Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးက ပုဂ္ဂလိကဆေးရုံတစ်ရုံ မှာ CDM ခန့်ထားတာရှိမရှိ စစ်ကောင်စီတပ် ဝင်စစ်ဆေး

အဲဒီဆေးရုံတွေဟာ CDM တွေကိုအလုပ်ပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့စစ်ကောင်စီက ပိတ်ခိုင်းထားတာလို့လည်းစုံစမ်းသိရပါတယ်။

နွေဦးတော်လှန်ရေးအစောပိုင်းကာလ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ဆင်နွှဲနေတဲ့ မန္တလေးကျန်မားရေးမိသားစု သပိတ်အင်အားစုတွေကိုတွေ့ရစဉ်
နွေဦးတော်လှန်ရေးအစောပိုင်းကာလ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ဆင်နွှဲနေတဲ့ မန္တလေးကျန်မားရေးမိသားစု သပိတ်အင်အားစုတွေကိုတွေ့ရစဉ်

မန္တလေးက ပုဂ္ဂလိက ဆေးရုံဖြစ်တဲ့ ကြယ်စင်လင်းဆေးရုံမှာ CDM ကျန်းမာရေးဝန်ထမ်းတွေရှိမရှိ စစ်ကောင်စီတပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဝင်စစ်သွားတယ်လို့ဆေးရုံနဲ့နီးစပ်သူတွေထံကသိရပါတယ်။

အဲဒီဆေးရုံဟာ မဟာအောင်မြေမြို့နယ် ၊လမ်း ၆၀ ၊ ၃၅ လမ်းနဲ့ ၃၆ လမ်းကြားမှာရှိပြီး စစ်ကောင်စီတပ်က CDM တွေနဲ့ ပတ်သက်ဆက်နွယ်တာတွေမလုပ်ဖို့ သတိပေးသွားတယ်လို့လည်းသိရပါတယ်။

“CDMဆို လုံးဝလက်မခံရဲအောင် လာခြောက်တဲ့သဘောလည်းပါတယ်”လို့ ဆေးရုံနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းကလည်း မန္တလေးက နာမည်ကြီးဆေးရုံ တွေဖြစ်တဲ့ မြို့တော် ၊နန်းတော် ၊ကံ့ကော်၊ ထက်နေလင်း နဲ့ စိန်ပန်းဆေးရုံ အပါအဝင် ဆေးရုံ ၅ ရုံကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိပိတ်ခိုင်းထားပါတယ်။

အဲဒီဆေးရုံတွေဟာ CDM တွေကိုအလုပ်ပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့စစ်ကောင်စီက ပိတ်ခိုင်းထားတာလို့လည်းစုံစမ်းသိရပါတယ်။

မန္တလေးမှာ CDM ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီတပ်ဟာ ပစ်မှတ်ထားဖမ်းဆီးတာရှိပြီး ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလကုန်ပိုင်းနဲ့နိုဝင်ဘာလဆန်းပိုင်းမှာတင် ဒါဇင်နဲ့ချီတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဖမ်းဆီးခံခဲ့ရတာရှိပါတယ်။

You May Also Like

သတင်း

"(မနေ့)ညပိုင်း စစ်တောင်းတံတားမှာ တစ်ကောင်သေ၊ သုံးကောင်ဒဏ်ရာရသွားတယ်"ဟု PDF တပ်ရင်း(၃၇၀၂) မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်မည်ဟုယမန်နှစ်က သတင်းလွှင့်ပြီးနောက်ယနေ့ညနေပိုင်းတွင်လေကြောင်းကတိုက်ခိုက်နေခြင်းဖြစ်သည်။

သတင်း

"မိုင်းတွေခွဲဖို့လုပ်ထားတာ။ပြည်သူတွေကရှိနေတော့ဘာမှလုပ်မရဘူး။လိုအပ်လို့သတိပေးတာပါ"ဟုက​လေးPDF တပ်ဖွဲ့ဝင်ဦးကပြောသည်။

သတင်း

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အနည်းဆုံး ၇ဦးရှိပြီး ကလေးငယ်သုံးဦး ပါဝင်သည်ဟု သိရကြောင်း ဒေသခံက ပြောသည်။