Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာတွင် ရွေးကောက်ပွဲအတွက် စာရင်းလိုက်ကောက်နေသည့် စစ်အုပ်စုကို ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကောင်စီတပ်ကို ဒရုန်းငါးစင်းဖြင့် ဗုံးသီး ၁၄ လုံးချတိုက်ခိုက်ခဲ့ရာ ၁၁လုံး ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း၊ သုံးလုံးမှာ ချို့ယွင်းမှုဖြစ်၍ မကွဲခဲ့ကြောင်း Unicorn – ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(စစ်အုပ်စုအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်နေစဉ်)
(စစ်အုပ်စုအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်နေစဉ်)

▪️စစ်အုပ်စုပစ်ခတ်၍ ပြည်သူနှစ်ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ၊ ရှင်လှတောင်ကျေးရွာတွင် ရွေးကောက်ပွဲအတွက် စာရင်းလိုက်ကောက်နေသည့် စစ်ကောင်စီတပ်ကို ဒရုန်းငါးစင်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဇန်နဝါရီ ၃၀ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က မတ္တရာမြို့နယ် ၊ ရှင်လှတောင်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ဦးခန့်သည် ရွေးကောက်ပွဲအတွက် အိမ်ထောင်စု စာရင်းလိုက်လံကောက်နေ၍ ဒရုန်း ငါးစီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများကြောင်း၊ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်ခဲ့၍ ပြည်သူ နှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်(ပကဖ) အဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ကို ဒရုန်းငါးစင်းဖြင့် ဗုံးသီး ၁၄ လုံးချတိုက်ခိုက်ခဲ့ရာ ၁၁လုံး ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း၊ သုံးလုံးမှာ ချို့ယွင်းမှုဖြစ်၍ မကွဲခဲ့ကြောင်း Unicorn – ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့က ဘုန်းကြီးကျောင်းဝင်းထဲမှာတပ်စွဲထားတာပါ။ အဲကောင်တွေ အပြင်ကို မထွက်ရဲတော့ဘူး။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Unicorn – ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ကောင်းကင်၏တော်လှန်ရေးအင်အားစု၊ADRF (madaya)၊ SKY HERO (madaya)၊ ဒေါင်းစစ်သည် (မတ္တရာ)၊ Peacock Warrior Force၊ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါစစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ရိုးတလျှောက်ကျေးရွာများနှင့်ကျွန်းပေါ်ကျေးရွာများအား စစ်ကြောင်းထိုးပစ်ခတ်မှုများ ပြုလုပ်နေသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးစု မီးရှို့ပြီး ရေဦးမြို့ဘက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ညောင်ပင်ကြီးစု အိမ်ခြေ ၂၀၀ကျော် မီးလောင်ပြာကျခဲ့ပြီး ပြည်သူများအတွက်အဝတ်အစားနှင့် စောင်များလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယမန်နေ့ (ဇန်နဝါရီ ၃၁ရက်) မွန်းလွဲပိုင်းက အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ မူးတံတားဂိတ် စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စပါးတွင်းကျေးရွာမှ ပျူစောထီးများအား ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

အထိနာသွားသော စစ်အုပ်စုသည် ရမ်းသမ်းပစ်ခတ်ပြီး နောက်ဆုတ်သွားကာ သီးလုံးနှင့် ဇီးဖြူကုန်းရွာမှ စစ်ကောင်စီတ​ပ်နှင့်​ပျူများ တပ်ကူရောက်လာ၍ တော်လှန်ရေး အင်အားစုများ ဆုတ်ခွာခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း၊ မဟာမိတ်ရဲဘော်များမှာ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ကဆိုသည်။