Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုအသီးသီးနှင့် စုစည်းညီညွတ်စွာ ပူးပေါင်းဆန့်ကျင်သွားမည်

တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့မှ ကိုယ်စားလှယ်များပါဝင်မှုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုအသီးသီးနှင့် စုစည်းညီညွတ်စွာ ပူးပေါင်းဆန့်ကျင်သွားမည်
စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုအသီးသီးနှင့် စုစည်းညီညွတ်စွာ ပူးပေါင်းဆန့်ကျင်သွားမည်

▪︎NUCC နှင့် NUG ကိုယ်စားလှယ်များဖြင့် တရားမဝင်ရွေးကောက်ပွဲဆန့်ကျင်ရေးပူးပေါင်းလုပ်ငန်းကော်မတီ(ASEJWC)ဖွဲ့စည်း

အကြမ်းဖက်စစ်အုပ်စုက ကျင်းပမည်ဆိုသော တရားမဝင်ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုအသီးသီးနှင့် စုစည်းညီညွတ်စွာ ပူးပေါင်းဆန့်ကျင်သွားမည်ဟု တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်းကော်မတီ(Anti-Sham Election Joint Working Committee)မှ ကော်မတီဝင်တစ်ဦးက ပြောသည်။

တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့မှ ကိုယ်စားလှယ်များပါဝင်မှုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

အထက်ပါ ကော်မတီသည် ဇန်နဝါရီ ၂၅ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ (NLD CWC)၊ သပိတ်အင်အားစုများနှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး ပူးပေါင်းလုပ်ငန်းကော်မတီအနေဖြင့် NUCC က အတည်ပြုထားသော တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် ပတ်သက်သည့် ပူးတွဲဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ကြောင်း ယနေ့ထုတ်ပြန်သည်။

စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုအသီးသီးနှင့် စုစည်းညီညွတ်စွာ ပူးပေါင်းဆန့်ကျင်သွားမည်
စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုအသီးသီးနှင့် စုစည်းညီညွတ်စွာ ပူးပေါင်းဆန့်ကျင်သွားမည်

“အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြတဲ့ တော်လှန်ရေးအင်အားစုများနဲ့ တွေ့ဆုံပြီး ဟန်ချက်ညီညီ လှုပ်ရှားဆောင်ရွက်နိုင်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်မယ့် လုပ်ရပ်တခုတည်းမဟုတ်ဘူး။ ကျန်တဲ့လုပ်ရပ်မှန်သမျှဟာ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားပြီးဖြစ်တဲ့ အစုအဖွဲ့ကသာ လုပ်တာဖြစ်လို့ ဒါဟာ တရားဝင်မှုမရှိဘူး။ နောက်ပြီး ဒါဟာ ပြည်သူ့အာဏာကို လုယူဖို့ ကြိုးစားတဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေသာ ဖြစ်တယ်။ အဲဒီတော့ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်တွေဖြစ်လို့ ဥပဒေနဲ့အညီပဲ အရေးယူနိုင်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ASEJWC ကော်မတီဝင်တစ်ဦးက ပြောသည်။

ပူးပေါင်းလုပ်ငန်းကော်မတီ ASEJWC နှင့် ပထမဆုံးတွေ့ဆုံခဲ့သည့် NLD CWC နှင့် သပိတ်အင်အားစုများကလည်း တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ ချမှတ်ထားသော လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်လျက် ရှိသော လုပ်ငန်းစဉ်များကို မျှဝေဆွေးနွေးခဲ့ပြီး ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများကို ဆွေးနွေးချမှတ်နိုင်ခဲ့သည်ဟု သိရသည်။

ပူးပေါင်းလုပ်ငန်းကော်မတီက တင်ပြဆွေးနွေးခဲ့သော တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် ပတ်သက်သည့် ပူးတွဲဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် သတင်းစကားများ၊ ပြည်တွင်းနှင့် ပြည်ပ လုပ်ငန်းစဉ်များနှင့် အကောင်အထည်ဖော်ရေးမူများပါဝင်သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် ပူးပေါင်းလုပ်ငန်းကော်မတီသည် ဖက်ဒရယ် ဒီမိုကရေစီအရေး တိုက်ပွဲဝင် ဆောင်ရွက်နေကြသည့် အခြားသော မိတ်ဖက်အင်အားစုများနှင့်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာပြည်သူလူထုသည် ကမ္ဘာ့ Covid-19 ကပ်ရောဂါကြားမှပင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဆန္ဒမဲထွက်ပေးခဲ့ကြပြီး ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ များနှင့် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနိုင်ရရှိသည့် ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုခဲ့ကြသည်။

သို့သော် စစ်အုပ်စုသည် ပြည်သူလူထုတခဲနက်ရွေးချယ်တင်မြှောက်ထားသော နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးကာ တရားလက်လွှတ် အာဏာသိမ်းယူခဲ့သည်။ စစ်အုပ်စုသည် အာဏာသိမ်းမှု ၂ နှစ်ပြည့်ခါနီးတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်းလာကာ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပမည်ဟု ခြေလှမ်းပြင်လာခြင်းဖြစ်သည်။

“၂၀၂၀ ရလဒ်က တည်ရှိပြီးဖြစ်တယ်။ ဒါသာလျှင် တရားဝင်ပြည်သူ့ဆန္ဒကို ထုတ်ဖော်ထားတဲ့ တရားဝင် ရလဒ်ဖြစ်တယ်။ နောက်တစ်ခုက ၂၀၀၈ အခြေခံဥပဒေဆိုတာလည်း CRPH ကနေ ဖျက်သိမ်းထားပြီးဖြစ်တယ်။ အဲဒီတော့ ၂၀၀၈ အခြေခံဥပဒေအောက်ကနေ ကျင်းပဖို့ ကြိုးစားတဲ့ အတုအယောင်ရွေးကောက်ပွဲဟာဆိုရင် မြန်မာနိုင်ငံရဲ့ ပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင်မယ့်ကိစ္စမဟုတ်သလို ကျွန်တော်တို့ ပြည်ထောင်စုတိုင်းရင်းသားအားလုံးရည်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ရရှိနိုင်တဲ့ လမ်းလည်းမဟုတ်ဘူး” ဟု ASEJWC ကော်မတီဝင်တစ်ဦးက ပြည်သူလူထုကို သတင်းစကားပါးသည်။

You May Also Like

သတင်း

ယမန်နေ့ (ဇန်နဝါရီ၂၈ ရက်)ညနေပိုင်းက မြိုင်မြို့နယ် သရက်ကန်ကျေးရွာအနီး သေနတ်ပစ်ဖောက်မှုကြောင့် အဆိုပါကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူ အင်အား ၃၀ခန့်သည် ဆိုင်ကယ် နှစ်စီး၊ ကား တစ်စီး၊ ခြေလျင်စစ်ကြောင်းတို့ဖြင့် ထွက်လာချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

အဲဒီကော်မတီဟာ ဇန်နဝါရီလ ၂၅ ရက်မှာ NLD ပါတီ ဗဟိုအလုပ်ကော်မတီ ၊ သပိတ်အင်အားစုတွေနဲ့ သီးခြားစီတွေ့ဆုံခဲ့တယ်လို့ NUG ဘက်က ဒီနေ့မှာ အသိပေးပါတယ်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် စစ်ကောင်စီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း မဲမသမာမှုရှိသည်ဟုစွပ်စွဲကာ ပြည်သူလူထု၏ ဆန္ဒကို လေးစားလိုက်နာမှုမရှိဘဲ နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်းယူခဲ့ခြင်းဟု KNDF က သတ်မှတ်သည်။

သတင်း

ယမန်နေ့ (ဇန်နဝါရီ၂၇ ရက်)က တိုက်နယ်စွန်(စွန်) PDFအဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး စစ်ကောင်စီတပ်နှင့် ပျူများ အထိုင်ချတပ်စွဲထားသည့် သလဲဘာကျေးရွာကို ဝင်ရောက်တိုက်ခိုက် မီးရှို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုက်နယ်စွန်(စွန်) PDFအဖွဲ့က အသိပေးသည်။