close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ငလျင် ၇ လပြည့် မန္တလေး

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၇ လပြည့်ခဲ့ပါပြီ။ အချိန်ကာလအားဖြင့် နှစ်ဝက်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ မန္တလေးမြို့မှာတော့ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာ လုပ်ကိုင်နေရဆဲပါ။ လိုအပ်ချက်တွေလည်း အများကြီး ရှိနေဆဲပါ။

မေရီ/People’s Spring

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၇ လပြည့်ခဲ့ပါပြီ။ အချိန်ကာလအားဖြင့် နှစ်ဝက်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ မန္တလေးမြို့မှာတော့ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာ လုပ်ကိုင်နေရဆဲပါ။ လိုအပ်ချက်တွေလည်း အများကြီး ရှိနေဆဲပါ။

▪︎အဆောက်အအုံတွေဖြိုရင်း လူထိခိုက်မှုတွေရှိ

မန္တလေးမှာ ငလျင်ကြီးလှုပ်ခတ်ပြီးတာ ၇ လ ပြည့်ခဲ့ပြီဖြစ်ပေမဲ့ ဒီကနေ့အထိ ငလျင်ထိအဆောက်အဦးတွေ ဖြိုဖျက်နေရဆဲပါ။ အဲဒီလို ဖြိုဖျက်ရင်း လူထိခိုက်သေဆုံးတာတွေလည်း ရှိနေဆဲပါ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကပဲ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၄လမ်းနှင့်၃၃လမ်းကြား၊ ၈၅လမ်းနဲ့ ၈၆လမ်းကြားမှာ ငလျင်ထိထားတဲ့ တည်းခိုခန်း ဖြိုချရာ ဘေးအိမ်ပေါ်ပိမိခဲ့ပါတယ်။ နေအိမ်ထဲမှာ ရှိနေတဲ့ အမျိုးသားတဦးကို ပိမိခဲ့တာကြောင့် နာရီအတန်ကြာတဲ့အထိ ရှာဖွေကယ်ဆယ်ခဲ့ရပြီး အသက်ဘေးက လွတ်ကင်းခဲ့ပါတယ်။ မန္တလေးမှာ ငလျင်ထိအဆောက်အအုံတွေဖြိုချရင်း အလုပ်သမား ၄ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

▪︎ဆောက်လုပ်ရေးပစ္စည်းတွေ စျေးမြင့်တက်နေလို့ အိမ်ပြန်ဆောက်သူတွေ

အခက်အခဲရှိငလျင်ကြောင့် အိမ်အလုံးလိုက်ပြိုသွားသူတွေ၊ လုံးဝပြိုသွားတာမဟုတ်ပေမဲ့ ပြန်လည်ပြင်ဆင်ရသူတွေဟာ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ စျေးမြင့်တက်နေလို့ ငွေကုန်ကြေးကျများပြီး အခက်အခဲတွေ ရှိနေကြပါတယ်။ “ သိန်းတစ်ထောင်လောက်ကုန်သွားပြီ။ ကြွေပြားစျေးတွေကအစ အကုန်တက်တာ။ ဒါတောင် မပြီးသေးဘူး။” လို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် အနောက်ခြမ်းက အိမ်ပြင်ဆောက်နေသူ အမျိုးသားတဦးက ပြောပါတယ်။

▪︎အန္တရာယ်ရှိတဲ့ အဆောက်အအုံတွေနဲ့အတူ နေထိုင်နေရ

ငလျင်ကြောင့် လုံးဝပြိုကျသွားတာမျိုးမဟုတ်ဘဲ အတွင်းထဲမှာ ပျက်စီးနေတဲ့ တိုက်တာအဆောက်အအုံတွေအများအပြားလည်းမန္တလေးမြို့မှာ ကျန်ရှိနေပါတယ်။ အဲဲဒီအဆောက်အအုံတွေမှာ ကိုယ်တိုင်နေထိုင်ကြသူတွေလည်းရှိသလို ဘေးဝန်းကျင်အိမ်တွေကပါ အန္တရာယ်ကျရောက်နိုင်တဲ့အနေအထားမှာပဲ နေထိုင်နေကြရပါတယ်။

“ တချို့က အပြင်ပန်းမထိဘူး။ အတွင်းထဲထိနေတာတွေ အများကြီး။ အပြင်ကြည့်လိုက်ရင်တော့အကောင်းကနေ ဖြိုထားရတာတွေ အများကြီးရှိတယ်။” လို့ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်နေ အမျိုးသားတဦးက ပြောပါတယ်။

အထက်မြန်မာပြည်ရဲ့မြို့​တော်မန္တ​လေးဟာ ​မတ် ၂၈ ရက်စစ်ကိုင်ငလျင်ကြီးဒဏ်ကို အဆိုးဆုံးခဲ့ရတဲ့ ​ဒေသတခုဖြစ်ပါတယ် ။ပြည်သူ​ထောင်ချီ​သေဆုံးခဲ့သလို တမြို့လုံး ​နေအိမ်၊တိုက်တာအ​ဆောက်အအုံ​ပေါင် ရာ​ပေါင်းများစွာပျက်စီးခဲ့ပါတယ် ။

ကံဆိုးမှုက ဒီတင်မရပ်​သေးပဲ အကူအညီမယ်မယ်ရရ မ​ပေးတဲ့ စစ်အုပ်စုက အဓမ္မစစ်သားသစ်စုတာ​ကြောင့် လူငယ်​တွေထွက်​ပြေးရ​နေရသလို ၊စစ်အုပ်စုရဲ့​ရွေး​ကောက်ပွဲကို မဲထည့်ဖို့ ပြည်သူ​တွေကိုဖိအား​ပေး​နေပြန်ပါတယ် ။ ငလျင်ဒဏ်​ကြောင့်ပြန်လည်ထူ​ထောင်​ရေးအတွက် မနည်းရုန်းကန်​နေရတဲ့ ပြည်သူ​တွေဟာ စစ်တပ်က ဖိအား​ပေးခြိမ်း​ခြောက်မဲထည့်ခိုင်း​နေတဲ့ ရွေး​​ကောက်ပွဲ​ကြောင့်ပိုဒုက္ခများနေကြရပြန်ပါတယ်။

▪︎ခန္ဓာကိုယ် ထိခိုက်ခဲ့သူတွေ နောက်ဆက်တွဲဆက်လက်ကုသဖို့ အခက်အခဲရှိနေ

ငလျင်ကြီးကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာရခဲ့သူတွေဟာ ဒဏ်ရာအနည်းအများပေါ်မူတည်ပြီး ဆေးကုသမှုတွေ ဆက်လက်လုပ်ဆောင်နေရဆဲပါ။ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုဟာစစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ပျက်စီးသွားတာကြောင့် နိုင်ငံပိုင်ဆေးရုံတွေမှာ ဆက်လက်ဆေးကုသဖို့ အခက်အခဲတွေ ရှိနေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆေးဝါးစျေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကြောင့်လည်း ထိခိုက်ဒဏ်ရာ ရထားတဲ့ ပြည်သူတွေဟာ ငွေရေးကြေးရေး အခက်အခဲပါ ရှိနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာအစီအစဥ်နဲ့ လာရောက်ကုသပေးကြတဲ့ ဆေးခန်းတချို့လည်း ပိတ်ကြတော့မယ်လို့ ဒေသခံအချို့က ပြောပါတယ်။ “ ပြနေကျ ငလျင်ဆေးခန်းက ဆေးပေးတာလည်း နည်းသွားတယ်။ သိပ်မကြာဘူး ပိတ်ရတော့မယ်ပြောတယ်။” လို့ ချမ်းမြသာစည်မြို့နယ်နေ အမျိုးသမီးတဦးက ပြောပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ငလျင်ထိထားတဲ့တိုက်ဖြိုချရင်း ပြိုကျလို့ အမျိုးသားတဦး ပိမိပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရပါတယ်။

သတင်း

မန္တ​လေးမြို့မှာဆိုင်ကယ်စီးလာသူတဦးကို အရပ်ဝတ်တွေနဲ့ လူတစ်စုကတားပြီး ဖုန်းစစ်မယ်ဆိုကာ ဖုန်းလုပြေးသွားပါတယ်။

သတင်း

မန္တလေးမြို့၊ပုသိမ်ကြီးမြို့အဝင်မှာကားနဲ့ဆိုင်ကယ်တိုက်မိရာမှာ ကားသမားက မောင်းပြေးတာကြောင့် ဆိုင်ကယ်စီးအမျိုးသမီး ကားအောက်ညှပ်ပါသွားပြီးသေဆုံးသွားတယ်လို့ နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

သတင်း

မန္တလေးမြို့၊ ရွှေတချောင်းမြောင်းဘေးရှိ နေအိမ်နဲ့ ဆိုင်ခန်းတွေကိုစစ်ကောင်စီကအင်အားသုံးဖယ်ရှားနေကြောင်း ဒေသခံများက ပြောပါတယ်။

Facebook