Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်မှုအားကောင်းတဲ့ မြို့နယ် ၃၇ ခုကို စစ်ကောင်စီ စစ်အုပ်ချုပ်ရေးကြေညာ

စစ်ကောင်စီဟာ သက်တမ်း ၆ လ ထပ်တိုးပြီးနောက် တော်လှန်မှုအားကောင်းတဲ့ မြို့နယ် ၃၇ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာလိုက်တာဟာ သတ်ဖြတ်မှုတွေကိုအပြင်းအထန်လုပ်ဆောင်မှာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ကမီဒီယာမှာ ပြောပါတယ်။

ဓာတ်ပုံ − CNN
YANGON, MYANMAR - MARCH 03: Military soldiers walk down a street while carrying weapons that contain live ammunition after clashes with protesterrs on March 03, 2021 in Yangon, Myanmar. Medics and health workers have found themselves on the front lines and under intense pressure, as they try to help anti-coup protesters as resistance continues to erupt across the country, to be met with deadly force by the military junta. The military government has intensified a crackdown on protesters in recent days, usin

စစ်ကောင်စီတပ်ကို လက်နက်စွဲကိုင်ပြီးအပြင်းထန်ဆုံးတော်လှန်နေကြတဲ့ စစ်ကိုင်းတိုင်းအပါအဝင် တော်လှန်ရေးအားကောင်းတဲ့ နိုင်ငံတဝှမ်း မြို့နယ် ၃၇ မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါတယ်။

အဲဒီမြို့နယ် ၃၇ မြို့နယ်ထဲမှာ စစ်ကိုင်းတိုင်းက ၁၁ မြို့ ၊ ချင်းပြည်နယ် ၇ မြို့ ၊ မကွေးတိုင်း ၅ မြို့ ၊ ပဲခူးတိုင်း ၅မြို့ ၊ ကယားပြည်နယ် ၄မြို့ ၊တနင်္သာရီတိုင်း ၂မြို့ ၊ကရင်ပြည်နယ် က ၂မြို့ နဲ့ မွန်ပြည်နယ် ၁မြို့ တို့ပါဝင်တာတွေ့ရပါတယ်။

စစ်ကိုင်းတိုင်းက အင်းတော် ၊ ဗန်းဗောက် ၊ ကောလင်း ၊ ပင်လယ်ဘူး ၊ မြောင် ၊ဆားလင်းကြီး ၊ ပုလဲ ၊ပင်းမာပင် ၊ခင်ဦး ၊ တန့်ဆည် ၊ ရေဦး ၊ မကွေးတိုင်းက ဂန့်ဂေါ ၊ ထီးလင်း ၊ ဆော ၊ပေါက် ၊ မြိုင် ၊ပဲခူးတိုင်း ထန်းတပင် ၊အုတ်ဖို ၊ နတ်တလင်း ၊ပေါင်းတည်၊ပေါက်ခေါင်း ၊ ချင်းပြည်နယ် တီးတိန် ၊ တွန်းဇံ၊ ဖလမ်း ၊ ကန်ပက်လက် ၊ မတူပီ ၊ ထန်တလန် ၊ဟားခါး ၊ ကယားပြည်နယ် ဒီမော့ဆို့ ၊ဖရူဆို ၊ ရှားတော ၊ဘော်လခဲ ၊ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး ၊ကော့ကရိတ် ၊ မွန်ပြည်နယ် ရေးမြို့၊တနင်္သာရီတိုင်း တနင်္သာရီမြို့နဲ့ ပုလောမြို့တွေကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာလိုက်တာပါ။

အဲဒီမြို့နယ် တွေ မှာတော်လှန်ရေးအင်အားစုတွေကို ဖမ်းမိရင် စစ်ခုံရုံးနဲ့ အမိန့်တွေချမှာဖြစ်ပြီး သေဒဏ်အထိ အမိန့်ချနိုင်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က လုပ်ပိုင်ခွင့်ပေးထားပါတယ်။

NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စစ်ကောင်စီ စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ မြို့နယ် ၃၇ မြို့နယ်ဟာ မြေပြင်အခြေအနေအရ PDF တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက စိုးမိုးထားတဲ့ နယ်မြေတွေဖြစ်တယ်လို့ မီဒီယာကိုဖြေထားပါတယ်။

အဲဒီမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဟာ တပ်ထဲကနေ အပြင်တောင် မထွက်ရဲတဲ့ မြို့နယ်တွေဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက RFA သတင်းဌာနကိုဖြေထားပါတယ်။

စစ်ကောင်စီဟာ သက်တမ်း ၆ လ ထပ်တိုးပြီးနောက် တော်လှန်မှုအားကောင်းတဲ့ မြို့နယ် ၃၇ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာလိုက်တာဟာ သတ်ဖြတ်မှုတွေကိုအပြင်းအထန်လုပ်ဆောင်မှာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ကမီဒီယာမှာ ပြောပါတယ်။

” ပိုကြမ်းလာမယ် ၊ပိုရမ်းလာမယ်” လို့ စစ်ကောင်စီရဲ့ခြေလှမ်းကို ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။

You May Also Like

သတင်း

အာဏာသိမ်းပြီးနောက် ဖမ်းခံရတဲ့ မြို့တော်ဝန်ဒေါက်တာရဲလွင် နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာကနဦးက ဆူပူအောင်လှုံဆော်မှု နဲ့ထောင်ဒဏ် ၂ နှစ်စီချခံရသူတွေဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ၃၁ ရက်ညက ဘုန်းကြီးကျောင်း၌ ညအိပ်ပြီးမူးရစ်သောက်စားခဲ့ကြောင်း၊ ၎င်းတို့ထွက်သွားပြီးနောက် ဘုန်းကြီးကျောင်းအတွင်း၌ ကွန်ဒုံးများ၊ အမျိုးသမီးအတွင်းဝတ်အင်္ကျီများတွေ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ရွှေပြည်အေးမြို့ကို PDFတပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်သည့်အခြေအနေတွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ မြေပြင်တို့မှ အင်အားအလုံးအရင်း သုံး၍ တိုက်ခိုက်ခဲ့ရာ ယမန်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

သတင်း

အဆိုပါ စစ်ကောင်စီတပ်အား နံနက် ၉ နာရီခွဲခန့်တွင် တိုက်နယ်စွန်(စွန်) PDFအဖွဲ့က တပ်စိတ်တစ်စိတ်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြသည်။