Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့် စစ်တပ်ဂိတ်ကိုKIA နှင့်PDFတိုက်ခိုက်

မြတောင်စစ်ဆေးရေးဂိတ်ကို ယနေ့(ဖေဖော်ဝါရီ ၂ရက်) နံနက် ၄နာရီခန့်တွင် KIA နှင့် PDF ပူပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ထီးချိုင့် PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-HPDF)
(ထီးချိုင့် PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-HPDF)

▪︎စစ်သား ၃ ဦး​သေပြီး စစ်သုံ့ပန်း ၁ ဦးဖမ်းမိကာ လက်နက် ၄ လက်ရရှိ

ထီးချိုင့်မြို့၊ မြတောင်လမ်းဆုံမှ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို KIA နှင့် PDF ပူပေါင်းတပ်ဖွဲ့က ယနေ့နံနက်အစောပိုင်း တွင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီးစစ်သုံ့ပန်းတစ်ဦးဖမ်းဆီးနိုင်ကာ သေနတ်(၄)လက်သိမ်းဆည်းခဲ့ကြောင်းသတင်းရရှိသည်။

မြတောင်စစ်ဆေးရေးဂိတ်ကို ယနေ့(ဖေဖော်ဝါရီ ၂ရက်) နံနက် ၄နာရီခန့်တွင် KIA နှင့် PDF ပူပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မနက် ၄ နာရီမှာ ဝင်တိုက်တာ။စစ်ကောင်စီဖက်ကတစ်ဦးအရှင်ရတယ်။သုံးယောက်သေတယ်။ သေနတ်(၄)လက်သိမ်းခဲ့တယ်။ စစ်ကောင်စီက ဧရာဝတီတံတားပေါ်ကနေ လက်နက်ကြီးနဲ့လှမ်းပစ်လို့ မြတောင်လမ်းဆုံနားမှာနေတဲ့ ဒေသခံတစ်ယောက်နဲ့ နွားတစ်ကောင် သေဆုံးခဲ့ပါတယ်”ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

မြတောင်လမ်းဆုံသည် ထီးချိုင့်မြို့နှင့် ဧရာဝတီမြစ်ခြားတွင်ရှိ​သော ဂိတ်ဖြစ်သည်။ KIA နှင့် PDF ပူပေါင်းအဖွဲ့က ထီးချိုင့်မြို့နားအထိတက်၍ စစ်ကောင်စီတပ်ကိုတိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ယခုအခါ အင်အား၁၀၀ ကျော်ပါသောစစ်ကောင်စီတပ်စစ်ကြောင်းကြောင်းသည်ထီးချိုင့်မြို့ သရက်ချောင်းကျေးရွာအနောက်ဘက်တွင် ရောက်ရှိ​နေ၍ ဒေသခံပြည်သူများသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များကသတိပေးထားသည်။

You May Also Like

သတင်း

မိုင်း​ဖြင့် နှစ်ကြိမ်ခိုက်သော်လည်း စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခက်ဖြစ်မရှိဘဲ ဒုတိယအကြိမ်တွင် ပျက်ဆီးသွားသော ကားပေါ်မှ အချိန်အတော်အတန်ကြာမှသာ ဆင်းလာခဲ့ပြီး တကောင်း(ပ.က.ဖ)မှ မိုင်းသမားများအား လိုက်လံရှာဖွေနေခဲ့ကြောင်း ယင်းတပ်ဖွဲ့က ပြောသည်။

သတင်း

ဟုမ္မလင်းမြို့ဟာ မြေပြင်အနေအထားအရ မြို့ရဲ့အရှေ့ဘက်မှာ ကချင်ပြည်နယ် ဖားကန့် ၊မိုးညှင်း ၊အနောက်ဘက်မှာ ချင်းပြည်နယ် တမူးမြို့တို့နဲ့ထိစပ်နေတဲ့ မြို့ဖြစ်ပါတယ်။

သတင်း

ဇန်နဝါရီလ ၂၄ ရက်နေ့က ဝက်လက်မြို့ထဲမှထွက်လာသည့် မိသားစုတစ်စုလိုက်ပါလာသော အိမ်စီးကားတစ်စီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ ကားပေါ်ပါ တစ်နှစ်အရွယ်ကလေးငယ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

သတင်း

အာဏာသိမ်းစစ်အုပ်စုကို လုံးဝလက်မခံကြောင်းပြည်သူများ၏ အသံတိတ်သပိတ်ကို ဂုဏ်ပြုသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအတွင်းရှိ လိုင်းခန်းများပေါ်တွင် ၆လုံး ကျရောက်ပေါက်ကွဲကြောင်း ၎င်းက ပြောသည်။