Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီလက်အောက်ခံ ရှမ်းနီ SNA၏ဖားကန့်မှစခန်း သုံးခုကို KIA/PDF ပူး​ပေါင်းတိုက်ခိုက်သိမ်းပိုက်

ဆယ်ဇင်းဒေသရှိ အခြားဒေသခံတစ်ဦးကလည်းစစ်ကောင်စီတပ်နှင့်ရှမ်းနီပူးပေါင်းတပ်စွဲထားသောဆည်ဆင်းကျေးရွာမှ ရွှေသွေးဂိတ်ကို KIA/PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ ရွှေသွေးဂိတ် ပြာကျသွားသည်ဟု ပြောသည်။

(KIAတပ်ဖွဲ့ဝင်များ။(ပုံအ​ဟောင်းများဖြစ်ပါသည်) ဓါတ်ပုံ-Getty Images)
(KIAတပ်ဖွဲ့ဝင်များ။(ပုံအ​ဟောင်းများဖြစ်ပါသည်) ဓါတ်ပုံ-Getty Images)

▪︎စစ်ကောင်စီတပ်နှင့်ရှမ်းနီတပ်များသေဆုံးထိခိုက်ရှိပြီး လက်နက်များလည်းရရှိဟုသိရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဆယ်ဇင်းဒေသရှိစစ်ကောင်စီလက်အောက်ခံ ရှမ်းနီလက်နက်ကိုင်တပ်(SNA) တပ်စွဲရာ နေရာ ၃နေရာကို ယနေ့မနက် စောပိုင်း၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်PDF ပူး​ပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဆယ်ဇင်းဒေသခံက ပြောသည်။

“KIA နယ်မြေကို SNA ရှမ်းနီကကျူးကျော်ထားတာ။ ကျူးကျော်ထားတဲ့နေရာကို KIAက ပြန်ပြီးတော့သိမ်းတာပေါ့။သိမ်းပိုက်နိုင်ပြီးပါပြီ ၅နာရီထိုးတာနဲ့ပြီးသွားပါပြီ။ဆယ်ဇင်းရဲ့ ပန်ချယ်ရယ်၊ ရွှေတွင်းလမ်းဆုံရယ် မှန်စိမ်းရယ် ပေါ့ အဲဒီ သုံးနေရာကို သိမ်းပိုက်နိုင်ပါပြီ။ အဲဒါ သူတို့ အထိုင်စခန်းတွေပေါ့။ သူတို့ဘက်က တော်တော်ကျတယ်နေမယ်။ တော်တော်ကျတဲ့အခါကျတော့သူတို့ ဆုတ်ပေးလိုက်ရတာပေါ့ နောက်ကို” ဟု ဆယ်ဇင်းဒေသခံက ပြောသည်။

စခန်း သုံးခုလုံးကို ပိုင်ပိုင်နိုင်နိုင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်၍ လက်နက်ခဲယမ်းများလည်း ရရှိမည်ဖြစ်ကြောင်း ၎င်း ကဆဆက်​ပြောသည်။

“(လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအခြေအနေ)တိတိကျကျတော့ မသိဘူး။ KIA နဲ့ PDF ဘက်က အထိအခိုက်မရှိဘူး” ဟုဆယ်ဇင်းဒေသခံကပြောသည်။

(KIAတပ်ဖွဲ့ဝင်များ။(ပုံအ​ဟောင်းများဖြစ်ပါသည်) ဓါတ်ပုံ-Getty Images)
(KIAတပ်ဖွဲ့ဝင်များ။(ပုံအ​ဟောင်းများဖြစ်ပါသည်) ဓါတ်ပုံ-Getty Images)

ယခု တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် SNA တပ်စခန်းများသည် အင်အား ၅၀မှ ၈၀ အကြားရှိ တပ်စခန်းများ ဖြစ်သည်ဟုသိရသည်။

ဆယ်ဇင်းဒေသရှိ အခြားဒေသခံတစ်ဦးကလည်းစစ်ကောင်စီတပ်နှင့်ရှမ်းနီပူးပေါင်းတပ်စွဲထားသောဆည်ဆင်းကျေးရွာမှ ရွှေသွေးဂိတ်ကို KIA/PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ ရွှေသွေးဂိတ် ပြာကျသွားသည်ဟု ပြောသည်။

“ မနက်မလင်းခင်ကတည်းက ချနေကြတာ။ စစ်တပ် စခန်းကို စွန့်ပြေးပြီလို့ကြားရပါတယ်”ဟုဆယ်ဇင်းဒေသခံက ပြောသည်။

ကချင်စစ်ရေးသတင်းများ ဖော်ပြနေသည့် သတင်းရင်းမြစ်တစ်ဦးကလည်း ” အာဏာသိမ်း အကြမ်းဖက်အဖွဲ့နှင့် ရှမ်းနီအကြမ်းဖက်လက်နက်ကိုင်အဖွဲ့ SNA ပူးပေါင်းအဖွဲ့၏ ရွှေသွေးဟုခေါ်သောတပ်စခန်းအားကချင်လွတ်မြောက်ရေးတပ်မတော် KIA,တပ်မဟာ ၉ ,အမှတ် ၂၆ တပ်ရင်းတပ်ဖွဲ့များမှသွားရောက်တိုက်ခိုက်ရှင်းလင်း ခဲ့ပြီးအကြမ်းဖက်စစ်တပ်၏ လက်နက်ခဲယမ်း၊ရိက္ခာအများအပြားကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့်စစ်အာဏာသိမ်းအကြမ်းဖက်အဖွဲ့မှထိခိုက်သေဆုံးမှုများသောကြောင့်တစ်ချို့မှာသေနတ်ကိုလွှတ်ပစ်ကာထွက်ပြေးဆုတ်ခွာသွားကြကြောင်းလည်းသတင်းရရှိသည်” ဟု ၎င်း၏​ဖေစ်ဘွခ်တွင်ရေးသားအသိ​ပေးထားသည်။

ဖားကန့်ဒေသ၌ တိုက်ပွဲဖြစ်ပွားနေမှုကို KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု​သော်လည်း အသေးစိတ် အခြေအနေမသိရသေးဟု ယနေ့မနက်တွင် ပြောသည်။

ထို့အပြင်ဖားကန့်ကာမိုင်းဒေသ၊နမ်ဆိုင်ရွာတွင်လည်းယနေ့မနက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ကာမိုင်းအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်လျက်ရှိကြောင်း ဒေသခံက ပြောသည်။

“စစ်ဆေးရေးဂိတ်အတိုက်ခံရတာ။ ဒီနေ့မနက် မိုးကောင်း-ဖားကန့်လမ်းတကြောမှာ တိုက်ပွဲတွေဖြစ်နေတယ်ကြားတယ်။ ကားတွေလည်း ပိတ်မိနေလို့ သတင်းနားစွင့်ပြီးမှ လာကြပါ”ဟု မိုးကောင်းမြို့ခံတစ်ဦးကပြောသည်။

ထို​ကြောင့်KIA၊PDF ပူး​ပေါင်းတပ်များသည် ယမန်​နေညတွင် ဖားကန့် ​မှော်ဆီဇာရှိ စစ်​ကောင်စီ၏ ​မှောဆီဇာရဲစခန်းကို တိုက်ခိုက် မီးရှို့ခဲ့ပြီး ၊ နံနက်အ​စောပိုင်း စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ကာ၊ မိုး​ကောင်း-ဖားကန့်လမ်းတစ်​ကြောတွင်လည်းတိုက်ပွဲများဖာ်​ဆောင်ခဲ့ခြင်းဖြစ်သည်။

You May Also Like

သတင်း

မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်တွင် ကျူး​ကျော်တပ်ဆွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မိုးဗြဲရေလှောင်တမံရှိ တပ်စခန်းတို့ကို ဇန်နဝါရီ ၂၄ ရက်ည ၈ နာရီခန့်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

ရွှေတောင်မေတ္တာ အခမဲ့ ပရဟိတဆေးခန်းဟာ မုံရွာမြို့ ၊ကူးတို့ကုန်းရပ်ကွက် ၊ပြည်လုံးချမ်းသာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတာဖြစ်ပြီးနေ့စဉ် လူနာ ၁၀၀ နီးပါး ကုသပေးနေရတယ်လို့သိရပါတယ်။

သတင်း

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးအခြေအနေ မသိရသေးသော်လည်း ထိခိုက်ကျဆုံးအနည်းနှင့်အများရှိမည်ဟု ဗိုလ်မှူးကြီးနော်ဘူကဆက် ပြောသည်။ ရှမ်းမြောက် တွင်လည်း KIAနှင့် စစ်ကောင်စီတပ်တို့ ရင်ဆိုင်တိုက်ပွဲ အချို့ရှိသည်ဟု ၎င်း ကဆိုသည်။

သတင်း

အဆိုပါ စစ်ဆင်ရေးကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ သရဲနီအဖွဲ့၊ စွန်ရဲ၊ 3D အဖွဲ့အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။