Hi, what are you looking for?
ဒီကနေ့မှာပဲ “သေခြင်းရဲ့ရနံ့”ဆိုတဲ့ ဆရာငြိမ်းအေးအိမ်ရဲ့စာအုပ်တအုပ် ကျနော်ဖတ်ဖြစ်ခဲ့တယ်။ စာအုပ်ရဲ့ စာမျက်နှာတဝက်ကျော်လောက်ရောက်တော့ ကျနော် ဖေဖေ့ကို သတိရတော့တာပဲ။ အခုမှ သတိရတာလားလို့ မေးရင်တော့ ကျနော်မညာချင်ပါဘူး။ တိုက်ဆိုင်မှုတချို့နဲ့ တခါတလေကလွဲလို့ ဖေဖေ့ကို ကျနော်သတိမရတတ်ဘူး။ တနည်းအားဖြင့် သတိမရမိအောင်လည်း နေပါတယ်။
လေနှင်ရာ လွင့်နေတဲ့ တိမ်တွေကို ငေးကြည့်နေရင်းမှာပဲ နှစ်ကာလဟာ အလယ်တည့်တည့်ကနေထက်ပိုင်းကျိုးကျသွားတယ်။ ခြောက်လတာဆိုတဲ့ ကာလဟာ ကိုယ်အမှန်တကယ် ပိုင်ဆိုင်ခွင့်ရတဲ့ အချိန်မဟုတ်သလိုပဲ အားတက်သရော ဖြတ်သန်းရမှာကိုလည်း မေ့ခဲ့။ သတိရလို့ နောက်ပြန်လှည့်ကြည့်လိုက်တော့ ခြစားခံလိုက်ရတဲ့ စာရွက်တွေလို ဘာအခန်းမှာ ဘာအမှတ်တရကို ချရေးမိခဲ့တာလဲဆိုတာ ခြေရာလက်ရာ ရှာမရတော့။
ကျမ အသက် ၄ နှစ်မှာ ငှက်တွေရဲ့ပျံဝဲပုံတွေကို သဘောကျနှစ်သက်စွာ ကြည့်လာတတ်ခဲ့ပြီ။ သူတို့ရဲ့အတောင်ပံလေးတွေလို ကျမရဲ့ လက်တွေကို ဖြန့်ကားတယ်၊ ရိုက်ခတ်တယ်။ ကျမ လေထဲပျံတက်မသွားနိုင်ပေမယ့် သဘောကျတယ်။ ကျမ အသက် ၆ နှစ်မှာ လေယာဥ်ပျံကြီးတွေကို ပြောင်းလဲသဘောကျလာတယ်။ သူတို့က ငှက်တွေထက်လည်းကြီးတယ်။ တောင်ပံတွေကိုရိုက်ခတ်စရာမလိုဘူး။...
"ဟေ့ ကျွတ်စ် ကျွတ်စ် ညီလေး ပြောင်းဖူးပြုတ်၊မြေပဲပြုတ် ယူဦးမလား'' "ဟေ့လူ ဘယ်မှလဲမစားဘူး ကျွတ်စ် ကျွတ်စ်လဲ ခေါ်စရာ စောက်ကြောင်းမရှိဘူး စောက်ရေးမပါတာ'' ကျနော်ရပ်နေတဲ့ရှေ့ကိုရောက်လာတဲ့ ဆိုင်ကယ်မှာစျေးခုံတွဲထားတဲ့ အော်လံနဲ့ဘဲတဗွေကိုဘုတောတောပစ်လိုက်တယ် ။ဘယ်စောက်ရူးကစလိုက်သလဲတော့မသိဘူး စားသုံးသူကို ကျွတ်စ် ကျွတ်စ် ခေါ်ရမယ်လို့ ။