Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမောဆိုမြို့နယ်အ​ရှေ့ဘက် စစ်​ရေးပြင်းထန်​နေပြီး စစ်ဘေးရှောင်များအရေးပေါ်ပြောင်းရွှေ့

စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးများမှာ စစ်ရှောင်စခန်းများအနီးသို့ ကျရောက်လာခြင်းကြောင့် အရေးပေါ်ပြောင်းရွှေ့နေရသည်ဟု ဆိုသည်။

(ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းမှ အရေးပေါ်ရွှေ့ပြောင်းနေရသည့် စစ်ရှောင်ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - NGLM)
(ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းမှ အရေးပေါ်ရွှေ့ပြောင်းနေရသည့် စစ်ရှောင်ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - NGLM)

ကရင်နီ(ကယား)ပြည်နယ် ဒီးမောဆိုမြို့နယ် အ​ရှေ့ဘက်၌ စစ်​ရေးပြင်းထန်​နေပြီး စစ်ဘေးရှောင်များ အရေးပေါ်ပြောင်းရွှေ့နေရကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးများမှာ စစ်ရှောင်စခန်းများအနီးသို့ ကျရောက်လာခြင်းကြောင့် အရေးပေါ်ပြောင်းရွှေ့နေရသည်ဟု ဆိုသည်။

“နီးစပ်ရာ ရွာတွေက ကားအကူအညီတွေပါယူပြီး အ​ရေး​ပေါ် ​ပြောင်း​ရွှေ့​နေရပါတယ်။စစ်ရှောင်ပြည်သူတွေ လုံခြုံရေးအရ တည်နေရာတော့ ပြောဖို့ မဖြစ်နိုင် သေးဘူး”ဟု ကရင်နီစစ်ဘေးရှောင်ကူညီရေးတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

Public Service Announcement
Public Service Announcement

ကရင်နီပြည်နယ်၌ မိုးဗြဲနှင့် ဖယ်ခုံ​မြို့မှ စစ်ဘေးရှောင် အရေအတွက် အပါအဝင် ၂၀၀,၀၀၀ ဝန်းကျင်ရှိပြီး ထက်ဝက်ခန့်မှာ ဒီးမော့ဆိုမြို့နယ်မှ ဖြစ်သည်။

“စကစက လူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက် လာတာမျိုးလို့ပြောလို့ရတယ်။တောထဲက စစ်ရှောင်တွေကို မြို့ပေါ်တက်လာစေချင်တာ သူတို့ရည်ရွယ်ချက်ပဲ။အဓိက မကြာခင်သူတို့လုပ်မယ့် ရွေးကောက်ပွဲကို အထမြောက်စေချင်ပုံရတယ်”ဟု ကရင်နီသတင်းရင်းမြစ်က ပြောသည်။

ယခုလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် ကရင်နီပြည်နယ်၌ အရပ်သားပြည်သူ လေးဦးသေဆုံးခဲ့ရပြီး ၁၀ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိထားသည်။

You May Also Like

သတင်း

သေဆုံးသွားသူမှာ အသက်(၃၃)နှစ်ရှိ ဒေါ်မူလင်း ဖြစ်ပြီး ကောင်းဆောင်ရွာသို့ စစ်ဘေးရှောင်ရန် လာရောက်နေထိုင်သူ ဖြစ်သည်။

ဆောင်းပါး

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအိုနိုင်ငံတို့မှာ မြေပြင်အခြေအနေတွေပေါ် မူတည်ပြီးတွက်ဆချက်(assessment)တစ်ခုရှိပြီး အဆိုပါ တွက်ဆချက်နဲ့ မူဝါဒတစ်ရပ်ကိုလက်ကိုင်စွဲထားပါတယ်။

သတင်း

ယမန်နေ့( ဒီဇင်ဘာ ၂၇ရက်)ကလည်း ရေစကြိုနှင့်မြောက်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများနှင့်အသုံးအဆောင်ပစ္စည်းများကို မြောင်လူငယ်ကွန်ယက် YFC၊ CDSOM၊ Pdf - Taloke ၊ မြင်းမူ CRF တို့က သွားရောက်လှူဒါန်းခဲ့ကြသည်။

သတင်း

ယနေ့(ဒီဇင်ဘာ ၂၃ ရက်)နေ့လယ် ၁၂နာရီအချိန်တွင် စစ်ကောင်စီလေတပ်မှ တိုက်လေယဥ်တစ်စင်းပျံဝဲနေသည်ကို တွေ့ရှိရခြင်းဟု ဆိုသည်။