Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးမည်ဖြစ်ပြီး တရားဝင်မှုမရရှိစေရဟုကန်နိုင်ငံခြားရေးအတိုင်ပင်ခံပုဂ္ဂိုလ်ပြော

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ယမန်နေ့(ဖေဖော်ဝါရီ ၁ ရက်)တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

(အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလက် ။ ။ဓါတ်ပုံ-AP)
(အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလက် ။ ။ဓါတ်ပုံ-AP)

▪︎ မနှစ်မြိုစရာအာဏာသိမ်းမှုတတိယမြောက်နှစ်ကို ကျင်းပရန်လိုအပ်​တော့မည်မဟုတ်ကြောင်း အသိပေး

စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးမည်ဖြစ်ပြီး တရားဝင်မှု မရရှိစေရေး လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလက်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ယမန်နေ့(ဖေဖော်ဝါရီ ၁ ရက်)တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်လက်အောက်မှာ ကာလရှည်ကြာ ဒုက္ခတွေခံစားခဲ့ရပြီးပါပြီ။ သူတို့ဟာ ကျွန်တော်တို့ရဲ့ အပြည့်အဝကူညီထောက်ပံ့မှုကို ရရှိခံစားထိုက်ပါတယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော်ပြောခဲ့သလို ကြိုးပမ်းအားထုတ်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ ဒေသတွင်းနဲ့ ပြင်ပက ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ၊​ မိတ်ဖက်တွေနဲ့ စုစည်းညီညွတ်စွာ စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးမှာဖြစ်ပြီး တရားဝင်မှု ရရှိတာကိုလည်းခွင့် မပြုခြင်း၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ပံ့ပိုးပေးခြင်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခြင်းတွေ လုပ်ဆောင်သွားမှာပါ” ဟု ဒဲရစ်ရှိုလက်က ပြောသည်။

ထို့အပြင် အမေရိကန်၏ မြန်မာ့အရေးကြိုးပမ်းဆောင်ရွက်ချက်များမှာ လာမည့်လများ၌ ယိမ်းယိုင်သွားမည်မဟုတ်ဘဲ ယခုအချိန်ကစ၍ တစ်နှစ်အတွင်း များစွာမျှော်လင့်ထားကြောင်းနှင့် မနှစ်မြိုစရာ စစ်အာဏာသိမ်းမှုတတိယမြောက်နှစ်ကို ကျင်းပရန်လိုအပ်​တော့မည်မဟုတ်ကြောင်း တနည်းအားဖြင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနေမည့်အချိန်ဖြစ်မည်ဟု အထက်ပါ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

အမေရိကန်သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အခြားသော ဒီမိုကရေစီအရေးကြိုးပမ်းလုပ်ဆောင်သူများကို စွမ်းဆောင်ရည်နှင့် ထိရောက်မှုရရှိစေရန် ပိုမိုကူညီနိုင်ရေး တတ်နိုင်သမျှကို လုပ်ဆောင်ရန် ကတိပြုကြောင်း ထပ်လောင်းအသိပေးသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ NUG ၏ အကြီးတန်းခေါင်းဆောင်များကို မြို့တော်ဝါရှင်တန်၌ လူကိုယ်တိုင်နှင့် အွန်လိုင်းမှတဆင့် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

You May Also Like

သတင်း

အာဏာသိမ်းပြီးနောက် ဖမ်းခံရတဲ့ မြို့တော်ဝန်ဒေါက်တာရဲလွင် နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာကနဦးက ဆူပူအောင်လှုံဆော်မှု နဲ့ထောင်ဒဏ် ၂ နှစ်စီချခံရသူတွေဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ၃၁ ရက်ညက ဘုန်းကြီးကျောင်း၌ ညအိပ်ပြီးမူးရစ်သောက်စားခဲ့ကြောင်း၊ ၎င်းတို့ထွက်သွားပြီးနောက် ဘုန်းကြီးကျောင်းအတွင်း၌ ကွန်ဒုံးများ၊ အမျိုးသမီးအတွင်းဝတ်အင်္ကျီများတွေ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ရွှေပြည်အေးမြို့ကို PDFတပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်သည့်အခြေအနေတွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ မြေပြင်တို့မှ အင်အားအလုံးအရင်း သုံး၍ တိုက်ခိုက်ခဲ့ရာ ယမန်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီဟာ သက်တမ်း ၆ လ ထပ်တိုးပြီးနောက် တော်လှန်မှုအားကောင်းတဲ့ မြို့နယ် ၃၇ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာလိုက်တာဟာ သတ်ဖြတ်မှုတွေကိုအပြင်းအထန်လုပ်ဆောင်မှာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ကမီဒီယာမှာ ပြောပါတယ်။