Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUGအစိုးရ အတိတ်နိုင်ငံရေးအမှားများကို သင်ခန်းစာယူရမည်၊ လေလိုင်းထဲက အစိုးရမဖြစ်စေရဟု ယာယီသမ္မတပြော

၂၀၂၃တွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်လာရန် အထူးမျှော်လင့်မိသကဲ့သို့ ပြည်သူလူထုကလည်း မျှော်လင့်တကြီးစောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

NUGအစိုးရ အတိတ်နိုင်ငံရေးအမှားများကို သင်ခန်းစာယူရမည်၊ လေလိုင်းထဲက အစိုးရမဖြစ်စေရဟု ယာယီသမ္မတပြော
NUGအစိုးရ အတိတ်နိုင်ငံရေးအမှားများကို သင်ခန်းစာယူရမည်၊ လေလိုင်းထဲက အစိုးရမဖြစ်စေရဟု ယာယီသမ္မတပြော

လက်တွေ့ နိုင်ငံရေး၊ စစ်ရေးရလဒ်များနှင့်သာ လူထုယုံကြည်မှုရရှိရေး စည်းရုံးကြရန် တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေဖြင့် အတိတ်ကဖြစ်ခဲ့သည့် နိုင်ငံရေးအမှားများကို သင်ခန်းစာယူရလိမ့်မည်ဖြစ်ကြောင်း ယာယီသမ္မတဒူဝါလရှီးလက ယနေ့ ပြုလုပ်သည့် အစိုးရ အဖွဲ့အစည်းအဝေး၌ ပြောကြားသည်။

“အထူးသဖြင့် ကျွန်တော့်အနေနဲ့ ပြောချင်တာတစ်ခုကတော့ NUG အစိုးရဟာ လေလှိုင်းထဲက အစိုးရမဖြစ်စေရဘူးဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးအလုပ်တွေကိုလည်း လုပ်မယ်။ ဖြစ်သင့်တာတွေကို ဖြစ်နိုင်ချေရှိလာအောင်လည်း ကြိုးစားကြမယ်။ အထူးသဖြင့် ပြည်သူလူထုကို လက်တွေ့ရလဒ်နဲ့သက်သေပြချင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

နိုင်ငံရေး၌ ဝါဒဖြန့်ချိရေးနှင့်စည်းရုံးရေးသည် အစိတ်အပိုင်းတစ်ခုအနေဖြင့် အရေးကြီးသည်မှာမှန်သော်လည်း သူ့ချည်းသက်သက် လုံး၀မရဆိုသည်ကို အစိုးရအဖွဲ့ဝင်များ အားလုံးနားလည်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

“ဒါ့ကြောင့် လက်တွေ့နိုင်ငံရေးရလဒ်၊ လက်တွေ့ စစ်ရေးရလဒ်တွေနဲ့ပဲ ပြည်သူလူထု ယုံကြည်မှုရအောင် စည်းရုံးကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

၂၀၂၃ ခုနှစ်သည် တော်လှန်ရေးအတွက် တစ်ဆစ်ချိုးအပြောင်းအလဲများရှိလာမည့် နှစ်ဟု ယုံကြည်မျှော်လင့်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

“ဒီလို ကြီးမားတဲ့ အပြောင်းအလဲဖြစ်လာအောင် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက မဟာမိတ်စစ်ရေးပေါင်းစည်းမှုကို သဘောထားကြီးကြီးနဲ့ ဝိုင်းဝန်းတည်ဆောက်နေကြတာကိုလည်း မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့နဲ့ မဟာမိတ်ဆက်ဆံရေးအားဖြင့် လက်တွဲထားတဲ့ တော်လှန်သောအစုအဖွဲ့တွေဆီကနေ ထိုက်သင့်တဲ့ စစ်ရေးအထောက်အပံ့နဲ့ စစ်ရေ အကူအညီတွေလည်း ရသင့်သလောက် ရထားကြတာ တွေ့ရလို့ ကျွန်တော့်အနေနဲ့ အားတက်ရပါတယ်” ဟု ယာယီသမ္မတ၏ မိန့်ခွန်း၌ ပါရှိသည်။

၂၀၂၃တွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်လာရန် အထူးမျှော်လင့်မိသကဲ့သို့ ပြည်သူလူထုကလည်း မျှော်လင့်တကြီးစောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

You May Also Like

သတင်း

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ စစ်ကောင်စီဟာရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရှေ့ပြေးအကြိုမဲစာရင်းအဖြစ် လူဦးရေ စာရင်း ကောက်ယူတာတွေကို မနေ့က ဇန်နဝါရီလ ၉ ရက်စတင်ပြီးကောက်ယူနေတာပါ။

သတင်း

စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးခဲ့ရသူ အားလုံးအနက် အမျိုးသမီးဦးရေမှာ ၁၃.၁ ရာခိုင်နှုန်းပါဝင်ပြီး စစ်ကိုင်းတိုင်းမှ ၁၇၁ ဦးဖြင့် အများဆုံးဖြစ်သည်။

သတင်း

ယခင်ထက်ပိုမိုဆိုးရွားစွာ ရင်ဆိုင်နေရသော ယနေ့ကာလတွင်လည်း NLD သည် ချမှတ်ထားပြီးသောမူဝါဒများ၊ လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ပါတီဝင် အသီးသီးက ရောက်ရှိရာနေရာတွင် ကျရာတာဝန်များကို ဦးလည်မသုဉ် ထမ်းရွက်နေကြောင်း အသိပေးသည်။

သတင်း

၂၀၂၃ တွင် စစ်ကောင်စီက ကျင်းပမည်ဆိုသော ရွေးကောက်ပွဲနှင့်ပတ်သက်၍ အထက်ပါ တော်လှန်ရေးအင်အားစုအားလုံးက ပြတ်သားစွာ ဆန့်ကျင်ကြောင်း ကြေညာသည်။