပြုပြီး ရုရှားဟာ အနောက်အုပ်စု နိုင်ငံတွေနဲ့ ဆက်ဆံရေး အတင်းမာဆုံး အနေအထားကို ရောက်နေပါတယ်။

နိုင်ငံတကာ

ဒီအတောအတွင်း တောင်ကိုရီးယား စစ်ထောက်လှမ်းရေးကလည်း မြောက်ကိုရီးယားဟာ ၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် နျူကလီးယားဗုံးတစ်လုံး စမ်းသပ် ဖောက်ခွဲဖို့ စီစဉ်နေတယ်လို့ ယုံကြည်ရကြောင်း ပြောကြားထားပါတယ်။