Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းနယ်စပ် ဘုရားသုံးဆူမှာ စစ်တပ်က လေယာဥ်နဲ့လူချပြီး အင်အားဖြည့်နေ

ထိုင်းနယ်စပ် ဘုရားသုံးဆူမှာ စစ်တပ်က လေယာဥ်နဲ့လူချပြီး အင်အားဖြည့်နေ
ထိုင်းနယ်စပ် ဘုရားသုံးဆူမှာ စစ်တပ်က လေယာဥ်နဲ့လူချပြီး အင်အားဖြည့်နေ

ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် ယနေ့ နေ့လည်ပိုင်းအချိန်၌ စစ်ကောင်စီတပ်က လေယာဉ်များဖြင့် တပ်အင်အား လာရောက်ဖြည့်ဆည်းနေကြောင်း ဘုရားသုံးဆူမြို့ မြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့ထံမှ သိရသည်။

သူတို့ဖက်က အဖက်ဖက်ယိုယွင်းနေပြီလေ၊ ကုန်းကြောင်းနဲ့တက်လာမရဲလို့ လေယာဉ်နဲ့ လူလာချတာပါ။ ပြောလို့တော့မရဘူးဗျ ခန့်မှန်းအင်အား (၈၀)ဝန်းကျင်ရှိမယ်၊ ခန့်မှန်းခြေပါ” ဟု ၎င်းအခြေအနေနှင့် ပတ်သက်ပြီး မြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့၏ တာဝန်ခံဖြစ်သူက ပြောသည်။

ထိုင်းနယ်စပ် ဘုရားသုံးဆူမှာ စစ်တပ်က လေယာဥ်နဲ့လူချပြီး အင်အားဖြည့်နေ
ထိုင်းနယ်စပ် ဘုရားသုံးဆူမှာ စစ်တပ်က လေယာဥ်နဲ့လူချပြီး အင်အားဖြည့်နေ

ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီတပ်နှင့်အတူ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့များ ရှိနေပြီး တပ်အင်အားနည်းပါးနေခြင်းကြောင့် စစ်ကောင်စီတပ်မှ ယခုလိုလာရောက်ဖြည့်ဆည်းမှုများ လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း ဘုရားသုံးဆူဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

လက်ရှိတွင် ဘုရားသုံးဆူမြို့၌ စစ်ရေးအခြေအနေ ငြိမ်သက်နေပြီး စစ်ကောင်စီတပ်မှ တပ်အင်အားတိုးချဲ့လုပ်ဆောင်မှုများ လုပ်ဆောင်လာခဲ့ပါက စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာနိုင်ကြောင်း မြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့၏ တာဝန်ခံဖြစ်သူက ဆိုသည်။

ထိုင်းနယ်စပ် ဘုရားသုံးဆူမှာ စစ်တပ်က လေယာဥ်နဲ့လူချပြီး အင်အားဖြည့်နေ
ထိုင်းနယ်စပ် ဘုရားသုံးဆူမှာ စစ်တပ်က လေယာဥ်နဲ့လူချပြီး အင်အားဖြည့်နေ

ဘုရားဆူမြို့တွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများအား ပြီးခဲ့သည့် ဇန်နဝါရီလ(၂၃)ရက် ညပိုင်းက ဘုရားသုံးဆူမြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့မှ ဝင်ရောက်ရှင်းလင်းမီးရှို့ခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့်အမြန်လက်တွဲပြီး CDM ပြုလုပ်ကြရန် အဆိုပါပြောက်ကျားအဖွဲ့မှ တိုက်တွန်းထုတ်ပြန်ထားသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ(၃၁)ရက်နေ့ ညပိုင်းတွင်လည်း ဘုရားသုံးဆူမြို့ နယ်စပ်အနားရှိ ချက်ပွိုင့်ဂိတ်ကို အဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်ပစခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါချက်ပွိုင့်ဂိတ်ရှိ နယ်ခြားစောင့်တပ်(BGF) သုံးဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

You May Also Like

သတင်း

မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရန်နှင့် မြန်မာပြည်သူများ အားလုံးပါဝင်သည့် ဒီမိုက‌ရက်တစ် အနာဂတ်ဆီသို့ ငြိမ်းချမ်းစွာ ကြိုးစားဆောင်ရွက်ကြသူများ အားလုံးအတွက် ဆက်လက်၍ ပြတ်သားစွာ ထောက်ခံပံ့ပိုးနေမည်ဟု ပူးတွဲကြေညာသည်။

သတင်း

တပ်ဖွဲ့တည်ထောက်မှု (၂)နှစ် ပြည့်တော့မည်ဖြစ်သည့် YGFသည် စစ်ကောင်စီတပ်အားတိုက်ခိုက်မှုအရ လက်နက် ၁၁လက်ရယူနိုင်ခဲ့ကြောင်းလည်း သိရသည်။

သတင်း

တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် လွှတ်တော် ကိုယ်စားလှယ် (၆၁၃)ဦးတွင် အဖမ်းဆီးခံရသူ (၈၅) ဦး၊ ဖမ်းဆီးခံရနေရစဥ်အတွင်း ဆေးကုသခွင့်မရသဖြင့် ကွယ်လွန်သူ (၂) ဦးနှင့် ပြန်လည်လွတ်မြောက်သူ (၂၆) ဦးရှိကြောင်း အစီရင်ခံစာ၌ ပါရှိသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် အသက်ဆုံးရှုံးခဲ့ရသော လူပေါင်း ၂,၉၀၀ ကျော်ကို အမေရိကန်သံရုံးက ဂုဏ်ပြုကြောင်း ဖော်ပြသည်။