Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်ဝမ်ကို အမေရိကန် လွှတ်တော် ဥက္ကဋ္ဌ လေယာဉ် ရောက်လာရင် ပစ်ချသင့်တယ်လို့ တရုတ် ဝါဒဖြန့် အရာရှိပြော

နိုင်ငံတကာရေးရာ လေ့လာသူတွေက တကယ်သာ ထိုင်ဝမ်မြေမှာ ပလော့စီက ခြေချလိုက်ပြီဆိုရင် တရုတ်နဲ့ အမေရိကန်ကြားက တင်းမာမှုဟာ အဆိုးတကာ့ အဆိုးဆုံး အဆင့်မျိုး ရောက်သွားနိုင်ကြောင်း သတိပေးထားပါတယ်။ လက်ရှိ အခြေအနေမှာတောင် နှစ်နိုင်ငံ ဆက်ဆံရေးဟာ ဆယ်စုနှစ်တွေ တော်တော်များများအတွင်း အအေးခဲဆုံး အနေအထားဆီ ဦးတည်နေပါတယ်။

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီ
အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီ

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီသာ အမေရိကန် လေတပ် အစောင့်အရှောက်နဲ့ ထိုင်ဝမ်ကို ရောက်ရှိလာမယ်ဆိုရင် တရုတ်က ကြားဖြတ် ပစ်ချပိုင်ခွင့် ရှိတယ်လို့ တရုတ် အစိုးရရဲ့ ထိပ်တန်း ဝါဒဖြန့်ချိရေး အရာရှိ တစ်ဦးက ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

ပလော့စီရဲ့အာရှ ခရီးစဉ်မှာ အငြင်းပွားဖွယ် အခြေအနေ တစ်ခုအဖြစ် ထိုင်ဝမ်ကို သွားရောက်တာမျိုးလည်း ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ထိုင်ဝမ်ဟာ ဒီမိုကရေစီ ထွန်းကားပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မြို့ပြနိုင်ငံ တစ်ခုအဖြစ် ရပ်တည်လိုပေမယ့် တရုတ်က ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။

အမေရိကန် အစိုးရ အစဉ်အဆက်ဟာ ထိုင်ဝမ်အရေးမှာ တရုတ်နဲ့ တင်းတင်းမာမာ ထိပ်တိုက်တွေ့ဆုံတာမျိုး မဖြစ်အောင် ရှောင်ရှားခဲ့ပေမယ့် သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာတော့ ထိုင်ဝမ်နဲ့ ထိတွေ့ ဆက်ဆံမှုတွေကို ပိုမို မြှင့်တင်လာခဲ့ပါတယ်။ တကယ်လို့သာ ပလော့စီသာ ထိုင်ဝမ်ကို အမှန်တကယ် သွားရောက်ခဲ့မယ်ဆိုရင် ဒါဟာ အမေရိကန် အနေနဲ့ အရှေ့အာရှ ဒေသက ကျွန်းနိုင်ငံငယ်လေးရဲ့ အမှီအခိုကင်းပြီး သံတမန်ရေးရာ လွတ်လပ်ခွင့်ကို အသိအမှတ် ပြုလိုက်တဲ့ သဘောမျိုးလည်း သက်ရောက်နေပါတယ်။

တရုတ် အစိုးရပိုင် Global Times သတင်းစာရဲ့ အယ်ဒီတာချုပ် ဟူရှီကျင်းက အမေရိကန် တိုက်လေယာဉ်တွေသာ ပလော့ဆီရဲ့ လေယာဉ်ကို ခြံရံပြီး ထိုင်ဝမ်ကို ရောက်လာမယ်ဆိုရင် ဒါဟာ ကျူးကျော်မှု တစ်ခုလို့ သတ်မှတ် ယူဆနိုင်ကြောင်း၊ တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ် အနေနဲ့ ဒီအခြေအနေမှာ ပလော့ဆီရဲ့ လေယာဉ်ရယ်၊ အမေရိကန် တိုက်လေယာဉ်တွေရယ်ကို သတိပေး ပစ်ခတ်တာမျိုး အပါအဝင် သတ်မှတ် စံနှုန်းတွေနဲ့အညီ ဖိအားပေးပြီး လမ်းကြောင်းပြောင်းခွင့် ရှိကြောင်း၊ ဒါတောင်မှ မလိုက်နာဘူး ဆိုရင်တော့ ပစ်ချပိုင်ခွင့်ပါ ရှိသွားပြီဖြစ်ကြောင်း Twitterမှာ ရေးသားခဲ့ပါတယ်။ အခုတော့ Twitterက အဲဒီပို့စ်ကို ဖယ်ရှားလိုက်ပါပြီ။

Guardian သတင်းစာက ဟူဟာ တရုတ်ရဲ့ အထင်ရှားဆုံး ဝါဒဖြန့်ချိရေးသမား တစ်ယောက်လို့ ဖော်ပြထားပါတယ်။ ဟူက Global Timesမှာ ပင်တိုင် ဆောင်းပါးတွေ ရေးသားလေ့ ရှိသလို သတင်းစာရဲ့ ပါတီ အတွင်းရေးမှူး ရာထူးကိုပါ ရယူထားပြန်ပါတယ်။ တရုတ် အစိုးရရဲ့ နိုင်ငံတကာ ပုံရိပ်မြှင့်တင်ဖို့ အားထုတ်မှု အသစ်တွေမှာ ဟူရဲ့ အခန်းကဏ္ဍက ကြီးကြီးမားမား ပါဝင်နေတယ်လို့လည်း Guardianက ဆိုပါတယ်။

ပလော့စီရဲ့ ရုံးအဖွဲ့ကတော့ အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ ခရီးစဉ် ရေးဆွဲမှုမှာ ထိုင်ဝမ် ပါမပါ ဆိုတာကို အတည်ပြုဖို့ ငြင်းဆိုထားပါတယ်။ အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီကတော့ အမေရိကန် အစိုးရဟာ ထိုင်ဝမ်နဲ့ တရုတ်ကို တပေါင်းတစည်းတည်းအဖြစ် သတ်မှတ်ထားတဲ့ One China မူဝါဒကို ဆက်လက် လေးစားနေမှာ ဖြစ်တယ်လို့ မှတ်ချက် ပေးထားပါတယ်။

နိုင်ငံတကာရေးရာ လေ့လာသူတွေက တကယ်သာ ထိုင်ဝမ်မြေမှာ ပလော့စီက ခြေချလိုက်ပြီဆိုရင် တရုတ်နဲ့ အမေရိကန်ကြားက တင်းမာမှုဟာ အဆိုးတကာ့ အဆိုးဆုံး အဆင့်မျိုး ရောက်သွားနိုင်ကြောင်း သတိပေးထားပါတယ်။ လက်ရှိ အခြေအနေမှာတောင် နှစ်နိုင်ငံ ဆက်ဆံရေးဟာ ဆယ်စုနှစ်တွေ တော်တော်များများအတွင်း အအေးခဲဆုံး အနေအထားဆီ ဦးတည်နေပါတယ်။

လူဦးရေ ၂၃ သန်းရှိတဲ့ ထိုင်ဝမ်ဟာ ၁၉၄၇ ခုနှစ်မှာ တရုတ် အစိုးရဆီက ခွဲထွက်ပြီး ဒီမိုကရေစီ ထွန်းကားတဲ့ မြို့ပြနိုင်ငံ တစ်ခုအနေနဲ့ စတင် ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ် အထိတော့ ပလော့စီရဲ့ ထိုင်ဝမ် ခရီးစဉ် ဖြစ်မြောက်မလား ဆိုတာက ပဟေဠိ ဆန်နေဆဲပါ။ ပလော့စီသာ ထိုင်ဝမ်ကိုသွားဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် လုံခြုံရေး အားဖြည့်ပေးဖို့ စစ်လေယာဉ်တွေနဲ့ ရေတပ် သင်္ဘောတွေ ထိုင်ဝမ် ရေလက်ကြားဆီ စေလွှတ်ဖို့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က စီစဉ်ထားပါတယ်။

တကယ်လို့ ပလော့စီသာ တရုတ် ကမ်းရိုးတန်းနဲ့ မိုင် ၁၀၀ လောက်သာ ဝေးကွာတဲ့ ထိုင်ဝမ်ကို အမှန်တကယ် သွားရောက်ခဲ့မယ်ဆိုရင် ထိုင်ဝမ်ကို ရောက်လာဖူးသမျှ အဆင့်အမြင့်ဆုံး အမေရိကန် အစိုးရ အရာရှိ အနေနဲ့ မှတ်တမ်းဝင်မယ်လို့လည်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဆန္ဒပြသူများက ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင် အင်္ကျီများ ဝတ်ဆင်၍ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ​ကိုအောင်သူရဇော် တို့၏ ရုပ်ပုံများနှင့် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

သတင်း

“မိုင်းပေါက်ကွဲတဲ့အချိန်ကို အမိအရ ဓာတ်ပုံရိုက်ထားတာ၊ ဒါကမျိုးက အချိန်ကိုက်ရိုက်ရတာကို ဓာတ်ပုံရိုက်သူတိုင်းသိပါတယ်။ မိုင်းခွဲမယ်အချိန်နဲ့ ဓာတ်ပုံရိုက်ချိန် ချိန်သားကိုက်မှ ဒီလိုမျိုးပုံရတာ”ဟု ဝါရင့် ဓာတ်ပုံဆရာတစ်ဦး က မှတ်ချက်ပေးသည်။

နိုင်ငံတကာ

ရာထူးက နုတ်ထွက်တော့မယ့် လက်ရှိ ဝန်ကြီးချုပ် မူစတာဖာ ခါဒီမီကလည်း ဂရင်းဇုန်ထဲ စည်းမဲ့ကမ်းမဲ့ ဝင်ရောက်လာတဲ့ ဆန္ဒပြသူတွေကို ရှုတ်ချခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ ဥပဒေ စည်းမျဉ်းတွေနဲ့အညီ လိုအပ်သလို တုံ့ပြန်သွားမယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

စစ်တပ်မအရာရှိ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးအပါအဝင် အခြားအဆင့်၂ဦး စုစုပေါင်း (၄)ဦးသေဆုံးခဲ့ပြီး MA3 (၁)လက်၊ပစ္စတို(၁)လက်၊ စကားပြောစက်(၁)လုံး၊ ဖုန်း(၄)လုံး နှင့် မှတ်ပုံတင် (၁)ခု သိမ်းဆည်းရမိခဲ့​ကြောင်း​ဖော်ပြထားသည်။