Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ ဒသမ ၅ သန်းကျော် လူမူကယ်ဆယ်ရေး အကူအညီများ အပူတပြင်းလိုအပ်နေဟု OCHA ထုတ်ပြန်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိတွေ့တိုက်ပွဲများနှင့် မလုံခြုံမှုကြောင့် လူဦးရေ ၁ ဒသမ ၁ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး ယခင်ရှိနေပြီးသော ၃၃၀,၀၀၀ ကျော်နှင့် ထည့်သွင်းရေတွက်လျှင် ၂၀၂၂ နှစ်ကုန်တွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၅ သန်းကျော်လာခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်က ညပိုင်းတွင်ပင် စစ်​ကြောင်းထိုး၍ ရွာများကို မီးရှို့ အကြမ်းဖက်၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သောစစ်ကိုင်းတိုင်းမှပြည်သူများကို ဇန်နဝါရီလဆန်းက​တွေ့ရမှု။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ညပိုင်းတွင်ပင် စစ်​ကြောင်းထိုး၍ ရွာများကို မီးရှို့ အကြမ်းဖက်၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သောစစ်ကိုင်းတိုင်းမှပြည်သူများကို ဇန်နဝါရီလဆန်းက​တွေ့ရမှု။ ဓါတ်ပုံ-CJ)

မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေသူ လူဦးရေ ၁ ဒသမ ၅ သန်းကျော်သည် ခက်ခဲသည့် အခြေအနေများတွင် နေထိုင်နေကြရသည့်အတွက် လူမူကယ်ဆယ်ရေး အကူအညီများ အပူတပြင်းလိုအပ်နေသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) က ယနေ့ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိတွေ့တိုက်ပွဲများနှင့် မလုံခြုံမှုကြောင့် လူဦးရေ ၁ ဒသမ ၁ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး ယခင်ရှိနေပြီးသော ၃၃၀,၀၀၀ ကျော်နှင့် ထည့်သွင်းရေတွက်လျှင် ၂၀၂၂ နှစ်ကုန်တွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၅ သန်းကျော်လာခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်က ညပိုင်းတွင်ပင် စစ်​ကြောင်းထိုး၍ ရွာများကို မီးရှို့ အကြမ်းဖက်၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သောစစ်ကိုင်းတိုင်းမှပြည်သူများကို ဇန်နဝါရီလဆန်းက​တွေ့ရမှု။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ညပိုင်းတွင်ပင် စစ်​ကြောင်းထိုး၍ ရွာများကို မီးရှို့ အကြမ်းဖက်၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သောစစ်ကိုင်းတိုင်းမှပြည်သူများကို ဇန်နဝါရီလဆန်းက​တွေ့ရမှု။ ဓါတ်ပုံ-CJ)

“အထူးသဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာ ပြင်းထန်တဲ့တိုက်ပွဲတွေ၊ လုံခြုံရေးတင်းကျပ်မှုတွေ၊ ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်တွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာလုပ်သားတွေအပေါ်ခြိမ်းခြောက်မှုတွေကြောင့် အရပ်သားပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေသလို ရွှေ့ပြောင်းနေထိုင်မှုတွေ ထပ်မံဖြစ်ပေါ်စေပြီး လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းတွေကိုလည်း အဟန့်အတားဖြစ်စေပါတယ်” ဟု OCHA က ဆိုသည်။

Public Service Announcement
Public Service Announcement

ရခိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့အကြား အလွတ်သဘောအပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ဆက်လက်တည်တံ့နေသော်လည်း အခြေအနေမှာ ထိလွယ်ရှလွယ်ဖြစ်နေဆဲဟု OCHA က ဖော်ပြသည်။ မကြာသေးမီက တကျော့ပြန်တိုက်ပွဲများကြောင့် ရခိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် ရွှေ့ပြောင်းနေထိုင်သူဦးရေ ၁၆,၀၀၀ ကျော်ရှိကာ ယခင်နှင့်လက်ရှိ ပဋိပက္ခများကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ကြရသူပေါင်း ၈၉,၀၀၀ ကျော်အထိ ရှိလာပြီဟု ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းမှုအပြီး ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူမှာ စစ်ကိုင်းတိုင်းအတွင်း အများဆုံးဖြစ်ပြီး ၆၅၀,၀၀၀ ခန့်ရှိကြောင်း ကုလသဂ္ဂက မှတ်တမ်းတင်ထားသည်။ မကွေးတိုင်း၊ ကရင်နီနှင့် ကရင်ပြည်နယ်တို့တွင် ဒုတိယအများဆုံး အိုးအိမ်စွန့်ခွာခဲ့ကြပြီး လူဦးရေ ၃ သိန်းခန့်စီ ရှိကြောင်း သိရသည်။

You May Also Like

သတင်း

စစ်ကောင်စီထိန်းချုပ်ထားသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အခေါက်ရွှေတစ်ကျပ်သားကို ၂၂ သိန်းကျော်သာ ဈေးဖွင့်ထားသည်။

သတင်း

တော်လှန်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရေးအတွက် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရန် ကြိုပမ်းရာအချို့ကိုလူသိရှင်ကြား ထိတွေ့ဆက်ဆံနေပြီးအချို့ကို လူမသိ သူမသိ ချိတ်ဆက်မှုရှိကြောင်း ယာယီသမ္မတက ပြောသည်။

သတင်း

မြန်မာနိုင်ငံဟာ စစ်တပ် အာဏာသိမ်းလိုက်ချိန်ကစလို့ ပြည်တွင်းရေး မတည်ငြိမ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အခုနှစ်ထဲမှာတော့ နိုင်ငံအနှံ့ ပဋိပက္ခတွေ ပိုပြင်းထန်လာသလို နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေလည်း ပိုပြီး အရှိန်မြင့်လာနေတယ်လို့ Save the Childrenက ဆိုပါတယ်။

သတင်း

အဆိုပါစာရင်းတွင် အမျိုးသမီးများနှင့် ကလေးငယ်များစွာပါဝင်ပြီး ၎င်းတို့ကို ပြည်တွင်းနေရပ် စွန့်ခွာသူများဖြစ်စေရန်အတွက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေကြောင်း သံအမတ်ကြီးက ပြောသည်။