Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ် သရက်ပင်ဝန်းရွာကို စစ်ကောင်စီတပ် အင်အားအများအပြားဖြင့် မီးဝင်ရှို့နေ

ယနေ့ (ဇန်နဝါရီ ၃၀ နံနက်) ၈ နာရီခွဲခန့်က စစ်ကောင်စီစစ်ကြောင်း သုံးခုသည် ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယမန်နေ့က စိုင်တိုးရွာမီးလောင်ပြာကျခဲ့စဥ်၊ ဓာတ်ပုံ-Shwe Bo Local PDF
ယမန်နေ့က စိုင်တိုးရွာမီးလောင်ပြာကျခဲ့စဥ်၊ ဓာတ်ပုံ-Shwe Bo Local PDF

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းကျေးရွာကို စစ်ကောင်စီတပ်က အင်အား ၂၀၀နီးပါးဖြင့် ဝင်ရောက်ဖျက်ဆီးမီးရှို့နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့က ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ကျေးရွာနှင့် စိုင်တိုးရွာအား မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်သည် ယနေ့ (ဇန်နဝါရီ ၃၁ရက်)နံနက် ၈ နာရီခွဲခန့်တွင် သရက်ပင်ဝန်းကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း၊ စစ်ကြောင်း သုံးခုဖြင့် ဝင်ရောက်​မီးရှို့နေခြင်းဖြစ်ပြီး ပျူစောထီးများလည်းပါဝင်ကာ စစ်ကြောင်းတစ်ခုလျှင် တပ်ဖွဲ့ဝင် ၆၀ နီးပါးရှိကြောင်း Shwe Bo Local PDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“စစ်ကြောင်း သုံးကြောင်းဆိုတော့ အတော်ခံရခက်တာ။ ပျူတွေလည်းပါတယ်။”ဟု Shwe Bo Local PDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က အနီးရှိ ရုံးစုကျေးရွာကိုလည်း ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။ စစ်အုပ်စုနှင့်ပျူများသည် ယမန်နေ့က မီးရှို့ရုံတင်မကဘဲ နွားများကိုပါ ဆွဲယူသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၃၀ နံနက်) ၈ နာရီခွဲခန့်က စစ်ကောင်စီစစ်ကြောင်း သုံးခုသည် ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အဆိုပါ စစ်ကြောင်းများသည် ခင်ဦးမြို့နယ်ဘက်မှတဆင့် ဝင်ရောက်လာခြင်းဖြစ်ပြီး မီးလောင်ဆုံးရှုံးမှုအခြေအနေ မသိရသေးပေ။

စစ်ကောင်စီတပ်သည် ဇန်နဝါရီအတွင်း၌ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်အများစုက ကျေးရွာအများအပြားအား စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

You May Also Like

သတင်း

ဇန်နဝါရီ ၃၀ရက်က မိသားစုတစ်စုသ​ည် ယင်းမာပင်မြို့နယ်မှ ၎င်းတို့နေထိုင်ရာ ကနီမြို့နယ် ယင်းယိမ်ကျေးရွာသို့ ချင်းတွင်းမြစ်အတိုင်း စက်လှေတစ်စီးဖြင့် ဆန်တက်လာစဥ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သ​ည်။

သတင်း

စစ်ကောင်စီတပ်သည် ဇန်နဝါရီ၂၃ ရက်ဝန်းကျင်က ရေဦးမြို့နယ်မှတဆင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းသို့ဝင်ရောက်ကာ ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်သည်။

သတင်း

ဇန်နဝါရီ ၁၇ ရက်ကလည်း မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် နိုင်ငံတော်အာဏာသိမ်းပြီးနောက် ​ရွေး​ကောက်ခံအရပ်သားအစိုးရ၏ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့်တိုင်း လွှတ်တော်ဥက္ကဌ၊ ဒုတိယတိုင်းလွှတ်တော်ဥက္ကဌတို့ကို တိုင်းအစိုးရအဖွဲ့ဝန်ကြီးအိမ်ရာတွင် ထိမ်းသိမ်းထားခဲ့သည်။