Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတွင်စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံး

အဆိုပါ စစ်ကောင်စီတပ်အား နံနက် ၉ နာရီခွဲခန့်တွင် တိုက်နယ်စွန်(စွန်) PDFအဖွဲ့က တပ်စိတ်တစ်စိတ်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြသည်။

(သေဆုံးသွားသည့် ကလေးငယ်​၏ ရုပ်အလောင်းအား တွေ့ရစဉ်)
(သေဆုံးသွားသည့် ကလေးငယ်​၏ ရုပ်အလောင်းအား တွေ့ရစဉ်)

▪️စစ်အုပ်စုအားပြန်လည်တိုက်ရာ ထိခိုက်သေဆုံးမှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပညာသင်ကြားနေသော ကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး အဆိုပါစစ်ကောင်စီတပ်အား ပြန်လည်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း တိုက်နယ်စွန်(စွန်) PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ၂ ရက်)နံနက် ၉ နာရီခွဲခန့်က စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်၊ တံတားဦးကျေးရွာသို့ ဝင်ရောက်မွှေနှောက်ပြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျူရှင်တက်နေသော (၆)နှစ်အရွယ် ကလေးငယ်တစ်ဦး ခါးတွင် ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း တိုက်နယ်စွန်(စွန်) PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်အား နံနက် ၉ နာရီခွဲခန့်တွင် တိုက်နယ်စွန်(စွန်) PDFအဖွဲ့က တပ်စိတ်တစ်စိတ်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြသည်။

နံနက် ၁၀နာရီ ၂၆ မိနစ်ခန့်တွင် စစ်ကောင်စီတပ်များသည် ထိန်ကုန်ဘက်သို့ဝင်သွားပြီး စစ်​​ကြောင်း နောက်ပြန်လှည့်လာစေရန် (၈၀)မမ နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့နောက် နံနက် ၁၁ နာရီ ၂၄မိနစ်ခန့်တွင် စစ်ကောင်စီစစ်ကြောင်းသည် တောင်ဘက်ကိုဆက်သွားပြီး မွန်းလွဲ ၁ နာရီ ၂၂ မိနစ်ခန့်တွင် တာတိုင်ရွာအား မီးရှို့ဖျက်ဆီးသွားကြောင်း တိုက်နယ်စွန်(စွန်) PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တပ်ပြန်ခေါက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ညနေ ၃ နာရီခွဲဝန်းကျင်တွင် အင်အား ၃၀ ကျော်ဖြင့် ရဲစခန်းထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်၊

တံတားဦးကျောင်းအနောက်တွင် ရမ်းသမ်းပစ်ခတ်နေသည့် အဖွဲ့ကလည်း ညနေ ၃ နာရီ မိနစ် ၄၀ ခန့်တွင် တံတားဦးရွာက အိမ်တစ်အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရဲစခန်းထဲသို့ဝင်ရောက်သွားသော စစ်ကောင်စီတပ်များကို (၆၀) မမဖြင့် ၇ ချက်၊ (၈၀) မမဖြင့် ၉ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း တိုက်နယ်စွန်(စွန်) PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရဲစခန်းရှေ့၌ လက်နက်ကြီးထိမှန် သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို စခန်းတွင်းသို့သယ်ဆောင်ပြီး မီးရှို့ခဲ့ကြောင်း၊ သေဆုံးသူ ၅ ဦးထက်မနည်းရှိနိုင်ပြီး ဒဏ်ရာရသူများလည်း အများပြားရှိကြောင်း တိုက်နယ်စွန်(စွန်) PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်မှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

ဝက်လက်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်သည် ဇန်နဝါရီ စတုတ္ထပတ်အတွင်းက အိမ်စီးကားတစ်စီးအား ပစ်ခတ်တိုက်ခိုက်ရာ တစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သေးသည်။

You May Also Like

သတင်း

အာဏာသိမ်းပြီးနောက် ဖမ်းခံရတဲ့ မြို့တော်ဝန်ဒေါက်တာရဲလွင် နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာကနဦးက ဆူပူအောင်လှုံဆော်မှု နဲ့ထောင်ဒဏ် ၂ နှစ်စီချခံရသူတွေဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ၃၁ ရက်ညက ဘုန်းကြီးကျောင်း၌ ညအိပ်ပြီးမူးရစ်သောက်စားခဲ့ကြောင်း၊ ၎င်းတို့ထွက်သွားပြီးနောက် ဘုန်းကြီးကျောင်းအတွင်း၌ ကွန်ဒုံးများ၊ အမျိုးသမီးအတွင်းဝတ်အင်္ကျီများတွေ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ရွှေပြည်အေးမြို့ကို PDFတပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်သည့်အခြေအနေတွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ မြေပြင်တို့မှ အင်အားအလုံးအရင်း သုံး၍ တိုက်ခိုက်ခဲ့ရာ ယမန်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီဟာ သက်တမ်း ၆ လ ထပ်တိုးပြီးနောက် တော်လှန်မှုအားကောင်းတဲ့ မြို့နယ် ၃၇ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာလိုက်တာဟာ သတ်ဖြတ်မှုတွေကိုအပြင်းအထန်လုပ်ဆောင်မှာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ကမီဒီယာမှာ ပြောပါတယ်။