Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ယူကရိန်း ဒရုန်းတွေကို စိုးရိမ်လို့ ပူတင်ရဲ့ အိမ်နားမှာ လေကြောင်းကာကွယ်ရေးစနစ် ထားရှိ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က အစိုးရရဲ့ အရေးပါတဲ့ ရုံးဌာနတွေနားမှာ ကာကွယ်ရေး အစီအမံတွေ တိုးမြှင့်ထားတယ်လို့ အတည်ပြုပေမယ့် ပူတင်ရဲ့ အိမ်နားမှာ လေကြောင်းကာကွယ်ရေး စနစ်တစ်ခု ချထားတယ် ဆိုတာကိုတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ နေအိမ်နားမှာ လေကြောင်း ကာကွယ်ရေး စနစ်တစ်ခု ဖြန့်ကျက်ထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဒါဟာ ယူကရိန်းဆီက နယ်စပ်ဖြတ်ကျော် တာဝေးတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ခြေကို ပိုမို တွေးတော ပူပင်လာတာကြောင့် ဖြစ်နိုင်တယ်လို့ စစ်ရေး လေ့လာသူတွေက ဆိုပါတယ်။ ရုရှားရဲ့ လွတ်လပ်တဲ့ မီဒီယာ တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်ကမှ ထူထောင်ထားတဲ့ Agentstvoက နိုဗိုဂိုရော့ဒ်မှာရှိတဲ့ ပူတင်ရဲ့ အိမ်တော်နားမှာ Pantsir-S1 လေကြောင်း ကာကွယ်ရေး စနစ်တစ်ခု ဖြန့်ကျက် ထားရှိကြောင်း ဖော်ပြခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေး သတင်းဌာန တစ်ခုဖြစ်တဲ့ Agentstvoက ပူတင်ရဲ့ အိမ်နားမှာ ထားရှိတာဆိုတဲ့ Pantsir-S1 စနစ်ရဲ့ ဓာတ်ပုံတစ်ပုံကိုလည်း Telegramမှာ မျှဝေခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း မော်စကို မြို့တော်မှာရှိတဲ့ အစိုးရ အဆောက်အအုံ တချို့ရဲ့ ခေါင်မိုးတွေပေါ်မှာ Pantsir-S1 လေကြောင်း ကာကွယ်ရေး စနစ်တွေ အလျင်စလို လိုက်လံ တပ်ဆင်နေတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံ မှတ်တမ်းတွေ ထွက်ပေါ်လာပါသေးတယ်။ ဒါဟာ ယူကရိန်းဆီက ဒရုန်း တိုက်ခိုက်မှုတွေ မော်စကိုထိ နယ်ကျွံ ရောက်ရှိလာမှာကို စိုးရိမ်ပြီး ကြိုတင် ပြင်ဆင်နေတာဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က အစိုးရရဲ့ အရေးပါတဲ့ ရုံးဌာနတွေနားမှာ ကာကွယ်ရေး အစီအမံတွေ တိုးမြှင့်ထားတယ်လို့ အတည်ပြုပေမယ့် ပူတင်ရဲ့ အိမ်နားမှာ လေကြောင်းကာကွယ်ရေး စနစ်တစ်ခု ချထားတယ် ဆိုတာကိုတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလတုန်းက ရုရှားနိုင်ငံရဲ့ အစိတ်အပိုင်း တချို့မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေ ကြုံတွေ့ခဲ့ပေမယ့် ယူကရိန်းကတော့ သူတို့ရဲ့ လက်ချက်လို့ အတိအလင်း ဝန်မခံခဲ့ပါဘူး။ ဒါပေမဲ့ ရုရှားက ယူကရိန်းသာ အနောက်နိုင်ငံတွေဆီက စစ်လက်နက် အထောက်အပံ့တွေ ပိုမို ရောက်ရှိလာရင် ရုရှားနိုင်ငံ အတွင်းပိုင်း နက်နက်ရှိုင်းရှိုင်းထိ တိုက်ခိုက်လာမှာကို စိုးရိမ်ပြီး ကာကွယ်ရေး အစီအမံတွေ မြှင့်တင်နေတာ ဖြစ်ပါတယ်။

You May Also Like

သတင်း

တိုက်ပွဲဖြစ်ပွားရာနေရာသည် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် နယ်စပ်တွင်တည်ရှိပြီး မိုင်းဟုန်းကျေးရွာအပြင် အနီးရှိ ပင်တပြေကျေးရွာမှ ဒေသခံပြည်သူများပါ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သတင်း

ပြည်သူများအနေဖြင့် ပုန်းခိုကျင်းများ တူးထားရန်၊ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်အား အထူးသတိပြုကြရန်လည်း မင်းတပ် CDFက အသိပေးထားသည်။

သတင်း

စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် ရဲဘော်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီမှ အပစ်မဲ့ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် CDF-Mindat ၏ တပ်စခန်းများကိုဦးတည်ကာ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။