Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျုံဒိုးမြို့အနီးတိုက်ပွဲ DKBA စစ်ကြောင်းတော်လှန်ရေးပူးပေါင်းတပ်တွင် ပါဝင်တိုက်ခိုက်

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၁ရက်က ကပင် DKBA မှ တပ်မှူးတစ်ဦးဖြစ်သည့် ဗိုလ်မှူးစောအေဝမ်း၏ ဘုရားသုံးဆူဒေသရှိ နေအိမ်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်လုံး၀ ပျက်စီးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိခဲ့သည်။

(တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်များ တိုက်ပွဲအပြီး တွေ့ရစဉ်၊ ဓာတ်ပုံ - Lion Battelion Commando)
(တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်များ တိုက်ပွဲအပြီး တွေ့ရစဉ်၊ ဓာတ်ပုံ - Lion Battelion Commando)

▪️တိုက်ပွဲ တစ်ပတ်ကြာဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားကြောင်း အသိပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ၌ တစ်ပတ်အတွင်း တိုက်ပွဲများ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့သည်ဟု Lion Battelion Commando – ဗျူဟာစစ်ကြောင်းက ထုတ်ပြန်သည်။

ကျုံဒိုးမြို့အနီး ကော့ကျိုက်၊ အံဂလုံ နှင့် ကမ်းနီစံပြကျေးရွာများအတွင်း ဇန်နဝါရီ ၂၀ရက်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ Lion Battelion Commando – ဗျူဟာစစ်ကြောင်း၊KNU/KNDO အမှတ်(၆)တပ်ရင်း၊ ဂဠုန်စစ်ကြောင်း နှင့် DKBA စစ်ကြောင်းများပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

ဇန်နဝါရီ ၂၀ရက်မှ ၂၆ရက်အထိတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ကျဆုံးသူ ၉၀ကျော်အထိရှိခဲ့ပြီး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသူ ၅၀ကျော်ရှိပြီး အကျအဆုံး၊အထိအခိုက် များစွာဖြင့် ပြန်လည်ဆုတ်ခွါသွားကြောင်း အဆိုပါ Lion Battelion Commando – ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ခဲ့သော်လည်း သီးခြားအတည်မပြုနိုင်ခဲ့ပေ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ကမ်းနီစံပြကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ်(၅၄၅ /၅၄၆) အမြောက်တပ်မှ လက်နက်ကြီးအကြိမ်ရေပေါင်း ၂၀၀ကျော်ပစ်ခတ်ခဲ့ပြီး လေကြောင်းပစ်ကူ ၁၀ကြိမ်နှင့်အထက် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်များ တိုက်ပွဲအပြီး တွေ့ရစဉ်၊ ဓာတ်ပုံ - Lion Battelion Commando)
(တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်များ တိုက်ပွဲအပြီး တွေ့ရစဉ်၊ ဓာတ်ပုံ – Lion Battelion Commando)

ကျေးရွာအတွင်းရှိ နေအိမ် (၅)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပြီး တိုက်ပွဲအတွင်း KNDO တပ်ရင်း(၆)မှ တပ်ခွဲမှုးဗိုလ်စောလင်းဌေးနှင့် ရဲဘော် နှစ်ဦးကျဆုံးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ဆွေးနွေးမှုပြုလုပ်နေသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) စစ်ကြောင်းပါ ပါဝင် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ယင်းနှင့်ပတ်သက်၍ DKBA ဌာနချုပ်မှ တပ်မှူးတစ်ဦးအား မေးမြန်းရာ ၎င်းအနေဖြင့် မသိရှိကြောင်း ဖြေကြားသည်။

ထို့အပြင် အခြား DKBA တပ်မှူးအချို့အား ဆက် သွယ်ရာတွင်လည်း အဆက်အသွယ်မရသေးပေ။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၁ရက်က ကပင် DKBA မှ တပ်မှူးတစ်ဦးဖြစ်သည့် ဗိုလ်မှူးစောအေဝမ်း၏ ဘုရားသုံးဆူဒေသရှိ နေအိမ်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်လုံး၀ ပျက်စီးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိခဲ့သည်။

ကျုံဒိုးတိုက်ပွဲ၌ တော်လှန်ရေးအင်အားစုများဘက်မှ DKBA စစ်ကြောင်း ပါဝင်မှုကို KNU ဗဟိုမှ သတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။

စစ်အာဏာရှင်တိုက်ဖျက်ရေး တိုက်ပွဲ၌ DKBA အနေဖြင့် ပြတ်သားမှုမရှိသည့် အခြေအနေမှာ ကိုယ်ကျိုးရှာနေသည့် အဖွဲ့အစည်းထိပ်ပိုင်းခေါင်းဆောင် အချို့ကြောင့်ဖြစ်ပြီး အောက်ခြေပိုင်းက ပြည်သူအပေါ် မတရားမှုမျိုးစုံ ကျူးလွန်နေသည့် စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်လိုကြသည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

You May Also Like

သတင်း

ယနေ့(ဇန်နဝါရီ၂၆ ရက်)နံနက် ၁၀နာရီခန့်က မြိုင် (ပကဖ)တပ်ရင်း(၁)နှင့် ပေါက်ကျေးရွာ ကာကွယ်ရေးဖွဲ့တို့ပူးပေါင်း၍ Well-2 ကျောက်ခွက်ရေနံမြေမှ ထွက်လာသည့် စစ်ကောင်စီတပ်အား မိုင်းကွင်းများ အသင့်ပြင်ဆင်ကာ စောင့်ဆိုင်းခဲ့သည်။

သတင်း

AviChinaဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက မြန်မာစစ်တပ်အတွက် အပေါ့စားလေယာဉ်တွေ ပို့ဆောင်ပေးခဲ့ပြီး Bharat Electronicsကတော့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတုန်းကမြန်မာနိုင်ငံမှာအဝေးထိန်းလက်နက်ရုံတစ်ခုတည်ဆောက်ပေးခဲ့တယ်လို့သိရပါတယ်။

သတင်း

၀က်လက်မြို့နယ် အနောက်ဘက်ခြမ်းတွင် အင်အား ၆ဝကျော်ပါ စစ်ကောင်စီတပ်သည် သုံးရက်ဆက် တစ်ရွာ၀င်တစ်ရွာထွက် လုယက် မီးရှို့နေပြီး သိမ်းသွားသည့်ပစ္စည်းများအား လှတောစခန်းသို့ပို့နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

KIA အနေဖြင့်လည်း ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ညှိနှိုင်းမှုမပြုသည့် သဘောကို တွေ့ရသည်ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် တိုက်ပွဲများလည်း ဆက်လက်ပြင်းထန်လာနိုင်သည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။