Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင်ဖြုတ်ချရေး အတူတကွ ကြိုးပမ်းနိုင်လိမ့်မည်ဟု ယုံကြည် ကြောင်း ကရင့်တော်လှန်ရေးနေ့သို့ NUG ကာကွယ်ရေး သဝဏ်လွှာပို့

ယနေ့ (ဇန်နဝါရီ ၃၁ရက်)တွင် ကျရောက်သည့် (၇၄)နှစ်မြောက်ကရင့်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့ ခဲ့ခြင်းဖြစ်သည်။

(၇၁)နှစ်မြောက်ကရင့်တော်လှန်ရေးနေ့အခမ်းအနားကျင်းပနေစဉ်၊ဓာတ်ပုံ - KNU
(၇၁)နှစ်မြောက်ကရင့်တော်လှန်ရေးနေ့အခမ်းအနားကျင်းပနေစဉ်၊ဓာတ်ပုံ - KNU

တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ ဘုံရည် မှန်းချက်ပန်းတိုင်ဖြစ်သော စစ်အာဏာရှင် စနစ် ဆိုးကို အပြီးတိုင်ဖြုတ်ချပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် တရားမျှတမှုတို့ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကိုထူထောင်နိုင်ရန် အတူတကွ လက်တွဲညီစွာဖြင့် ကြိုးပမ်းအားထုတ်နိုင်လိမ့်မည်ဟု အလေးအနက် ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနကရင့်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့သည်။

ယနေ့ (ဇန်နဝါရီ ၃၁ရက်)တွင် ကျရောက်သည့် (၇၄)နှစ်မြောက်ကရင့်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့ ခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားပြည်သူလုထုတရပ်လုံး လေးစားဂုဏ်ယူတန်ဖိုးထားရသည့် နေ့ထူးနေ့မြတ် ဖြစ်သည်နှင့် အညီ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကရင့်တော်လှန်ရေးနေ့ကို ကရင်အမျိုးသားများနှင့် ထပ်တူဂုဏ်ပြုဦညွှတ်ကြိုဆိုသည်ဟု ဖော်ပြသည်။

ကရင့်တော်လှန်ရေးခရီးအတွင်း ကရင်ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ် စောင့်ရှောက်ရင်း အသက်၊ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ရသည့် ကရင့်အာဇာနည်ခေါင်းဆောင်ကြီးများ၊ ကရင့်သူရဲကောင်းများနှင့် ကရင်ပြည်သူများကိုလည်း လေးနက်စွာအောက် မေ့ဦးညွှတ် ဂုဏ်ပြုအပ်သည်ဟု သဝဏ်လွှာ၌ ပါရှိသည်။

ယနေ့အချိန်အခါသည် ကရင်အမျိုးသားများနှင့် အတူ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစားနေရသည့် စစ်အာဏာရှင်စနစ်ဆိုးနှင့် အကြမ်းဖက်စစ်တပ်၏ ဆိုးသွမ်းယုတ်မာသော လုပ်ရပ်များကို ကျော်လွှားနိုင်ရန် တစ်တိုင်းပြည် လုံး အာဏာသိမ်းစစ်ကောင်စီအားဟန်ချက်ညီစွာဖြင့် ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်နေသော ကာလဖြစ် ကြောင်း ဖော်ပြထားသည်။

KNUဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကလည်း ခုခံတော်လှန်ရေး မုချအောင်မြင်ရမည်ဖြစ် ကြောင်း၊ ပန်းတိုင်ပြီးမြောက်အောင်မြင်သည်အထိဆုံးခန်းတိုင်အောင် ကြိုးပမ်းအားထုတ်ကြန်ရန်နှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

You May Also Like

သတင်း

​ငွေ​ပေးသွင်း​​သောအခါတော်လှန်ရေးကာလတွင် ၄၀ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ပြီး ကျန် ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးအလွန်လုပ်ငန်းစတင်ချိန်မှသာစတင်ပေးသွင်းရမည်ဟုသိရသည်။

ဆောင်းပါး

မင်းအောင်လှိုင်သည် ပါတီစုံဒီမိုကရေစီစနစ်ကို ပါးစပ်ဖျားမှ မချတမ်း တဖွဖွပြောဆိုနေသော်လည်း လုပ်ရပ်တွင်မူ တစ်ပါတီအာဏာရှင်စနစ်ကို ဦးတည်ထားသည်။

သတင်း

ယနေ့ (ဇန်နဝါရီ ၃၀ရက်) နံနက်က ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အမှာစကား ပြောကြားရာ တော်လှန်ရေးကာလ (၂) နှစ်ပြည့်ပြီဖြစ်၍ အကြမ်းဖက်စစ်ကောင်စီကို အပြတ်တိုက်နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

သတင်း

တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့မှ ကိုယ်စားလှယ်များပါဝင်မှုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။