Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုး ပစ်ခတ်မီးရှို့နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ယနေ့ (ဇန်နဝါရီ ၂၃ ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါက်မြို့နယ် တောင်ပိုင်းရှိ သီးခြောက်ကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ- Pauk Newsletter Page)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ- Pauk Newsletter Page)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုး ပစ်ခတ်မီးရှို့နေ၍ ကျေးရွာအများအပြားမှ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၂ရက်) နံနက် ၇နာရီခန့်က အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ်သည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပေါက်မြို့အနီး ကျသိုက်ကျေးရွာဘက်မှ ရွာစဥ်တလျှောက် စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း Pauk Newsletter Page၏ သတင်းပြန်ကြားရေးတာဝန်ခံ Salaiက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၂၃ ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါက်မြို့နယ် တောင်ပိုင်းရှိ သီးခြောက်ကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

“သီးခြောက်ကျေးရွာက မနှစ်ကလည်း မီးရှို့ဖျက် ဆီးခံထားရတာပါ”ဟု Pauk Newsletter Page၏ သတင်းပြန်ကြားရေးတာဝန်ခံ Salai က ပြောသည်။

ပေါက်မြို့နယ်သည် အာဏာသိမ်းထားသည့်ကာလအတွင်း ၂၀၂၂ ဒီဇင်ဘာအထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ပေါင်း၂,၉၈၄လုံး မီးလောင်ပျက်စီးခဲ့ပြီး တစ်နိုင်ငံလုံးရှိ မီးရှို့ဖျက်ဆီးခံရသည့် ရွာများအနက် တတိယအများဆုံးနေရာတွင် တည်ရှိနေသည်။

ထို့အပြင် ဇန်နဝါရီ ၁၈ရက်ကလည်း ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ရာ ရဲတစ် ဦးသေဆုံးခဲ့သည်။

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီမှ အပစ်မဲ့ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် CDF-Mindat ၏ တပ်စခန်းများကိုဦးတည်ကာ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဇန်နဝါရီ ၁၇ ရက်နေ့တနေ့ကုန်နှင့်ဇန်နဝါရီ ၁၈ရက်နံနက်အထိ တိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးသူများပြားခဲ့ ပြီး​နောက် ဇန်နဝါရီ ၁၈ရက်ညနေတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ယနေ့ (ဇန်နဝါရီ ၂၃ရက်) နံနက်ပိုင်းက နွားထိုးကြီးမြို့၏ အနောက်ဖက်ဂေါက်ကွင်းအနီးတွင်ညှင်းပမ်းနှိပ်စက်ထားသည့် ဒဏ်ရာများဖြင့် လူငယ်အမျိုးသားတစ်ဦးအလောင်းတစ်လောင်းလာရောက်စွန့်ပစ်သွားခဲ့သည်။

သတင်း

မတူပီမြို့နယ် ငလိုင်ရွာအနီးရှိ မတူပီ ချင်းကာကွယ်ရေးတပ်(CDF) စခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းစဉ်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်ဖက် ကျဆုံးထိခိုက်ရှိခဲ့သည်။