Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဂျပန်က မြို့တစ်မြို့မှာ တောမျောက်ရိုင်းတွေ သောင်းကျန်းတဲ့ဒဏ် ခံနေရ

မျောက်ရိုင်းတွေ ဖြစ်ပေမယ့် အရမ်းပါးနပ်သလို သူတို့ ရန်ပြုမယ့် ပစ်မှတ်ကိုလည်း အသေအချာ ရွေးချယ်ပြီးမှ အနောက်ဖက်ကနေ အလစ် ဝင်တိုက်ခိုက်လေ့ရှိကြောင်း မြို့တော်ဝန်ရုံး အရာရှိ တစ်ဦးဖြစ်တဲ့ မာဆက်တို ဆိုင်တိုက ပြောပါတယ်။

ဂျပန်က မြို့တစ်မြို့မှာ တောမျောက်ရိုင်းတွေ သောင်းကျန်းတဲ့ဒဏ် ခံနေရ
ဂျပန်က မြို့တစ်မြို့မှာ တောမျောက်ရိုင်းတွေ သောင်းကျန်းတဲ့ဒဏ် ခံနေရ

ဂျပန်နိုင်ငံက မြို့တစ်မြို့မှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို အဓိက ပစ်မှတ်ထားပြီး တောမျောက်ရိုင်းတွေက တိုက်ခိုက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

အဲဒီ မျောက်တွေဟာ ကလေးငယ်တွေကို ခိုးယူဖို့ ကြိုးစားလေ့ ရှိသလို သွေးထွက်သံယို ဖြစ်စေတဲ့ထိ ကိုက်ခဲတာ၊ ကုတ်ခြစ်တာမျိုးတွေ လုပ်လေ့ ရှိတယ်လို့ ဆိုပါတယ်။ ဇူလိုင် ၈ ရက်ကစလို့ မျောက်တွေ တိုက်ခိုက်တဲ့ဒဏ်ကို လူ ၆၀ ဝန်းကျင်လောက် ခံစားခဲ့ရပြီး အများစုက ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေလို့ သိရပါတယ်။

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ ယာမာဂူချီမြို့မှာ မျောက်တွေ သောင်းကျန်းတဲ့ ကိစ္စကို ကိုင်တွယ် ဖြေရှင်းဖို့ အာဏာပိုင်တွေ အတော်ကြီး အကျပ်ရိုက်နေပါတယ်။ မျောက်တွေက မူကြိုကျောင်းတွေထဲထိ ခိုးဝင်ပြီး ကလေးတွေကို ရန်ပြုတာမျိုးတွေတောင် ကြုံနေရပါတယ်။

မြို့တော်ဝန်ရုံးက မျောက်တွေကို မေ့ဆေး သေနတ်တွေနဲ့ ပစ်ခတ် ဖမ်းဆီးဖို့အတွက် အထူး အဖွဲ့တစ်ခုကို ခန့်အပ် တာဝန်ပေးထားလိုက်ပါတယ်။ မျောက်တွေကို အစားအသောက်နဲ့ မျှားခေါ်လို့ မရတဲ့အတွက် ထောင်ချောက်ဆင်တဲ့ နည်းလမ်းက အသုံးမဝင်ဘူးလို့လည်း မြို့အာဏာပိုင်တွေက ပြောပါတယ်။

မျောက်ရိုင်းတွေ ဖြစ်ပေမယ့် အရမ်းပါးနပ်သလို သူတို့ ရန်ပြုမယ့် ပစ်မှတ်ကိုလည်း အသေအချာ ရွေးချယ်ပြီးမှ အနောက်ဖက်ကနေ အလစ် ဝင်တိုက်ခိုက်လေ့ရှိကြောင်း မြို့တော်ဝန်ရုံး အရာရှိ တစ်ဦးဖြစ်တဲ့ မာဆက်တို ဆိုင်တိုက ပြောပါတယ်။

မျောက်တွေ ရန်ပြုတာ ကြုံရတဲ့အခါ တတ်နိုင်သမျှ မျက်လုံးချင်းဆုံအောင် မကြည့်ဖို့၊ ကုတ်အင်္ကျီကို ဖြန့်လိုက်တာမျိုး နည်းတစ်ခုခုသုံးပြီး ခန္ဓာကိုယ်ကို ရှိရင်းစွဲထက် ပိုကြီးမားသလို ထင်ရအောင် လုပ်ကြဖို့၊ အလျင်စလို လှုပ်ရှားတာမျိုး မဟုတ်ဘဲ မျောက်နဲ့ ဝေးရာကို တဖြည်းဖြည်းချင်း ပြန်ဆုတ်ခွာဖို့ အစရှိတဲ့ အကြံပြုချက်တွေကို လိုက်နာသင့်ကြောင်း တာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။

လူတွေကို ရန်ပြုနေတဲ့ မျောက်မျိုးစိတ်ဟာ ဂျပန်မျိုးရင်း မာကာကျူ မျောက်တွေ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေက ၁ ပေ ခွဲကျော်ကျော် အရပ်မြင့်ပြီး ၁၅ ပေါင်လောက် အလေးချိန်ရှိတဲ့ မျောက်အထီး တစ်ကောင်ကို မေ့ဆေးသေနတ်နဲ့ ပစ်ဖမ်းပြီးတဲ့နောက် မျောက်မျိုးစိတ်ကို အတည်ပြုနိုင်ခဲ့တာပါ။ အဲဒီမျောက်ဟာ လူတွေကို လိုက်ရန်ပြုနေတဲ့ အကောင်တွေထဲမှာ အပါအဝင်ဖြစ်ကြောင်း အထောက်အထား ခိုင်ခိုင်မာမာ အတည်ပြုနိုင်တဲ့နောက် ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒါပေမဲ့ နောက်ထပ် တိုက်ခိုက်မှုတွေ ဆက်ပြီး ဖြစ်ပေါ်နေဆဲလို့ သိရပါတယ်။

လက်ရှိ အချိန်ထိတော့ မျောက်တွေကြောင့် ဆိုးဆိုးရွားရွား ထိခိုက် ဒဏ်ရာရမှု မရှိသေးပေမယ့် ပေါ့ဆနေလို့တော့ မရကြောင်း တာဝန်ရှိသူတွေက ဝန်ခံပါတယ်။ မျောက်ကိုက်တာ၊ ကုတ်တာ ခံထားရသူတွေကိုလည်း ဆေးရုံမှာ သွားရောက် စစ်ဆေး ကုသမှု ခံယူဖို့ ညွှန်ကြားထားပါတယ်။

အရင်က မြို့ထဲမှာ အခုလိုမျိုး မျောက်တွေ စိတ်ရိုင်းဝင်ပြီး တိုက်ခိုက်တာမျိုး မကြုံဖူးသလို ဘာကြောင့် ဒီလို ဖြစ်လာရသလဲ ဆိုတာကိုလည်း သေချာ မသိသေးပါဘူး။ မြို့နဲ့ အနီးတဝိုက်မှာ ဝက်ဝံနဲ့ တောဝက်တွေ တိုက်ခိုက်တာမျိုး ရှားရှားပါးပါး ကြုံခဲ့ဖူးပေမယ့် မျောက်တွေက အုပ်စုဖွဲ့ ရန်ပြုတယ်ဆိုတာ အခုဖြစ်စဉ်တွေက ပထမဆုံးလို့လည်း ဒေသခံတွေက ပြောကြားထားကြပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်တပ်​၏ လုပ်ဆောင်မှုများသည် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေပြီး တိုင်းပြည်ကို နိုင်ငံတကာအသိုင်းအဝန်းမှ ပိုမိုဖယ်ကြဉ်စေမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထား သည်။

သတင်း

ယင်းဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၂၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့ကြပြီး UN မှတာဝန်ရှိသူများထံသို့ မြန်မာပြည်သူများ၏ သဘောထား ဆန္ဒ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

သတင်း

"အာဏာသိမ်းမှုနောက်ပိုင်း အသက်ဆုံးရှုံးခဲ့ရသူအားလုံးရဲ့ မိသားစုတွေနဲ့အတူ နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းကြေကွဲရကြောင်း ဂျပန်အနေနဲ့ ဖော်ပြလိုပါတယ်" ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

သတင်း

စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့ တုံ့ပြန်မှု လုပ်ကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ကလည်းတောင်းဆိုထားပါတယ်။