Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ ကျေးရွာ ၁၀ရွာနှင့် မြို့ပေါ်ရပ်ကွက်တစ်ခုကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်သည် ဇန်နဝါရီ၂၃ ရက်ဝန်းကျင်က ရေဦးမြို့နယ်မှတဆင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းသို့ဝင်ရောက်ကာ ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်သည်။

ယဥ်ကျေးရွာမီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့
ယဥ်ကျေးရွာမီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာဆယ်ရွာနှင့် မြို့ပေါ်ရပ်ကွက်တစ်ခုအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ၂၃ ရက်ဝန်းကျင်က ရေဦးမြို့နယ်မှတဆင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းသို့ဝင်ရောက်ကာ ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်သည်။

“ဒီတစ်ကြိမ်စစ်ကြောင်း မီးရှို့ခံရတာ လက်တလောသိရတာ ၁၀ ရွာနဲ့ ဒီပဲယင်းမြို့ပေါ်ရပ်ကွက် တစ်ခုရှိသွားပြီ။”ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လက်ယက်ကုန်းရွာမှ နေအိမ် ၃၉ လုံး၊အုန်းတပင် မှ ၂၂၀ လုံး၊ ဒိုင်နတ်မှ ၁၂၂လုံး၊ မရကန်မှ ၇၀လုံး၊ သရက်တောမှ ၉၆ လုံး၊ မူးခတွင်းမှ ၆ လုံး၊ ယဉ်ကျေးမှ ၁၃၉ လုံး၊ မစိုးရိမ်မှ ၂လုံး နှင့်မူးရိုးကုန်းရွာမှ နေအိမ် ၁၅လုံးတို့ မီးရှို့ဖျက်ဆီးခဲ့ပြီး ညောင်လှကျေးရွာမှာ မသိရသေးကြောင်း၊ ထို့အပြင် ဒီပဲယင်းမြို့ပေါ် အနောက်ကွက်သစ်ရပ်ကွက်မှ နေအိမ် ၂၂ လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ယဥ်ကျေးရွာမီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့
ယဥ်ကျေးရွာမီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့

ဒီပဲယင်းမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာအတွင်း မီးရှို့ဖျက်ဆီးမှုအများဆုံး ခံထားရသည်။

အာဏာသိမ်းကာလတလျှောက် နေအိမ်ပေါင်း ၄,၈၁၉ကျော်ခန့်၊ ဘုန်းကြီးကျောင်း ငါးကျောင်း၊ စျေးဆိုင်ခန်း၂၀ကျော်နှင့် ဆန်စက်များ မီးရှို့ဖျက်ဆီးခံထားရသည်။

You May Also Like

သတင်း

ယနေ့ (ဇန်နဝါရီ ၃၀ နံနက်) ၈ နာရီခွဲခန့်က စစ်ကောင်စီစစ်ကြောင်း သုံးခုသည် ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သတင်း

ဇန်နဝါရီ ၃၀ရက်က မိသားစုတစ်စုသ​ည် ယင်းမာပင်မြို့နယ်မှ ၎င်းတို့နေထိုင်ရာ ကနီမြို့နယ် ယင်းယိမ်ကျေးရွာသို့ ချင်းတွင်းမြစ်အတိုင်း စက်လှေတစ်စီးဖြင့် ဆန်တက်လာစဥ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သ​ည်။

သတင်း

ဇန်နဝါရီ ၁၇ ရက်ကလည်း မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် နိုင်ငံတော်အာဏာသိမ်းပြီးနောက် ​ရွေး​ကောက်ခံအရပ်သားအစိုးရ၏ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့်တိုင်း လွှတ်တော်ဥက္ကဌ၊ ဒုတိယတိုင်းလွှတ်တော်ဥက္ကဌတို့ကို တိုင်းအစိုးရအဖွဲ့ဝန်ကြီးအိမ်ရာတွင် ထိမ်းသိမ်းထားခဲ့သည်။