Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးအလွန်တွင် CDMဝန်ထမ်းများကို ရားထူးတစ်ဆင့်တိုးမြှင့်ခန့်အပ်မည်၊ လစာများ တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်မည်ဟု NUG ကြေညာ

ထို့ပြင် နိုင်ငံ့ဝန်ထမ်း CDMသူရဲကောင်းများဖြစ်သည့် နေ့စားဝန်ထမ်းများ (အချိန်ပိုင်းနည်းပြ၊ သရုပ်ပြများ အပါအဝင်)ကို ယနေ့မှစ၍ အမြဲတမ်းဝန်ထမ်းများအဖြစ် အတည်ပြုခန့်ထားကြောင်း ကြေညာသည်။

(CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၃ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - PS)
(CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၃ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - PS)

ရာထူးတိုးမြှင့်ခြင်းအမိန့်ကို ယနေ့မှစ၍ အကျိုးသက်ရောက်မည်၊ နေ့စားဝန်ထမ်း CDM များကို အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်အပ်

အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM)လှုပ်ရှားမှု လုပ်ဆောင်လျက်ရှိသည့် ပြည်သူ့သူရဲကောင်းများနှင့် နိုင်ငံ့သူရဲကောင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းဆိုင်ရာ ထုတ်ပြန်ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ထုတ်ပြန်ခဲ့ရာ တော်လှန်ရေးအလွန်တွင် CDM ဝန်ထမ်းများကို ရားထူးတစ်ဆင့်တိုးမြှင့်ခန့်အပ်မည်ဖြစ်ကြောင်း အသိပေးခဲ့ပြီး ယနေ့မှစ၍ ရာထူးတိုးမြှင့်ခြင်း အမိန့်အကျိုးသက်ရောက်မည်ဟု ဖော်ပြသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသဖြင့် အဓမ္မသိမ်းယူခဲ့စဉ်မှ စတင်ပြီး ယနေ့ထက်တိုင် အမှန်တရားနှင့်ဓမ္မဘက်မှရပ်တည်၍ ရဲဝံစွာဖြင့် CDM လှုပ်ရှားမှုများဖြင့် တော်လှန်ရေးတွင် ပါဝင်လျက်ရှိသည့် ပြည်သူ့သူရဲကောင်း CDM များ အားလုံးကို တော်လှန်ရေးအလွန်ကာလတွင် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်မည်ဟု ထုတ်ပြန်သည်။

နိုင်ငံ့ဝန်ထမ်း CDMသူရဲကောင်းများ၏ အကြမ်းဖက်စစ်အုပ်စုမှ အာဏာသိမ်းခြင်းနေ့ရက် မတိုင်ခင်အချိန်ထိ ထမ်းဆောင်ခဲ့သော ရာထူးတာဝန်များမှနေ၍ ရာထူးတစ်ဆင့် တိုးမြှင့်ခန့်အပ်သွားမည်ဖြစ်ပြီး အဆိုပါ ရာထူးတိုးမြှင့်ခြင်းအမိန့်သည် ယခုကြေညာချက် ထုတ်ပြန်သည့် ယနေ့ (ဖေဖော်ဝါရီ ၁ ရက်)မှစ၍ အကျိုးသက်ရောက်မည်ဟု ဆိုသည်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်း CDMသူရဲကောင်းများဖြစ်သည့် နေ့စားဝန်ထမ်းများ (အချိန်ပိုင်းနည်းပြ၊ သရုပ်ပြများ အပါအဝင်)ကို ယနေ့မှစ၍ အမြဲတမ်းဝန်ထမ်းများအဖြစ် အတည်ပြုခန့်ထားကြောင်း ကြေညာသည်။

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းရန်ကြိုးစားသည့် အချိန်မှစတင်၍ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများ ထုတ်ယူခြင်းမရှိခဲ့သော လုပ်ခလစာငွေများနှင့် ချီးမြှင့်ငွေများအားလုံးကို တော်လှန်ရေးအလွန်ကာလတွင် တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

You May Also Like

သတင်း

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ဆန္ဒအမှန်ဖြစ်သော ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ ပြည်သူ့အာဏာကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်လုယူရန်ကြိုးစားမှုအား ပြည်သူလူထုတစ်ရပ် လုံးက ခေါင်းငုံ့မခံဘဲ ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ပြည်သူ့နွေဦးတော်လှန်ရေးသည် ယနေ့ တွင် (၂)နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

သတင်း

ယနေ့ (ဇန်နဝါရီ ၃၁ရက်)တွင် ကျရောက်သည့် (၇၄)နှစ်မြောက်ကရင့်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့ ခဲ့ခြင်းဖြစ်သည်။

သတင်း

​ငွေ​ပေးသွင်း​​သောအခါတော်လှန်ရေးကာလတွင် ၄၀ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ပြီး ကျန် ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးအလွန်လုပ်ငန်းစတင်ချိန်မှသာစတင်ပေးသွင်းရမည်ဟုသိရသည်။

ဆောင်းပါး

မင်းအောင်လှိုင်သည် ပါတီစုံဒီမိုကရေစီစနစ်ကို ပါးစပ်ဖျားမှ မချတမ်း တဖွဖွပြောဆိုနေသော်လည်း လုပ်ရပ်တွင်မူ တစ်ပါတီအာဏာရှင်စနစ်ကို ဦးတည်ထားသည်။