Hi, what are you looking for?
“ပုဇွန်တွေ မီးဖုတ်ပြီးကြပြီလား၊ မီးတွေကျွမ်းနေအောင်လည်း မဖုတ်ကြနဲ့ဦးနော်။ မီးမျှင်းမျှင်းနဲ့ ဖုတ်။ ပြစမ်း ငါ့ကို ဟိုတကောင်။ အေး ပြီးရင် အမည်းတွေကို သေချာ ခြစ်ထုတ်ပစ်။ ငါးသလောက်ပေါင်းအိုးလည်း မီးမပြတ်စေနဲ့ ဦး၊ လက်ဖက်ရည်ကို အေးဖေကို ဖျော်ခိုင်းနော်။ သူဖျော်တာ ကောင်းတယ်။ အိုးနဲ့ များများ...
အိတ်တလုံးကို အချိန်အတော်ကြာတဲ့အထိ မျက်လုံးထဲမှာ ပြန်ပြန်ပေါ်လာတယ်။ အခုအချိန်ထိလည်း တခါတခါ ပြန်ပေါ်လာတုန်းပဲ။ သတိမရအောင် ဖျောက်ထားကြည့်တော့လည်း မရပါဘူး၊ ပြန်ပေါ်လာတာပဲ။ ဘာလို့ ဒီလောက်တောင် စွဲလန်းရလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီး မေးခွန်းထုတ်ကြည့်တယ်။ကျနော်နဲ့ အချိန်အတော်ကြာကြာ အတူရှိခဲ့ကြဖူးလို့ပဲ နေမှာပါဆိုပြီး ကိုယ့်မေးခွန်းရဲ့အဖြေကို ပြန်ရလိုက်တယ်။
ကျနော့်မျက်လုံးထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်က ညဘက်ကြီးမီးထလောင်လို့ပေါက်ကွဲနေတဲ့ ဆီပေပါတွေ အမေ့ကိုကယ်ဖို့ကြိုးစားရင်း မီးထဲပြေးဝင်သွားတဲ့အဖေ့နောက်ကျောတွေ အဖေလယ်ထဲကအပြန် ကားမှောက်သွားပုံတွေ အရက်ပုလင်း အကွဲအကြေတွေ ကျနော့်မရီးရဲ့ နာကျင်စွာအော်ဟစ်သံတွေ အဖေနဲ့မရီးတို့ရဲ့ အလောင်းတွေကိုသယ်ဆောင်သွားတဲ့ မီးသဂြိုဟ်စက်တာဝန်ရှိသူတွေ မီးခိုးညိုတွေ ကျနော့်လက်ကိုတင်းတင်းဆုပ်ထားရင်း မို့အစ်နေတဲ့အငယ်ဆုံးလေးရဲ့မျက်လုံးတွေ ။
ကျနော် ကားဂိတ်ကိုရောက်တော့ ညနေ အတော်စောင်းနေခဲ့ပါပြီ။ လှည်းတန်းကနေ အောင်မင်္ဂလာကားဝန်းဆီ သွားတဲ့လမ်းတလျှောက် ကျနော်ဟာ အတွေးများစွာနဲ့ ငေးမောရင်း သက်ပြင်းတွေချမိတာလည်း အခါခါပါပဲ။ “ဘယ်အချိန်မှ ငါဟာ ရန်ကုန်မြို့ကြီးဆီ ပြန်ရောက်မှာလဲ” ဆိုတဲ့ အတွေးအပြင် “ပြန်ရော ရောက်ဖြစ်ပါဦးမလား” ဆိုတဲ့ အတွေးတွေကြောင့်ပဲ ဖြစ်ပါတယ်။