Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်စခန်းကိုသိမ်းပိုက်မီးရှို့ခဲ့သောဓါတ်ပုံလွိုင်​ကော်PDF ထုတ်ပြန်

ကရင်နီပူး​ပေါင်းတပ်များက စစ်​ကောင်စီတပ်၏ မယ်စ​လောင်း​တောင်ကုန်း စခန်းကိုတိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ခဲ့သည်ကို လွိုင်​ကော်PDF ကသတင်းဓါတ်ပုံပါထုတ်ပြန်သည်။

(မယ်စ​လောင်း​တောင် စစ်​ကောင်စီတပ်စခန်းအား ကရင်နီပူး​ပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-လွိုင်​ကော်PDF)
(မယ်စ​လောင်း​တောင် စစ်​ကောင်စီတပ်စခန်းအား ကရင်နီပူး​ပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-လွိုင်​ကော်PDF)

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ မယ်စလောင်းတောင်ကုန်းစခန်းသိမ်းတိုက်ပွဲတွင်ပါဝင်တိုက်ခိုက်ခဲ့​သော​နေ့တွင်ပင် လွိုင်ကော်မြို့ ချိကယ် – ပါလောင်း လမ်းမကြီးအနီးစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်ပါ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း လွိုင်ကော် PDF ကယနေ့ ထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၀ ရက်က ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို လွိုင်ကော် PDFအပါအဝင် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စခန်းကိုသိမ်းပိုက်မီးရှို့နိုင်ခဲ့သည်။

ကရင်နီပူး​ပေါင်းတပ်များက စစ်​ကောင်စီတပ်၏ မယ်စ​လောင်း​တောင်ကုန်း စခန်းကိုတိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ခဲ့သည်ကို လွိုင်​ကော်PDF ကသတင်းဓါတ်ပုံပါထုတ်ပြန်သည်။

(မယ်စ​လောင်း​တောင် စစ်​ကောင်စီတပ်စခန်းအား ကရင်နီပူး​ပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-လွိုင်​ကော်PDF)
(မယ်စ​လောင်း​တောင် စစ်​ကောင်စီတပ်စခန်းအား ကရင်နီပူး​ပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-လွိုင်​ကော်PDF)

Karenni Commando၊ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ DMO PDF၊ Falcon Wings တို့နှင့်အတူ လွိုင်ကော် PDF မှလည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ စခန်းကုန်းကို စွန့်ခွါထွက်​ပြေးသွားကြောင်း အသိပေးသည်။

စစ်ကောင်စီအဖွဲ့ဝင် ရုပ်အလောင်း ၅ လောင်းမျက်မြင်တွေ့ရှိခဲ့ရပြီး လက်နက် မျိုးစုံ ၁၀ လက်နှင့် ကျည်များ ၊မိုင်းများ၊ ခဲယမ်းနှင့် စစ်အသုံးအဆောင်များကိုသိမ်းဆည်းရရှိခဲ့သည်။

သိမ်းဆည်းရရှိပစ္စည်းများအရ (၆၀)မမစိန်ပြောင်း (၂)လက်၊RPG (၁)လက်၊MA-1 (၁)လက်၊MA -2 (၁)လက်၊MA-3 (၁)လက်၊MA-4 79တွဲ (၁)လက်၊ 9mm (၁)လက်၊ငါကြင်းမြီး (၁)လက်၊စနိုက်ဘာ (၁)လက်၊မိုင်းများ ၊ ခဲယမ်းကျည်ဆံများ နှင့်အခြား အသုံးအဆောင် ပစ္စည်များ ပါဝင်သည်။

(မယ်စ​လောင်း​တောင် စစ်​ကောင်စီတပ်စခန်းအား ကရင်နီပူး​ပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-လွိုင်​ကော်PDF)
(မယ်စ​လောင်း​တောင် စစ်​ကောင်စီတပ်စခန်းအား ကရင်နီပူး​ပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-လွိုင်​ကော်PDF)

“စခန်းသိမ်းဖို့ ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ကြိုတင်ပြင်ဆင်ညှိနှိုင်းခဲ့တယ်။ဘယ်လိုဆောင် ရွက်နိုင်ခဲ့တယ်ဆိုတာတော့ စစ်ရေးအရ မပြောလိုသေးဘူး။နောက်တစ်ခုကစကစ တပ်သားတွေအနေနဲ့မျက်မြင်ငါးဦးထက်ပိုပြီးသေနိုင်သေးတယ်”ဟု KNDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ တိုက်လေယာဉ်နှင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးများ ပစ်ကူပေးခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ပြီး ပူးပေါင်းတပ်ဖက်မှ KA(ကရင်နီတပ်မ​တော်)မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့သည်။

(မယ်စ​လောင်း​တောင် စစ်​ကောင်စီတပ်စခန်းအား ကရင်နီပူး​ပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-လွိုင်​ကော်PDF)
(မယ်စ​လောင်း​တောင် စစ်​ကောင်စီတပ်စခန်းအား ကရင်နီပူး​ပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-လွိုင်​ကော်PDF)

ထို့အပြင် လွိုင်ကော် PDF နှင့် Falcon Wings ၊ KA ၊ KNDF B (21) ၊ KNDF B (10) ၊ ဘောလခဲ PDF သည် ဘောလခဲမြို့ရှိ စစ်ကောင်စီ ၏ ဘောလခဲ ဗျူဟာစခန်း ကိုလည်း တစ်ချိန်တည်းတွင်ချဉ်းကပ်ကာ တိုက်ခိုက်ခဲ့သည်။

အလားတူ ဇန်နဝါရီ ၂၀ ရက်ညနေပိုင်း တွင် လွိုင်ကော်မြို့ ချိကယ် – ပါလောင်း လမ်းမကြီး၊ ဖာ့တီမာ မယ်တော်ဂူ အနီးတစ်ဝိုက်တွင် စစ် ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် KA ၊ KNDF ၊ လွိုင်ကော် PDF တပ်ခွဲ ၅ တပ်ပေါင်းစုတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လွိုင်ကော် PDF တပ်ခွဲ (၅) ရှိ ရဲဘော် မားရီယို မှာမြင့်မြတ်စွာ အသက်ပေးကျဆုံးခဲ့ရသည်။

(မယ်စ​လောင်း​တောင် စစ်​ကောင်စီတပ်စခန်းအား ကရင်နီပူး​ပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-လွိုင်​ကော်PDF)
(မယ်စ​လောင်း​တောင် စစ်​ကောင်စီတပ်စခန်းအား ကရင်နီပူး​ပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-လွိုင်​ကော်PDF)

“ဖားမော့ရွာနဲ့ အနီးမှာတိုက်ပွဲစဖြစ်တယ်။သူတို့ဘက်က အင်အား ၁၀၀ ကျော်လောက်နဲ့ စစ် ကြောင်းထိုလာတာ။လက်ရှိ အထိလည်း အခြေ အနေတင်းမာဆဲလို့ပြောလို့ရတယ်။အဲဒါကြောင့် အခု အဲဒီပတ်ဝန်းကျင်ကို အသွားအလာမလုပ်ဖို့ ပြည်သူတွေကို နှိုးဆော်ထားတယ်”ဟု​ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြော သည်။

တိုက်ပွဲများတွင်ကျဆုံးသွားသော သူရဲကောင်း ရဲဘော် (၂) ဦးအား အလေးပြု ဦးညွှတ်ပြီး အရေး တော်ပုံ အောင်မြင်သည်ထိ ဆက်လက်ကာတော်လှန်ရေးတာဝန်များကို ထမ်းဆောင် သွားမည်ဟု လွိုင်ကော် PDF က ကတိပြု​ကြောင်း​ဖော်ပြထားသည်။

You May Also Like

သတင်း

ထို့အပြင် သေဆုံးသူ နှစ်ဦးထံမှ (၉)မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဥ်လိုင်စင်နှင့် စာရွက်စာတမ်းအချို့အား သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

သတင်း

ယနေ့ (ဇန်နဝါရီ ၂၃ ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါက်မြို့နယ် တောင်ပိုင်းရှိ သီးခြောက်ကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

မတူပီမြို့နယ် ငလိုင်ရွာအနီးရှိ မတူပီ ချင်းကာကွယ်ရေးတပ်(CDF) စခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းစဉ်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်ဖက် ကျဆုံးထိခိုက်ရှိခဲ့သည်။

သတင်း

အင်းမ​ကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာ ၁၂ ရက်​ကလည်း ပထမအကြိမ်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ​နေအိမ် ၈၀ကျော် ပြာကျခဲ့​ကြောင်း ဒေသခံများက ပြောသည်။