Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်တွင် စစ်ကောင်စီစစ်ကြောင်းနှစ်ခုကို မိုင်းဆွဲတိုက်ခိုက်

ဇန်နဝါရီ ၁၇ ရက်ကလည်း မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိခဲ့သည်။

(မြောင်မြို့နယ်T.G.Rပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ပစ်ခတ်နေစဉ်)
(မြောင်မြို့နယ်T.G.Rပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ပစ်ခတ်နေစဉ်)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှစ်ခုအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြောင်မြို့နယ်T.G.R ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့က ဗိုလ်တိုက်ဂါးက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ၂၉ ရက်)နံနက် ၅ နာရီခန့်က မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်သည် နဘက်ကျေးရွာသို့သွားပြီး မြောင်မြို့ပေါ်မှထွက်လာသော စစ်ကောင်စီတပ်နှင့် စစ်ကြောင်းခြင်းလဲပြီးနောက် ကျောက်ရစ်စခန်းသို့ပြန်လာခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်အား ကင်းရွာနှင့် ကိုးပင်ကျေးရွာကြားတွင် ပထမတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး နေ‌ရာတွင် သေဆုံးခဲ့ကြောင်း၊ ကျန်စစ်ကောင်စီတ​ပ်သားများသအား ကိုးပင်ရွာထိပ်အဝင်တွင် ဒုတိယတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဗိုလ်တိုက်ဂါးက ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ မြောင်မြို့သို့ ပြန်ရန် နဘက်ရွာမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြောင်မြို့နှင့် ကူတို့ကုန်းရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး မြောင်မြို့ပေါ်အရောက်တွင် သုံးဦးထပ်မံသေဆုံးကြောင်း ၎င်းကဆိုသည်။

ထို့အပြင် မြောင်မြို့နှင့် နဘက်ရွာကြား လမ်းခုလပ်များတွင် T.G.R ထုပ် G3 စနိုက်ပါဖြင့် နှစ်နေရာ ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်T.G.R ပြည်သူ့ကာကွယ်ရေးတပ်က အသိပေးသည်။

ဇန်နဝါရီ ၁၇ ရက်ကလည်း မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိခဲ့သည်။

You May Also Like

သတင်း

ယနေ့ (ဇန်နဝါရီ ၃၀ နံနက်) ၈ နာရီခွဲခန့်က စစ်ကောင်စီစစ်ကြောင်း သုံးခုသည် ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သတင်း

ဇန်နဝါရီ ၃၀ရက်က မိသားစုတစ်စုသ​ည် ယင်းမာပင်မြို့နယ်မှ ၎င်းတို့နေထိုင်ရာ ကနီမြို့နယ် ယင်းယိမ်ကျေးရွာသို့ ချင်းတွင်းမြစ်အတိုင်း စက်လှေတစ်စီးဖြင့် ဆန်တက်လာစဥ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သ​ည်။

သတင်း

စစ်ကောင်စီတပ်သည် ဇန်နဝါရီ၂၃ ရက်ဝန်းကျင်က ရေဦးမြို့နယ်မှတဆင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းသို့ဝင်ရောက်ကာ ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် နိုင်ငံတော်အာဏာသိမ်းပြီးနောက် ​ရွေး​ကောက်ခံအရပ်သားအစိုးရ၏ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့်တိုင်း လွှတ်တော်ဥက္ကဌ၊ ဒုတိယတိုင်းလွှတ်တော်ဥက္ကဌတို့ကို တိုင်းအစိုးရအဖွဲ့ဝန်ကြီးအိမ်ရာတွင် ထိမ်းသိမ်းထားခဲ့သည်။