Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့ရှိ နန်းဖဲ – ဘောလခဲနှင့် ထူးချောင်းလမ်းပိုင်းအား သွားလာခွင့်ပိတ်ပင်

လမ်းပိုင်းများပိတ်ပင်ခြင်းမှာ ယနေ့(ဇန်နဝါရီ ၁၂ ရက်)ကစ၍ အကျူံးဝင်ပြီး ရက်အကန့်အသတ်မရှိယာယီပိတ်ပင်ကြောင်း ဖော်ပြသည်။

(ယမန်နှစ်က ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို KNDF တပ်ရင်း(၁၆)နှင့် ကရင်နီတပ်မတော်(KA)က ပူးပေါင်း တိုက်ခိုက်ပြီးနောက်တွေ့ရစဉ်၊)
(ယမန်နှစ်က ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို KNDF တပ်ရင်း(၁၆)နှင့် ကရင်နီတပ်မတော်(KA)က ပူးပေါင်း တိုက်ခိုက်ပြီးနောက်တွေ့ရစဉ်၊)

စစ်ရေးအခြေအနေကြောင့် ကရင်နီ(ကယား) ပြည်နယ် ဖရူဆိုမြို့ရှိ နန်းဖဲ – ဘောလခဲနှင့် ထူးချောင်းလမ်းကို ဝင်ထွက်သွားလာခွင့်ပိတ်ပင် ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေး တပ်(KNDF)တပ်ရင်း – ၁၆က ထုတ်ပြန်အသိပေး သည်။

လမ်းပိုင်းများပိတ်ပင်ခြင်းမှာ ယနေ့(ဇန်နဝါရီ ၁၂ ရက်)ကစ၍ အကျူံးဝင်ပြီး ရက်အကန့်အသတ်မရှိယာယီပိတ်ပင်ကြောင်း ဖော်ပြသည်။

“ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက စကစက ဖရူဆို ထဲမှာ စစ်ကြောင်းထိုးနေတာ။ပြီးတော့ ဒီးမော့ဆို ဖရူဆို လမ်းမကြီးကိုလည်းပြန်ရဖို့ သူတို့ အင်အားဖြည့်နေတာရှိတယ်”ဟု ဒေသခံစစ်ရေး သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို အမြစ် ပြတ်ပြန်လည်ချေမှုန်းနိုင်ရန် နည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်းနေသည့်အခြေအနေများကို နားလည် ပေးရန်လည်း မေတ္တာရပ်ခံသည်။

လက်ရှိ ကရင်နီဒေသတွင်စစ်ရေးအရ လွိုင်​ကော် -စံပြ(၆မိုင်)-​ဒေါတမကြီး-​ဘောလခဲ လမ်းမကြီးသွားလာခွင့်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ပိတ်ပင်ထားဆဲ ဖြစ်သည်။

You May Also Like

သတင်း

လမ်းပိုင်းဆိုင်ရာ ပိတ်ပင်ထားစဥ်ကာလအတွင်း စားသောက်ကုန်၊လူသုံးကုန်နှင့် စက်သုံးဆီများ၏ စျေးနှုန်းကို တိုးမြှင့်ရောင်းချခြင်းမပြုလုပ်ရန် KNDF က မေတ္တာရပ်ခံသည်။

သတင်း

မုံရွာ - အရာတော်လမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

သတင်း

တိုက်ပွဲမှာ ယမန်နေ့ (ဒီဇင်ဘာ ၁၃ ရက်) နေ့လယ် ၁နာရီခန့်တွင် လောဘူးဒါးရပ်ကွက်ကို ခြေကုပ်ယူရန် အင်အား ၅၀ခန့်ဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးလာ‌ခြင်းဟု ဆိုသည်။

သတင်း

ဒီဇင်ဘာလ ၈ ရက်ကတည်းက ခရီးသွားပြည်သူများအား စစ်ဆေးငွေတောင်းနေခြင်းဖြစ်ကြောင်း People's Servant Revolution-Wetlet အဖွဲ့က အသိပေးသည်။