Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်ကို ၁နာရီခန့်ကြာတိုက်ခိုက်

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း၊ မဟာမိတ်ရဲဘော်များမှာ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ကဆိုသည်။

(ရေကြောင်းစစ်ဆင်ရေးများတွင် တွေ့ရသည့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်များ)
(ရေကြောင်းစစ်ဆင်ရေးများတွင် တွေ့ရသည့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်များ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာသော စစ်ကောင်စီတပ်အား တစ်နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင်တပ်ရင်း- (၁၀) တပ်ခွဲ- (၁) သိန်းငှက် ပြောက်ကျားတပ်ဖွဲ့ -ရေစကြိုက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ၂၉ရက် မွန်းလွဲ ၂ နာရီကျော်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ပေါက်အူကျေးရွာအနီးတွင် ဧရာဝတီမြစ်ကြောင်းမှဆန်တက်လာသော စစ်ကောင်စီတပ်များကို မဟာမိတ်တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် အချိန် ၄၅မိနစ်ခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

(ရေကြောင်းစစ်ဆင်ရေးများတွင် တွေ့ရသည့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်များ)
(ရေကြောင်းစစ်ဆင်ရေးများတွင် တွေ့ရသည့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်များ)

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း၊ မဟာမိတ်ရဲဘော်များမှာ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ကဆိုသည်။

အဆိုပါ စစ်ဆင်ရေးကိုသိန်းငှက်ပြောက်ကျားတပ်ဖွဲ့(ပခုက္ကူခရိုင် တပ်ရင်း – ၁၀ တပ်ခွဲ -၁ )၊ Phoenix အထူးပြောက်ကျားတပ် (ပခုက္ကူခရိုင် တပ်ရင်း – ၁၀ တပ်ခွဲ -၃)၊ ဒေါင်းညီနောင်(မန္တလေးခရိုင် တပ်ရင်း -၃ ၊ တပ်ခွဲ-တပ်ခွဲ၃)၊ Bright Star Group၊ညောင်ဦးခရိုင် တပ်ရင်း-၅ ၊ငဘ၊ရဲဘော်ညီနောင်၊ နဂါးနီ၊ YLK၊ ဗိုလ်ခြောက်ဆယ်၊ Royal Eagle စသည့် ပြောက်ကျားတပ်ဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(ရေကြောင်းစစ်ဆင်ရေးများတွင် တွေ့ရသည့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်များ)
(ရေကြောင်းစစ်ဆင်ရေးများတွင် တွေ့ရသည့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်များ)

ဖြစ်စဥ်နှင့်ပတ်သက်​၍ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ထို့အပြင် ဇန်နဝါရီ၂၈ရက် နံနက်ပိုင်းကလည်း ရေစကြိုမြို့နယ်၊ ရှင်မတောင်တောင်ပေါ်မှ ထော်လာဂျီဖြင့်ဆင်းလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်အား ထန်းတိုကျေးရွာနှင့် ဘောင်ဘဲ့တန်းကျေးရွာကြားတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးကြောင်း ရေစကြို(ပကဖ)အဖွဲ့က ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

အထိနာသွားသော စစ်အုပ်စုသည် ရမ်းသမ်းပစ်ခတ်ပြီး နောက်ဆုတ်သွားကာ သီးလုံးနှင့် ဇီးဖြူကုန်းရွာမှ စစ်ကောင်စီတ​ပ်နှင့်​ပျူများ တပ်ကူရောက်လာ၍ တော်လှန်ရေး အင်အားစုများ ဆုတ်ခွာခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဇန်နဝါရီ ၃၀ရက်က ကန်တော်ကျေးရွာရှိ နေအိမ် ၇၀ခန့်ကို မီးရှို့ခဲ့ပြီး ယနေ့ (ဇန်နဝါရီ ၃၁ရက်)တွင် ဆားကျင်းရွာမှ နေအိမ် ၃၀ခန့်ကို မီးရှို့ခဲ့သည်ဟုဆိုသည်။

သတင်း

စက်တွေပြုပြင်ပြီးရင် နိုင်ငံကူးလက်မှတ်ပြန်ထုတ်ပေးမယ့်ရက်ကို ကြေညာပေးမယ်လို့စစ်ကောင်စီသံရုံးက သံရုံးရဲ့ဖေ့ဘွတ်ခ်ကနေ တဆင့်အသိပေးထားတာတွေ့ရပါတယ်။

သတင်း

နံနက် ၁၁နာရီခန့်တွင်လည်း စစ်ကိုင်းမှမုံရွာမြို့သို့ ထွက်လာသော စစ်ကောင်စီကားနှစ်စီးကို ဝမ်းပြည့်နှင့် အလ္လကပ္ပရွာကြား၌ပင် ခြောက်လုံးတွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ကားနှစ်စီးလုံး ထိမှန်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှုများ ရှိနိုင်သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။