Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUG ပြည်ထဲရေးနှင့် တိုင်း ၅တိုင်းမှ(ပအဖ)များ တွေ့ဆုံ၊ တော်လှန်ရေး၌ ပူးပေါင်းချိတ်ဆက်ဆောင် ရွက်ရန် ဆွေးနွေး

ယနေ့ (ဇန်နဝါရီ ၃၀ရက်) နံနက်က ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အမှာစကား ပြောကြားရာ တော်လှန်ရေးကာလ (၂) နှစ်ပြည့်ပြီဖြစ်၍ အကြမ်းဖက်စစ်ကောင်စီကို အပြတ်တိုက်နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

NUG ပြည်ထဲရေးနှင့် တိုင်း ၅တိုင်းမှ(ပအဖ)များ တွေ့ဆုံ
NUG ပြည်ထဲရေးနှင့် တိုင်း ၅တိုင်းမှ(ပအဖ)များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းတို့ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ယနေတွေ့ဆုံ၍ တော်လှန်ရေး၌ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရန် ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၃၀ရက်) နံနက်က ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အမှာစကား ပြောကြားရာ တော်လှန်ရေးကာလ (၂) နှစ်ပြည့်ပြီဖြစ်၍ အကြမ်းဖက်စစ်ကောင်စီကို အပြတ်တိုက်နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

ထိုသို့ တိုက်ခိုက်ရာတွင် နယ်မြေတစ်ခုနှင့်တစ်ခု မတူညီနိုင်ကြောင်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ အုပ်ချုပ်ရေးလုပ်ငန်းများကိုကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမြဲတန်းအတွင်းဝန်က ပြောဆိုခဲ့သည်ဟု ဆိုသည်။

တော်လှန်ရေးကို နိုင်အောင်တိုက်ရမည့်ဆိုသည့် တာဝန်ကိုထမ်းရွက်သည့်အခါ အချင်းချင်းကြား ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး တော်လှန်ရေးတွင်ပူးပေါင်းလုပ်ဆောင်မှု အပေါ်မူတည်၍ တော်လှန်ရေးပြီးဆုံးမည့်အချိန်ကို အဆုံးအဖြတ်ပေးသွားမည်ဖြစ်ကြောင်း အမြဲတန်းအတွင်းဝန်က ပြောကြားခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ တွေ့ဆုံမှုတွင် သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းလက်စွဲ၊ အစီရင်ခံစာ ပေးပို့ရမည့်ကိစ္စရပ် များနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတို့က ရှင်းလင်းပြောကြားခဲ့သည်ဟုဆိုသည်။

အဆိုပါ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်မှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းတို့မှ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။

You May Also Like

သတင်း

တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့မှ ကိုယ်စားလှယ်များပါဝင်မှုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုနှစ်တွင် စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးအပါအဝင် ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်တိုက်ခိုက်ပြီး တော်လှန်ရေး အဆုံးအဖြတ်ကို ဖော်ဆောင်သွားမည်ဟု အသိပေးထားသည်။

သတင်း

ဇန်နဝါရီ ၂၆ရက်က ကျင်းပသည့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးချုပ်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းပြီး စာရေးကိရိယာပစ္စည်းအစုံအား သိမ်းဆည်းသွားသည်ဟု Indaw Revolutionက ဖော်ပြသည်။