Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကုလအထူးအစီရင်ခံစာတင်သွင်းသူနှင့် ကန်နိုင်ငံခြားရေးအတိုင်ပင်ခံတို့ မြန်မာ့အရေးဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံသည် စစ်အုပ်စု၏ ပြုလုပ်လာမည်ဆိုသော အတုအယောင်ရွေးကောက်ပွဲကို အမေရိကန်အစိုးရက အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပြတ်သားစွာပြောဆိုထားသည်။

ကုလအထူးအစီရင်ခံစာတင်သွင်းသူနှင့် ကန်နိုင်ငံခြား ရေးအတိုင်ပင်ခံတို့ မြန်မာ့အရေးဆွေးနွေး
ကုလအထူးအစီရင်ခံစာတင်သွင်းသူနှင့် ကန်နိုင်ငံခြား ရေးအတိုင်ပင်ခံတို့ မြန်မာ့အရေးဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလက်သည် ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူးနှင့်တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးခဲ့သည်။

ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူနှင့် အရေးပါသည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး မြန်မာ့အကျပ်အတည်းအဆုံးသတ်ရေး စစ်တပ်၏ ရွံရှာစက်ဆုပ်ဖွယ်အကြမ်းဖက်မှုများအတွက် တာ၀န်ခံမှုရှိရေးတိုးမြှင့်ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံတွင် စစ်မှန်ပြီး အားလုံးပါဝင်သော ဒီမိုကရေစီစနစ် တည်ထောင်ရန်တို့ကို ထည့်သွင်းဆွေးနွေးကြောင်း အတိုင်ပင်ခံဒဲရစ်ရှိုလက်က ၎င်း၏တွစ်တာမှ အသိပေးသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံသည် စစ်အုပ်စု၏ ပြုလုပ်လာမည်ဆိုသော အတုအယောင်ရွေးကောက်ပွဲကို အမေရိကန်အစိုးရက အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပြတ်သားစွာပြောဆိုထားသည်။

အမေရိကန်အစိုးရသည် အကြမ်းဖက်စစ်အုပ်စုကို မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည် ရောက်ရှိရေး၊ မြန်မာပြည်သူလူထု၏ သဘောထားဆန္ဒကို လေးစားအသိအမှတ်ပြုရေး လုပ်ဆောင်ရန် အကြိမ်ကြိမ်တိုက်တွန်းထားပြီး စစ်အုပ်စု၏ ကျူးလွန်မှုများအတွက် သက်ဆိုင်သည့် လူပုဂ္ဂိုလ်၊​ အဖွဲ့အစည်းများကို ပိတ်ဆို့ဒဏ်ခတ်ထားသည်။

You May Also Like

သတင်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်သည့် ‘နိုင်ငံများအကြား တရားဥပဒေစိုးမိုးမှု ရှိစေရေး’ ခေါင်းစဉ်ဖြင့် ဝန်ကြီးအဆင့် ဆွေးနွေးမှု အစည်းအဝေး၌ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်မိန့်ခွန်းပြောခဲ့ခြင်းဖြစ်သည်။

သတင်း

မြန်မာ့အရေးနှင့်ပတ်သက်၍ မစ္စတာရှောင်တာနဲလ်သည် ၎င်း၏ ကိုယ်ရေးကိုယ်တာအကြောင်းများ၊ NLD အစိုးရ လက်ထက်ကြိုးပမ်းမှုမှတ်တမ်းများကို စာအုပ်ရေးသားမည်ဟု ​ပြောထားသည်။

သတင်း

“မြန်မာပြည်သူများအတွက် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ခရစ္စမတ်လက်ဆောင်ပါ”ဟု မြန်မာ့အရေးလေ့လာသူ ဒေါက်တာမီမီဝင်းဘတ်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားသည်။

သတင်း

ဒီဇင်ဘာလ၂၁ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချခဲ့ပါတယ်။