Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းပြည်အစိုးရယန္တရား အားကောင်းလာစေရေး ဝိုင်းကြိုးပမ်းရန် ချင်းပြည်ဝန်ကြီးချုပ် တိုက်တွန်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

(Senthang- CDFနှင့် Zophei လူထုကဝန်ကြီးချုပ်အဖွဲ့အား ကြိုဆိုနေစဉ်။ ဓာတ်ပုံ - GOC)
(Senthang- CDFနှင့် Zophei လူထုကဝန်ကြီးချုပ်အဖွဲ့အား ကြိုဆိုနေစဉ်။ ဓာတ်ပုံ - GOC)

ထားမြတ်/People’s Spring

ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒေသကာကွယ်ရေးအဖွဲ့နှင့် ချင်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသည့် ချင်းပြည်အစိုးရ၏ အစိုးရယန္တရား အားကောင်းလာစေရေး ဝိုင်းဝန်းကြိုးပမ်းရန်လိုအပ်ကြောင်း ချင်းပြည်ဝန်ကြီးချုပ် ဦးပါထန်းက ပြောကြားသည်။

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

(Senthang- CDFနှင့် Zophei လူထုကဝန်ကြီးချုပ်အဖွဲ့အား ကြိုဆိုနေစဉ်။ ဓာတ်ပုံ - GOC)
(Senthang- CDFနှင့် Zophei လူထုကဝန်ကြီးချုပ်အဖွဲ့အား ကြိုဆိုနေစဉ်။ ဓာတ်ပုံ – GOC)

အဆိုပါ ခရီးစဉ်များတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသအသီးသီးရှိ ကောင်စီဦးဆောင်အဖွဲ့များနှင့် ပြည်သူများအား တွေ့ဆုံခဲ့ပြီး ၎င်းဒေသများ၏ အုပ်ချုပ်ရေးလည်ပတ်မှုများကိုလည်းကောင်း၊ အစိုးရယန္တာရားလည်ပတ်နိုင်စေရန် လိုအပ်သော ကိစ္စရပ်များကို ဆွေးနွေးကာ ချင်းပြည်အစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်အစိုးရနှင့် ဒေသန္တာရအစိုးရအကြား အုပ်ချုပ်ရေးချိတ်ဆက်ဆောင်ရွက်နိုင်ရန် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဒေသအသီးသီးမှ အုပ်ချုပ်ရေးဥပဒေကြမ်း တင်သွင်းလာသော ဒေသန္တာရအုပ်ချုပ်ရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီး အုပ်ချုပ်ရေးအကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ ချင်းပြည်သည် လွတ်လပ်ရေးမတိုင်ခင် ကတည်းကမရှိခဲ့ဖူးသော ချင်းလူမျိုးများကိုယ်တိုင်ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ယခုအခါ ချင်းလူမျိုးများကိုယ်တိုင်ရေးဆွဲအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီဖြစ်ကြောင်း စသည်တို့ကို လည်း ပြောကြားခဲ့သည်ဟု ဆိုသည်။

(Senthang- CDFနှင့် Zophei လူထုကဝန်ကြီးချုပ်အဖွဲ့အား ကြိုဆိုနေစဉ်။ ဓာတ်ပုံ - GOC)
(Senthang- CDFနှင့် Zophei လူထုကဝန်ကြီးချုပ်အဖွဲ့အား ကြိုဆိုနေစဉ်။ ဓာတ်ပုံ – GOC)

ထို့ပြင် ချင်းပြည်(Chinland)အစိုးရအနေဖြင့် ပြည်သူနှင့်အတူရပ်တည်ကာ ချင်းပြည်နှင့် ချင်းပြည်သူများ၏ အကျိုးကို ရှေ့ရှုပြီး အုပ်ချုပ်ရေး လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း ဖော်ပြသည်။

ခရီးစဉ်တွင် လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးတို့လည်း ဝန်ကြီးချုပ်နှင့်အတူ လိုက်ပါခဲ့သည်ဟု အသိပေးသည်။

CNF ဦးဆောင်သည့် ချင်းပြည်ကောင်စီက ယခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် ချင်းပြည်အစိုးရကိုဖွဲ့စည်းခဲ့သည်။

ချင်းပြည် အစိုးရ ဖွဲ့စည်းမှုကို ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ အချို့က လက်မခံကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂ ဦး​သေဆုံး​ကြောင်း​​စစ်​ရေးသတင်းရင်းမြစ်အချို့က ​​ပြော​သော်လည်း​ဒေသခံ အချို့က ၁ ဦး​သေ​ကြောင်း​ပြောသည်။