Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာရှိ စစ်အုပ်စုအား ဒေသတွင်း PDFများတိုက်ခိုက်

ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၂နာရီခန့်ကလည်း ကြွယ်ပုံရွာရှိ စစ်ကောင်စီတပ်နှင့် ပျူများအား ဒေသကာကွယ် ရေးအဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သေးသည်။

စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာရှိ စစ်အုပ်စုအား ဒေသတွင်း PDFများတိုက်ခိုက်
စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာရှိ စစ်အုပ်စုအား ဒေသတွင်း PDFများတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ပျူစောထီးအားကောင်းရာ ကြွယ်ပုံကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများအား သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုအထိအခိုက်များကြောင်း စစ်ကိုင်းခရိုင် အမှတ် (၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၃ ရက်က ကြွယ်ပုံကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူများအား ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့်ပျူ ၈ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိကြောင်း စစ်ကိုင်းခရိုင် အမှတ် (၁)တပ်ရင်း၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်းထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်းဆက်သွယ်​၍ မရသေးပေ။

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ ပျူများသည် အနီးဝန်းကျင်ကျေးရွာများရှိ ပြည်သူများအား ညှင်းပန်းနှိပ်စက်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများ၏ ရွှေငွေလက်ဝတ်ရတနာများ၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်များအား သိမ်းယူခြင်းများ ပြုလုပ်နေကြောင်း၊ ထို့အပြင် ရဟန်းသံဃာများကိုပင် သတ်ဖြတ်လာကြောင်းစစ်ကိုင်းခရိုင်အမှတ် (၁)တပ်ရင်းက အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးအား စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ်များဖြစ်သော စစ်ကိုင်းခရိုင် အမှတ်၅ တပ်ရင်း၊ မန္တလေးခရိုင် အမှတ် (၄) တပ်ရင်း၊ Dalta Force တောင်သာ၊ BRM(Mandalay)၊ Generation Z Power (GZP Mandalay)၊ ဒီမိုပေါက်ကွဲအဖွဲ့(စစ်ကိုင်း)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၂နာရီခန့်ကလည်း ကြွယ်ပုံရွာရှိ စစ်ကောင်စီတပ်နှင့် ပျူများအား ဒေသကာကွယ် ရေးအဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သေးသည်။

ဇန်နဝါရီ ၆ ရက်က စစ်ကောင်စီတပ်နှင့် ကြွယ်ပုံရွာမှ ပျူများသည် စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး အိမ်ခြေ ၇၀ခန့်ပြာကျခဲ့ကာ ဆရာတော်တစ်ပါးနှင့် ပြည်သူ သုံးဦးအား သတ်ဖြတ်သွားခဲ့သည်။

You May Also Like

သတင်း

စစ်ကောင်စီအား တုံ့ပြန်တိုက်ခိုက်နိုင်ရန် မောင်းပြန်သေနတ် အစစ်ဝယ်နိုင်ရန်အတွက် ကူညီပေးကြရန် Area 71 PDF Monywa အဖွဲ့မေတ္တာရပ်ခံထားသည်။

သတင်း

စစ်အုပ်စုဘက်ကလည်း ပြန်ပစ်သဖြင့် ရဲဘော်တစ်ဦး လက်နက်ကြီး ယမ်းစထိမှန်ကာလက်မောင်း အနည်းငယ်ထိခိုက်ခဲ့ပြီး ကားနှစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) က ဆိုသည်။

သတင်း

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်လုပ်ငန်းများတွင်ပါဝင်နေကြသူများအား ထိရောက်စွာ အရေးယူနိုင်ရေး အတွက် မှတ်တမ်းရယူ သတင်းပေးပို့ကြရန်လည်း မေတ္တာရပ်ခံထားသည်။

ဆောင်းပါး

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအိုနိုင်ငံတို့မှာ မြေပြင်အခြေအနေတွေပေါ် မူတည်ပြီးတွက်ဆချက်(assessment)တစ်ခုရှိပြီး အဆိုပါ တွက်ဆချက်နဲ့ မူဝါဒတစ်ရပ်ကိုလက်ကိုင်စွဲထားပါတယ်။