Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူရဲစခန်းနှင့် စစ်အုပ်စုကိုတိုက်ခိုက်ရာ ထိခိုက်ပျက်စီးမှုရှိကြောင်း PAFD ပြော

အာဏာသိမ်းစစ်အုပ်စုကို လုံးဝလက်မခံကြောင်းပြည်သူများ၏ အသံတိတ်သပိတ်ကို ဂုဏ်ပြုသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအတွင်းရှိ လိုင်းခန်းများပေါ်တွင် ၆လုံး ကျရောက်ပေါက်ကွဲကြောင်း ၎င်းက ပြောသည်။

(စစ်ဆင်ရေးအဖွဲ့မှ ရဲဘော်တစ်ဦး လက်နက်ကြီးဖြင့် ပစ်ခတ်ရန်ချိန်ရွယ်နေစဥ်)
(စစ်ဆင်ရေးအဖွဲ့မှ ရဲဘော်တစ်ဦး လက်နက်ကြီးဖြင့် ပစ်ခတ်ရန်ချိန်ရွယ်နေစဥ်)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရဲစခန်းနှင့် စစ်ကောင်စီစခန်းချရာနေရာများအား လက်နက်ကြီးဖြင့် ပစ်ခတ်တို​က်ခိုက်ရာ ပျက်စီးထိခိုက်မှုရှိကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD)တာဝန်ခံက ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁ရက်) ညနေ ၅နာရီခွဲခန့်က မြင်းမူမြို့ပေါ်တွင် အင်အားအများအပြားဖြင့် အထိုင်ချထားသော အ.ထ .က(၁)နှင့် ရဲစခန်းအတွင်းရှိ စစ်အုပ်စုဝင်များအား (၆၀) မမဖြင့်တိုက်ခိုက်ခဲ့ကြောင်း PAFD အဖွဲ့ တာဝန်ခံက ပြောသည်။

အာဏာသိမ်းစစ်အုပ်စုကို လုံးဝလက်မခံကြောင်းပြည်သူများ၏ အသံတိတ်သပိတ်ကို ဂုဏ်ပြုသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအတွင်းရှိ လိုင်းခန်းများပေါ်တွင် ၆လုံး ကျရောက်ပေါက်ကွဲကြောင်း ၎င်းက ပြောသည်။

“သူတို့တိုက်ခန်းတွေ အကုန်ပျက်စီးကုန်တယ်။ လိုင်းခန်းတွေတော်တော်များများ ပျက်စီးတယ်။စကစတွေတော်တော်များများ မြို့ပေါ်မှာ မနေရဲတော့ဘဲ ထွက်သွားတယ်လို့ သတင်းရတယ်။”ဟု PAFD အဖွဲ့ တာဝန်ခံက ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်များက ည ၁၂နာရီအထိ လက်နက်ကြီး၊လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မြို့ပေါ်နေအိမ်အချို့ပျက်စီးမှုရှိခဲ့ကြောင်း PAFDက အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးကို People’s Army To Fight Dictatorship (PAFD)နှင့်(PAFD)တပ်ခွဲDK PDF(MMU)၊People’s Knight Defence Force(PKDF)(MMU)D.B.B.F(MMU)တို့ကပူပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းကည်း PAFDနှင့် တော်လှန်ရေးအင်အားစုများက မြင်းမူမြို့ပေါ်ရှိ မြို့နယ်ရဲစခန်းနှင့် အထက (၁) အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များအား (၆၀) မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

You May Also Like

သတင်း

ဇန်နဝါရီလ ၂၄ ရက်နေ့က ဝက်လက်မြို့ထဲမှထွက်လာသည့် မိသားစုတစ်စုလိုက်ပါလာသော အိမ်စီးကားတစ်စီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ ကားပေါ်ပါ တစ်နှစ်အရွယ်ကလေးငယ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးစု မီးရှို့ပြီး ရေဦးမြို့ဘက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ညောင်ပင်ကြီးစု အိမ်ခြေ ၂၀၀ကျော် မီးလောင်ပြာကျခဲ့ပြီး ပြည်သူများအတွက်အဝတ်အစားနှင့် စောင်များလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်ကို ဒရုန်းငါးစင်းဖြင့် ဗုံးသီး ၁၄ လုံးချတိုက်ခိုက်ခဲ့ရာ ၁၁လုံး ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း၊ သုံးလုံးမှာ ချို့ယွင်းမှုဖြစ်၍ မကွဲခဲ့ကြောင်း Unicorn - ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ယမန်နေ့ (ဇန်နဝါရီ ၃၁ရက်) မွန်းလွဲပိုင်းက အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ မူးတံတားဂိတ် စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စပါးတွင်းကျေးရွာမှ ပျူစောထီးများအား ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။