Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောက်ဒဂုံ ၂ ထပ်အိမ်မီးလောင်မှု လူ ၄ ဦးသေဆုံး

ဓာတ်ပုံမှတ်တမ်းတွေအရ မီးကြီးပြီး မီးငြိမ်းပြီးနောက် မီးလောင်ပြင်ထဲမှာ မီးလောင်ကျွမ်းနေတဲ့ရုပ်အလောင်းတွေကို တွေ့ရပါတယ်။

ဓာတ်ပုံ − မီးသတ်
ဓာတ်ပုံ − မီးသတ်

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၃၃ ရပ်ကွက်မှာ ဒီနေ့မနက်အစောပိုင်း မီးလောင်မှုဖြစ်ပွားရာ အိမ်ရှင် သက်ကြီးရွယ်အို အပါအဝင် လူ ၄ ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်ခဲ့တဲ့လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။

မြောက်ဒဂုံမြို့နယ် ၊ ၃၃ ရပ်ကွက် ၊ စိန်ပန်းမြိုင်လမ်းမှာရှိတဲ့ ၂ ထပ်အိမ် ဟာ ဒီနေ့မနက်ပိုင်း ၂ နာရီမခွဲခင်က စတင်ပြီး နာရီဝက်နီးပါး လောင်ကျွမ်းခဲ့တာလို့ မီးသတ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဓာတ်ပုံ − မီးသတ်
ဓာတ်ပုံ − မီးသတ်

ဓာတ်ပုံမှတ်တမ်းတွေအရ မီးကြီးပြီး မီးငြိမ်းပြီးနောက် မီးလောင်ပြင်ထဲမှာ မီးလောင်ကျွမ်းနေတဲ့ရုပ်အလောင်းတွေကို တွေ့ရပါတယ်။

သေဆုံးသူတွေဟာ အိမ်ရှင်ဖြစ်သူ အသက် ၉၀ နှစ်အရွယ် သက်ကြီးရွယ်အို အဘွားအို ၊ အဲဒီအဘွားကို ပြုစုနေတဲ့ အသက် ၁၈ နှစ်နဲ့ အသက် ၃၀ နှစ်အရွယ် သူနာပြုအမျိုးသမီး ၂ ဦးနဲ့ အိမ်ရှင်အဘွားအိုရဲ့အသက် ၅၀ နှစ်အရွယ်သားဖြစ်သူတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီမီးလောင်မှုမှာ ဘေးအိမ်တွေကို ကူးစက်လောင်ကျွမ်းခဲ့တာမရှိပါဘူး။

You May Also Like

ဗီဒီယို

ထိုင်းက အဝေးပြေး လမ်းမတွေမှာ လုံခြုံရေး အစီအမံ အားနည်းချက်တွေ ရှိနေတာကြောင့် ဆိုးရွားတဲ့ ယာဉ်မတော်တဆမှု သတင်းတွေကို ရံဖန်ရံခါ ကြားရလေ့ ရှိကြောင်းလည်း သိရပါတယ်။

သတင်း

ဇန်နဝါရီ ၁၉ ရက်က မြိုင်မြို့နယ်၊ ကိုင်းတောမရှိ စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဗီဒီယို

ရဲတွေဟာ ထရန်ရဲ့ ဗင်ကားထဲမှာ လူသတ်မှုနဲ့ ဆက်စပ်တဲ့ အထောက်အထားတွေ ရှာတွေ့ထားပေမယ့် ဘာကြောင့် အခုလို အစုလိုက် ပစ်ခတ်မှုမျိုး ကျူးလွန်ခဲ့သလဲ ဆိုတာကိုတော့ အဖြေရှာမရဘဲ ပဟေဠိ ဆန်နေဆဲလို့ သိရပါတယ်။

သတင်း

ဇန်နဝါရီ ၁၇ ရက်နေ့တနေ့ကုန်နှင့်ဇန်နဝါရီ ၁၈ရက်နံနက်အထိ တိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးသူများပြားခဲ့ ပြီး​နောက် ဇန်နဝါရီ ၁၈ရက်ညနေတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။