Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နေအိမ်များမီးရှို့ခံထားရသည့် ဖားကန့် ဆယ်ဇင်းရွာ ပြည်သူများအား ရွာ၌ ပြန်လည်နေထိုင်ရန် စစ်ကောင်စီ ဖိအားပေးစေခိုင်း

(စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်က ဆယ်ဇင်းရွာရှိ ​နေအိမ်နှင့်အ​ဆောက်အအုံများကို၂၀၂၂လသြဂုတ်လက မီးရှို့ဖျက်ဆီးပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်က ဆယ်ဇင်းရွာရှိ ​နေအိမ်နှင့်အ​ဆောက်အအုံများကို၂၀၂၂လသြဂုတ်လက မီးရှို့ဖျက်ဆီးပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

▪︎ရွာပြန်မနေပါက နေအိမ်များ၊ မြေနေရာများကို ရွှေမျှောလုပ်ပစ်မည်ဟု ခြိမ်းခြောက်

စစ်ကောင်စီတပ်က နေအိမ်များမီးရှို့ဖျက်ဆီးထားသည့် ဖားကန့်မြို့နယ် ဆယ်ဇင်ရွာမှ ဒေသခံ များကို မိမိရွာသို့ ပြန်လည်နေထိုင်ရန် စစ်ကောင်စီတပ်ကဖိအားပေး ခြိမ်းခြောက်​နေ၍ စစ်ရေးတင်းမာနေသည့် အခြေအနေ၌ပင် ရွာ၌ ပြန်လည်နေထိုင်နေကြရသည်ဟုဆယ်ဇင်းရွာခံက ပြောသည်။

၂၀၂၂ ဩဂုတ်လက ဆယ်ဇင်းဒေသတိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့(SNA) တို့က ဆယ်ဇင်းရွာမှနေအိမ် ရာနှင့်ချီမီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံများကို ပစ်ခတ်သတ်ဖြတ်ခြင်းများကျူးလွန်ခဲ့သဖြင့် ​ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

(စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်က ဆယ်ဇင်းရွာရှိ ​နေအိမ်နှင့်အ​ဆောက်အအုံများကို၂၀၂၂လသြဂုတ်လက မီးရှို့ဖျက်ဆီးပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်က ဆယ်ဇင်းရွာရှိ ​နေအိမ်နှင့်အ​ဆောက်အအုံများကို၂၀၂၂လသြဂုတ်လက မီးရှို့ဖျက်ဆီးပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

“မီးရှို့ခံထားရတဲ့ မြေနေရာတွေ အိမ်တွေ ကို လာပြန်မနေဘူးဆိုလို့ရှိရင် သူတို့ သိမ်းမယ် ရွှေမြောလုပ်မယ် ဆိုပြီး ခြိမ်းခြောက်လို့ တစ်အိမ်တစ်ယောက်တော့ သွားပြီးနေထားကြတယ်။ မိသားစု ၅ဦးရှိရင် တစ်ယောက်ပေါ့ မြေကြီးတွေ သိမ်းမှာဆိုးလို့ သူတို့လက်အောက်မှာ သွားနေကြတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ သွားနေကြရတာ အသက်အာမခံကတော့ ဘယ်သူမှ မပေးဘူး”ဟု ဆယ်ဇင်းရွာခံတစ်ဦးက ပြောသည်။

(စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်က ဆယ်ဇင်းရွာရှိ ​နေအိမ်နှင့်အ​ဆောက်အအုံများကို၂၀၂၂လသြဂုတ်လက မီးရှို့ဖျက်ဆီးပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်က ဆယ်ဇင်းရွာရှိ ​နေအိမ်နှင့်အ​ဆောက်အအုံများကို၂၀၂၂လသြဂုတ်လက မီးရှို့ဖျက်ဆီးပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

ထိုသို့ခြိမ်းခြောက်ထားသည်မှာ သုံးလကြာပြီဖြစ်ပြီး ယမန်နေ့ (ဇန်နဝါရီ ၂၆ရက်)နံနက်အ​စောပိုင်းတွင် ဆယ်ဇင်းဒေသ၌ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က ဆယ်ဇင်းဒေသရှိ SNA တပ်စခန်း ၃ခုကိုတိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးခဲ့သည်ဟုဒေသခံက ​ပြောသည်။

“သူတို့(စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များ)အထိအခိုက်တော့ တော်တော်များတယ်လို့ ပြောတယ်။ အတိအကျတော့မသိရဘူး။ခံထားတဲ့ ပြည်သူတွေက အားလုံး ဝမ်းသာတာပေါ့ ကျွန်မတို့ အပါအဝင်ပေါ့။ ဆယ်ဇင်းရဲ့ နယ်မြေကို စစ်ကောင်စီနဲ့ SNAက မီးရှို့ထားတယ်။ ပြည်သူတွေကို ရက်ရက်စက်စက် ပစ်သတ်ထားတယ်။ ပစ်သတ်ထားတဲ့အခါကျတော့ PDFနဲ့ KIAက ပြန်ပြီး တုံ့ပြန်ပေးတဲ့အတွက် အားလုံးဝမ်းသာပီတိဖြစ်နေကြတာ” ဟု ဆယ်ဇင်းရွာခံတစ်ဦးက ပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များပြားထား၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

သတင်း

ယနေ့(ဇန်နဝါရီ၂၆ ရက်)နံနက် ၁၀နာရီခန့်က မြိုင် (ပကဖ)တပ်ရင်း(၁)နှင့် ပေါက်ကျေးရွာ ကာကွယ်ရေးဖွဲ့တို့ပူးပေါင်း၍ Well-2 ကျောက်ခွက်ရေနံမြေမှ ထွက်လာသည့် စစ်ကောင်စီတပ်အား မိုင်းကွင်းများ အသင့်ပြင်ဆင်ကာ စောင့်ဆိုင်းခဲ့သည်။

သတင်း

AviChinaဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက မြန်မာစစ်တပ်အတွက် အပေါ့စားလေယာဉ်တွေ ပို့ဆောင်ပေးခဲ့ပြီး Bharat Electronicsကတော့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတုန်းကမြန်မာနိုင်ငံမှာအဝေးထိန်းလက်နက်ရုံတစ်ခုတည်ဆောက်ပေးခဲ့တယ်လို့သိရပါတယ်။

သတင်း

ဇန်နဝါရီ၂၀ရက်မှ ၂၆ရက်အထိ ဝက်လက်မြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုတ်ပွဲ၌ စစ်ကောင်စီဘက်က ၁၅ဦးသေဆုံး၍ ငါးဦးထက်မနည်းထိခိုက် ဒဏ်ရာရရှိသွားကြောင်း၊ PDFဘက်က ကျဆုံး ၆ ဦးအပြင် နှစ်ဦးဖမ်းခံရပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း PAFD တာဝန်ခံက ပြောသည်။