Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့နယ် ရှင်မတောင်တောင်ပေါ်မှဆင်းလာသည့် စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရ

အဆိုပါ စစ်ဆင်ရေးကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပ.က.ဖ)နှင့် ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၉)၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြိုင် တပ်ရင်း (၂)၊လျှပ်စီးပျောက်ကြားတပ်ဖွဲ့ သံမဏိသိန်းငှက်ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ရှင်မတောင်အား အဝေးမှတွေ့ရစဥ်၊ ဓာတ်ပုံ - CJ
ရှင်မတောင်အား အဝေးမှတွေ့ရစဥ်၊ ဓာတ်ပုံ - CJ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရှင်မတောင်တောင်ပေါ်မှ ထွေလာဂျီဖြင့်ဆင်းလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးနေရာတွင် သေဆုံးကြောင်း ရေစကြို(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇန်နဝါရီာ၂၈ရက်) နံနက် ၁၁ နာရီခန့်က ရှင်မတောင်တောင်ပေါ်မှ ထော်လာဂျီဖြင့်ဆင်းလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်အား ထန်းတိုကျေးရွာနှင့် ဘောင်ဘဲ့တန်းကျေးရွာကြားတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့က အသိပေးသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးနေရာတွင် သေဆုံးပြီး တော်လှန်ရေးအင်အားစုက ရဲဘော်များ အထိအခိုက်မရှိကြောင်း ရေစကြို (ပကဖ)က ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပ.က.ဖ)နှင့် ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၉)၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြိုင် တပ်ရင်း (၂)၊လျှပ်စီးပျောက်ကြားတပ်ဖွဲ့ သံမဏိသိန်းငှက်ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရေစကြို(ပကဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။ စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

You May Also Like

သတင်း

ယမန်နေ့ (ဇန်နဝါရီ၂၈ ရက်)ညနေပိုင်းက မြိုင်မြို့နယ် သရက်ကန်ကျေးရွာအနီး သေနတ်ပစ်ဖောက်မှုကြောင့် အဆိုပါကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူ အင်အား ၃၀ခန့်သည် ဆိုင်ကယ် နှစ်စီး၊ ကား တစ်စီး၊ ခြေလျင်စစ်ကြောင်းတို့ဖြင့် ထွက်လာချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီ၏ ရိက္ခါတင်ယာဥ်တန်းသည် ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ကိုင်းတောမရဲစခန်းမှ Well2 ရေနံမြေစခန်းသို့ ရိက္ခာပို့ ထွက်လာပြီးနောက် Well 2 မှတဆင့်ဆက်ထွက်လာရာ ဆက်တိုက်တိုက်ခံနေရသည်။

သတင်း

တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့မှ ကိုယ်စားလှယ်များပါဝင်မှုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

သတင်း

ယမန်နေ့ (ဇန်နဝါရီ၂၇ ရက်)က တိုက်နယ်စွန်(စွန်) PDFအဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး စစ်ကောင်စီတပ်နှင့် ပျူများ အထိုင်ချတပ်စွဲထားသည့် သလဲဘာကျေးရွာကို ဝင်ရောက်တိုက်ခိုက် မီးရှို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုက်နယ်စွန်(စွန်) PDFအဖွဲ့က အသိပေးသည်။