Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖလမ်းနှင့် အထက်ချင်းတွင်းဒေသ၌ ရွေးကောက်ပွဲမလုပ်ဖို့ CNO/CNDF တားမြစ်

ဇန်နဝါရီ ၆ရက်မှ ၉ရက်အထိ ကျင်းပခဲ့သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယအကြိမ်မြောက် ညီလာခံအစည်းအဝေးအပြီး ထုတ်ပြန်ချက်၌ ထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

(ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယအကြိမ်မြောက် ညီလာခံအစည်းအဝေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ - Chin National Defense Force)
(ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယအကြိမ်မြောက် ညီလာခံအစည်းအဝေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ - Chin National Defense Force)

မလိုက်နာပါက မည်သူမဆိုပြင်းထန်စွာအရေးယူမယ်လို့ သတိပေး

စစ်ကောင်စီကြိုးပမ်းနေသည့် ရွေးကောက်ပွဲကို ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသတွင်း မပြုလုပ်ရန် တားမြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသား များကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF)က ယနေ့ သတိပေးထုတ်ပြန်လိုက်သည်။

ဇန်နဝါရီ ၆ရက်မှ ၉ရက်အထိ ကျင်းပခဲ့သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယအကြိမ်မြောက် ညီလာခံအစည်းအဝေးအပြီး ထုတ်ပြန်ချက်၌ ထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

လက်နက်မဲ့ပြည်သူလူထုများကို အကြမ်းဖက်သတ်ဖြတ်၊ ပြည်သူ့အိုးအိမ်များကို အကြောင်းမဲ့မီးရှို့ဖျက်စီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် စစ်ကြောင်း အဆမတန်ဖြင့် တိုက်ခိုက်နေသည့်အပြင် လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ တရားဝင်အစိုးရဖြစ်ရေးအတွက် ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲအား လုံး၀တားမြစ်လိုက်ပြီး တားမြစ်သည့်ကြားမှ ရွေးကောက်ပွဲ အထမြောက်အောင်ကူညီမည့် မည်သည့်ပုဂ္ဂိုလ်မျိုးမဆို ပြင်းထန်စွာ အရေးယူသွားမည်ဟု CNO/CNDFက အသိပေးခဲ့သည်။

(ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယအကြိမ်မြောက် ညီလာခံအစည်းအဝေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ - Chin National Defense Force)
(ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယအကြိမ်မြောက် ညီလာခံအစည်းအဝေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ – Chin National Defense Force)

CNO/CNDFအနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ဆုံးခန်းတိုင်အောင် ဆက်လက်တိုက်ပွဲဝင် သွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

You May Also Like

သတင်း

မြို့နယ်အချို့တွင်လည်း ယခုလ ၉ ရက်မှစ၍ သန်းခေါင် စာရင်းကောက်ခံမည့်အကြောင်း လိုက်လံကြေညာနေကြောင်း သိရသည်။ သန်းခေါင်စာရင်းကောက်ယူနေသည့် မြို့နယ်များတွင် စစ်ကောင်စီက ယာဥ်တန်းများနှင့်ကင်းပုန်းဝပ် စစ်ဆေးမှုများလည်းရှိနေသည်။

သတင်း

ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ နှစ်သစ်ကူးအချိန်ကာလ နုတ်ခွန်းဆက်မိန့်ခွန်းကို ကချင်ဘာသာဖြင့် ပြောဆိုခဲ့ရာ ယင်းပြောဆိုချက်ကို KIO သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ရှင်းပြခြင်းဖြစ်သည်။

သတင်း

စစ်ခေါင်းဆောင်က ယခုလိုပြောဆိုနေသော်လည်း တကယ့်လက်တွေ့လုပ်ရပ်တွင် တိုင်းရင်းသားဒေသများအပါအဝင် နိုင်ငံတစ်ဝှမ်း၌ ထိုးစစ်ဆင်မှုများ အဆက်မပြတ်ပြုလုပ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို စစ်ကောင်စီက ကျူးလွန်လျက်ရှိသည်။

သတင်း

တပ်မဟာ ၂ နယ်မြေထဲမှာ စစ်အုပ်စု ကိုအကျိုးဖြစ်ထွန်းစေမယ့် လုပ်ရပ်နဲ့အကျိုးစီးပွားမှန်သမျှကို ဆန့်ကျင် ကြဖို့လိုတယ်လို့လည်း ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။