Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ်တိုက်ပွဲ Black Wolfအဖွဲ့ ရဲဘော်သုံးဦးကျဆုံး

ရဲဘော် သုံးဦးကျဆုံးခဲ့၍ အထူးဝမ်းနည်းပြီး စစ်ကောင်စီတပ်အား လက်တုံ့ပြန်သွားမည်ဟု BLACK WOLF – ARMY က အသိပေးသည်။

(BLACK WOLF - ARMY မှ ရဲဘော်များအား တွေ့ရစဉ်)
(BLACK WOLF - ARMY မှ ရဲဘော်များအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပိုင်း ဘုန်းဘွဲ့ကျေးရွာအနီးတွင် စစ်ကောင်စီတ​ပ်နှင့်တိုက်ပွဲဖြစ်ပွားရာ ရဲဘော် သုံးဦးကျဆုံးခဲ့ကြောင်း BLACK WOLF – ARMYတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁ရက်)မွန်းလွဲ ၁ နာရီခန့်က ရွှေဘိုမြို့နယ် ၊ ဘုန်းဘွဲ့ကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ရာ နာရီဝက်ခန့်ကြာမြင့်ခဲ့ကြောင်း BLACK WOLF – ARMYတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါတိုက်ပွဲတွင် တပ်စုမှူး ရဲဘော်ပိုင်ကြီး၊ (တပ်စုမှူး )၊ Fundrising and Photographer ရဲဘော်ခန့်သီဟနှင့် ရဲဘော် ဝင်းစိုးတို့ ကျဆုံးခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

“ရဲဘော် သုံးဦးက လက်နက်ကြီးထိပြီး ကျတာပါ။”ဟု BLACK WOLF – ARMY တပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် ရွှေဘိုမြို့မှ ခြေလျင်စစ်ကြောင်းဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် ဘုန်းဘွဲ့ကျေးရွာ ရွှေဓားကြောင်း တောင်ဘက်မှ စိုင်နိုင်လေး ရွာဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရဲဘော် သုံးဦးကျဆုံးခဲ့၍ အထူးဝမ်းနည်းပြီး စစ်ကောင်စီတပ်အား လက်တုံ့ပြန်သွားမည်ဟု BLACK WOLF – ARMY က အသိပေးသည်။

တိုက်ပွဲဖြစ်စဥ်နှင့် စစ်အုပ်စုဘက်ကထိခိုက်မှုအ​ခြေအနေကို BLACK WOLF – ARMY က အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပေ။

ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်သည် လမ်းပိုင်းအချို့၌တပ်စွဲထားပြီး ခရီးသွားများအား ခြိမ်းခြောက်ငွေတောင်းခြင်း၊ ရွှေဘိုနှင့်ဝက်လက်နယ်များရှိ ကျေးရွာများအား စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့ တိုက်ခိုက်ခံရပါက မြေပြင်မှမလာဘဲ လေကြောင်းကို အားကိုးပြီး တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်ဟု ဆိုသည်။

သတင်း

ယနေ့ (ဖေဖော်ဝါရီ ၁ရက်)တွင် ပြည်သူ့နွေဦး တော်လှန်ရေး (၂)နှစ်ပြည့် ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများ၌ ဟားခါး CDF ရဲဘော် ၁၉ဦး ကျဆုံးကာ ၄၁ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

သတင်း

အထိနာသွားသော စစ်အုပ်စုသည် ရမ်းသမ်းပစ်ခတ်ပြီး နောက်ဆုတ်သွားကာ သီးလုံးနှင့် ဇီးဖြူကုန်းရွာမှ စစ်ကောင်စီတ​ပ်နှင့်​ပျူများ တပ်ကူရောက်လာ၍ တော်လှန်ရေး အင်အားစုများ ဆုတ်ခွာခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ယနေ့ (ဇန်နဝါရီ ၃၀ နံနက်) ၈ နာရီခွဲခန့်က စစ်ကောင်စီစစ်ကြောင်း သုံးခုသည် ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။