Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စင်ကာပူနိုင်ငံမှ ပြန်လာပြီး ချစ်သူနဲ့လာတွေသည့်အမျိုးသမီး ​ရွှေ၊​ငွေနှင့်အဖိုးတန်ပစ္စည်းများလုယက်အသတ်ခံရ

မနှင်းဝေလှိုင်သည် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ကွင်းဝိုင်းကျေးရွာနေသူဖြစ်ကာ စင်ကာပူနိုင်ငံတွင် လေးနှစ်ခန့်ကြာ အိမ်အကူအဖြစ်လုပ်ကိုင်နေသူဖြစ်ကြောင်းလည်း သိရသည်။

(ငွေနှင့် ရွှေများ လုယက်အသတ်ခံရသည့် မနှင်းဝေလှိုင်အား တွေ့ရစဥ်၊ ဓာတ်ပုံ CJ)
(ငွေနှင့် ရွှေများ လုယက်အသတ်ခံရသည့် မနှင်းဝေလှိုင်အား တွေ့ရစဥ်၊ ဓာတ်ပုံ CJ)

အွန်လိုင်းပေါ်မှ ချစ်ကြိုက်ပြီး စင်ကာပူနိုင်ငံမှ ပြန်လာပြီးရန်ကုန်လာရောက်တွေ့ဆုံသည့် အမျိုးသမီး ​ရွှေ၊​ငွေ နှင့်အဖိုးတန်ပစ္စည်းများလုယက်၍အသတ်ခံရကြောင်း အသတ်ခံရသူနှင့် နီးစပ်သူများက ပြောသည်။

အသတ်ခံရသည့် မနှင်းဝေလှိုင်သည် စင်ကာပူနိုင်ငံတွင်အလုပ်လုပ်ကိုင်ရာမှ ဇန်နဝါရီ ၅ ရက်က မြန်မာနိုင်ငံသို့ ပြန်လာပြီးနောက် လှိုင်သာယာမြို့နယ် ၊စက်မှုဇုန် (၁) တပင်ရွှေထီးတာဝါအနီးရှိ တည်းခိုခန်းတွင် ဓားဒဏ်ရာများဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရခြင်းဖြစ်သည်။

“စင်ကာပူ ဒေါ်လာ ၆,၀၀၀၊ ရွှေတစ်စင်ဆာ၊လက်တော့တစ်လုံး၊ လက်ကောက်လေးကွင်း အကုန်ယူပြီး လူမြင်မကောင်းအောင် ဓားနဲ့အချက်ရေ ရေမတွက်နိုင်အောင်ထိုးခဲ့တာပါ”ဟု အသတ်ခံရသူ၏ သူငယ်ချင်းဖြစ်သူက ပြောသည်။

“သူမြန်မာနိုင်ငံပြန်လာတာကို သူ့မိဘလည်း မသိဘူး။ ရန်ကုန်က သူ့အဒေါ်လည်း မသိဘူး။ နောက်ပြီး သေနေတာကိုလည်း တည်းခိုခန်းက မသိဘူး။ CCTV ပြန်ကြည့်တော့မှ ဇန်နဝါရီ ၅ ရက်မှာ အဲဒီကောင်လေးနဲ့ ဝင်လာတယ်။ ဇန်နဝါရီ ၆ ရက်မှာ ကောင်လေးကတစ်ယောက် တည်းပြန်ထွက်သွားပြီး နောက်ရက်ကျမှ ကောင်မလေးက ဓားဒဏ်ရာဗရပွနဲ့ သေနေတာကို တွေ့ရတာ”ဟု ဖြစ်စဥ်ကို သိရှိသူတစ်ဦးက ပြောသည်။

မနှင်းဝေလှိုင်ကို သတ်ဖြတ်သွားသူဟု စွပ်စွဲခံရသူမှာ မကွေးတိုင်း၊ စလင်းမြို့နယ်၊ စမ်းကလေးကျေးရွာမှ ကိုအောင်သူရိန်ဖြစ်ကြောင်းလည်း အသတ်ခံရသူများနှင့်နီးစပ်သူများက ဆိုသည်။

လူသတ်ပစ္စည်းလုယက်ခံရမှုကို လှိုင်သာယာမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။

မနှင်းဝေလှိုင်သည် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ကွင်းဝိုင်းကျေးရွာနေသူဖြစ်ကာ စင်ကာပူနိုင်ငံတွင် လေးနှစ်ခန့်ကြာ အိမ်အကူအဖြစ်လုပ်ကိုင်နေသူဖြစ်ကြောင်းလည်း သိရသည်။

စစ်​အုပ်စုအာဏာသိမ်းပြီး​နောက်ပိုင်း လုယက်သတ်ဖြတ်မှု အပါအဝင် ရာဇဝတ်မှုများပိုမိုများပြား​နေသည်။ ရန်ကုန်မြို့တွင် ဇန်နဝါရီလဆန်းက အငှားယာဥ်ဖြင့် ပစ္စည်းလိုက်လံပို့သူတစ်ဦး အသတ်ခံခဲ့ရပြီး မန္တ​လေးမြို့တွင်လည်းအမျိုးသားတစ်ဦးကိုသတ်၍ အ​လောင်းကိုကား​နောက်ခန်းတွင်ထားခဲ့​သည်ကိုဇန်နဝါရီ ၈ ရက်က​တွေ့ရသည်။

You May Also Like

သတင်း

စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးခဲ့ရသူ အားလုံးအနက် အမျိုးသမီးဦးရေမှာ ၁၃.၁ ရာခိုင်နှုန်းပါဝင်ပြီး စစ်ကိုင်းတိုင်းမှ ၁၇၁ ဦးဖြင့် အများဆုံးဖြစ်သည်။

သတင်း

အဆိုပါ အမျိုးသမီး လေးဦးအား PDFများကို ထောက်ပံ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားသည့် ဓာတ်ပုံများကို စစ်ကောင်စီ၏ ဝါဒဖြန့် Fifty Two Telegram Channelက ဖော်ပြထားသည်။

သတင်း

ဒီဇင်ဘာလ၂၁ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

နိုင်ငံတကာ

စင်ကာပူဟာ ပထမဆုံး Invincible အဆင့် သတ်မှတ်ထားတဲ့ ရေငုပ်သင်္ဘောကို ၂၀၁၉ ခုနှစ်မှာ စတင်ရရှိခဲ့ပြီး အခု တပ်တော်ဝင်တာကတော့ ဒုတိယနဲ့ တတိယမြောက် Invincibleတွေ ဖြစ်ပါတယ်။ စင်ကာပူ ရေတပ်ဟာ Invincibleအဆင့် ရေငုပ်သင်္ဘော ၄ စီးထိ မှာယူထားပါတယ်။