Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူမြို့ရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲရာနေရာများကို ပစ်ခတ်တိုက်ခိုက်

လက်နက်ကြီးပစ်ခတ်ပြီးနောက် မြို့နယ်ရဲစခန်းဝင်းအတွင်း ငြိမ်သက်သွားပြီး အ ထ.က (၁)ကျောင်းအတွင်းရှိ စစ်ကောင်စီတပ်များသည် ချောင်းဦးနှင့် မုံရွာမြို့ဘက်သို့ ထွက်ခွာသွားကြောင်း PAFD ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(မြင်းမူမြို့တစ်နေရာတွင် တွေ့ရသော စစ်ကောင်စီတပ်ယာဉ်တစ်စီး၊ ဓာတ်ပုံ - CJ)
(မြင်းမူမြို့တစ်နေရာတွင် တွေ့ရသော စစ်ကောင်စီတပ်ယာဉ်တစ်စီး၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ မြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းချရာနေရာများကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အာဏာရှင် စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၂၉ ရက်) ညနေ ၅နာရီ ၄၁မိနစ်ခန့်က မြင်းမူမြို့ပေါ်ရှိ မြို့နယ်ရဲစခန်းနှင့် အထက (၁)အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များအား (၆၀) မမဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း PAFD ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်နှင့်ရဲများ၏ လိုင်းခန်းများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်းသတင်းရရှိသည်ဟု PAFDက ဆိုသည်။

“ဆယ်လုံးကျော်ကျော်လောက်ထုတယ်။ တော် တော်ကို ခက်ရာခဲဆစ်လုပ်ရတယ်။ ဘာလို့လဲဆိုတော့ အဲဒီက ကျော်ကျသွားရင်စျေးကြီးထဲဗျ။ အသေးစိတ်တွက်ချက်ပြီး ရန်သူ့ပစ်မှတ်ထဲကိုပစ်တာ။ မြို့နယ်ရဲစခန်းရှိတယ်။ထွေအုပ်ရှိတယ်။ အထက၁ ကျောင်းထဲမှာတွေရှိတယ်။ လိုင်းခန်းတွေထဲကျတယ်တဲ့။ နယ်ထိန်းခေါင်းဆောင် အိမ်ကိုကျတယ်လို့သတင်းရတယ်”ဟု အထက်ပါတာဝန်ခံက ပြောသည်။

၎င်းက ဆက်လက်၍ “အသေအပျောက်စာရင်းမသိရသေးဘူး။ သူတို့ဘက်ကဖော်တီးနဲ့ ပြန်ပစ်တယ်။ နှစ်ဆင့်ကွဲကျည်တွေနဲ့ပြန်ပစ်တယ်။ မြို့အလယ်ခေါင်လုပ်ရတာဆိုတော့ ပြည်သူတွေလည်းမထိအောင် တော်တော်ကိုခက်ရာခက်ဆစ်လုပ်တယ်။”ဟု ပြောသည်။

လက်နက်ကြီးပစ်ခတ်ပြီးနောက် မြို့နယ်ရဲစခန်းဝင်းအတွင်း ငြိမ်သက်သွားပြီး အ ထ.က (၁)ကျောင်းအတွင်းရှိ စစ်ကောင်စီတပ်များသည် ချောင်းဦးနှင့် မုံရွာမြို့ဘက်သို့ ထွက်ခွာသွားကြောင်း PAFD ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက်ပိုင်းတွင် ချောင်းဦး-မြင်းမူလမ်းတလျှောက် စစ်ကောင်စီတပ်များ အသွားအလာများနေပြီး အင်အားတိုးချထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံးမှုကို စုံစမ်း​​ပြီး ထိုစစ်ဆင်ရေးကို People’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)၊ People’s Knight Defense ForceMyinmu (PKDF.MMU)၊ D.B.B.F.MMU မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဇန်နဝါရီ ၂၂ရက်ကလည်း မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၌ တပ်စွဲထားသ​ည့် စစ်ကောင်စီတပ်စခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

You May Also Like

သတင်း

လုံးခင်းလယ်ပြင်ဂိတ်ကို KIAက တိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသ သတင်းရင်းမြစ် အချို့နှင့် ဒေသတွင်း သတင်းဌာန အချို့က ဖော်ပြထားသော်လည်း တိုက်ပွဲဖြစ်ပွားမှု ကိုPeople's Springက သီးခြားအတည်မပြုနိုင်သေးပေ။

သတင်း

ဇန်နဝါရီ ၂၉ရက် နေ့လည် ၁နာရီခွဲတွင် စစ်ကောင်စီ ၏ ခမရ(၅၀၄)မှ TNLAတပ်စခန်းသို့ လက်နက်ကြီးဖြင့် တဖက်သတ်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

သတင်း

ဘုရားသုံးဆူမြို့ မြေစာရင်းရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇန်နဝါရီလ ၂၉ရက်​နေ့ နံနက်တွင်း မီးရှို့ဖျက်ဆီးလိုက်ပြီး ညနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

သတင်း

ထို့အပြင် မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီထောက်တိုင် လောင်းကစားဝိုင်းများ ဆက်လက်ပြုလုပ်ပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း လူကြမ်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။