Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မီးဘေးအကြောင်းပြကာ ယုဇနပလာဇာရှိဖုန်းပြင်ဆိုင်များ ပစ္စည်းများအသုံးပြုခွင့်ကန့်သတ်

ယင်းကဲ့သို့ ထုတ်ပြန်သည့်အပေါ် ဖုန်းပြင်ဆိုင်များ စုပေါင်းလက်မှတ်ထိုး၍ ယုဇနပလာဇာ အုပ်ချုပ်မှုကော်မတီထံ စာတင်ထားသော်လည်း အခြေအနေမထူးခြားသေးကြောင်းအထက်ပါဆိုင်ပိုင်ရှင်က ဆိုသည်။

မီးဘေးအကြောင်းပြကာ ယုဇနပလာဇာရှိဖုန်းပြင်ဆိုင်များ ပစ္စည်းများအသုံးပြုခွင့်ကန့်သတ်
မီးဘေးအကြောင်းပြကာ ယုဇနပလာဇာရှိဖုန်းပြင်ဆိုင်များ ပစ္စည်းများအသုံးပြုခွင့်ကန့်သတ်

မီးဘေးအန္တရာယ်အကြောင်းပြကာ ရန်ကုန်မြို့ ယုဇနပလာဇာတွင် ဖွင့်ထားသည့် ဖုန်းပြင်ဆိုင် များတွင်အသုံးပြုသည့် ပစ္စည်းများ အသုံးပြုခွင့်ကန့်သတ်လိုက်သောကြောင့် အခက်အခဲကြုံနေရကြောင်း ဖုန်းပြင်ဆိုင်များက ပြောသည်။

“အနိမ့်ဆုံး ခဲဂေါက်နဲ့ Heat Gunလေးသုံးခွင့်ရရင်တောင်ကျေနပ်ပါတယ် ။ အခုက လုံးဝလုပ်စားလို့မရအောင်လုပ်တာ”ဟု လွန်ခဲ့သည့် ၁၀နှစ်ကတည်းက ယုဇနပလာဇာတွင် ဖုန်းပြင်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

ယုဇနပလာဇာ အုပ်ချုပ်မှုကော်မတီက ယုဇနပလာဇာ ဈေးအတွင်းရှိ ဖုန်းပြင်ဆိုင်များတွင် အသုံးပြုနေသည့် ပစ္စည်းများသည် လျှပ်စစ်မီးအန္တရာယ် ၊ မီးဘေး အန္တရာယ်များ ရှိနိုင်သည်ဟုဆိုကာ ခဲဂေါက် ၊ အပူပေးကိရိယာ ၊ မှန်ပေါင်းစက် (မှန်ခွာ ၊ မှန်ကပ်)နှင့် အပူထွက်နိုင်သော လျှပ်စစ်ပစ္စည်းများကို ဇန်နဝါရီ ၃၁ ရက်နောက်ဆုံးထားအသုံးပြုရန်အကြောင်းကြားစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မီးဘေးအကြောင်းပြကာ ယုဇနပလာဇာရှိဖုန်းပြင်ဆိုင်များ ပစ္စည်းများအသုံးပြုခွင့်ကန့်သတ်
မီးဘေးအကြောင်းပြကာ ယုဇနပလာဇာရှိဖုန်းပြင်ဆိုင်များ ပစ္စည်းများအသုံးပြုခွင့်ကန့်သတ်

ယင်းကဲ့သို့ ထုတ်ပြန်သည့်အပေါ် ဖုန်းပြင်ဆိုင်များ စုပေါင်းလက်မှတ်ထိုး၍ ယုဇနပလာဇာ အုပ်ချုပ်မှုကော်မတီထံ စာတင်ထားသော်လည်း အခြေအနေမထူးခြားသေးကြောင်းအထက်ပါဆိုင်ပိုင်ရှင်က ဆိုသည်။

“စီးပွား​ရေးက အရမ်းကြီးကောင်းနေတာလဲ မဟုတ်ဘူး ။အဲ့ဒါကို ဒီလိုလုပ်တော့ကျွန်တော် တို့အနောက်မှာ မိသားစုတွေ ရှိတယ်။ရက်စက်လွန်းတယ်ဗျာ။လည်ပတ်နေလုပ်ငန်းတစ်ခု ရပ်တန့်အောင် လုပ်လိုက်တယ်၊အခု သူတို့ပုံစံ မင်းတို့ မလုပ်နိုင်ထွက်လို့ပြောတာ အတူတူဘဲ “ဟု ၎င်းကပြောသည်။

ယင်းထုတ်ပြန်ချက်ကြောင့် ဖုန်းပြင်ဆိုင်များသည် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ၎င်းတို့ကန့်သတ်ထားသော ပစ္စည်းများကို အသုံးပြုခွင့်မရှိသောကြောင့် လုပ်ငန်းရပ်နားထားရသလိုဖြစ်နေကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် ဆိုင်ခန်းငှားခများကို ၄၅ ရာခိုင်နှုန်းတက်မည်ဟု စာထုတ်အကြောင်းကြားထားကြောင်း ယင်းဆိုင်ပိုင်ရှင်က ပြောသည်။

” ဒီကိစ္စကို အထက်ကလူကြီးတွေ မသိဘူးလို့ကြားတယ်။ ဦးဌေးမြင့် (ပလာဇာ ပိုင်ရှင်) ကိုသိစေချင်တယ်”ဟု ၎င်းကဆက် ပြောသည်။

ယုဇနပလာဇာတွင် ယခင်ကလည်း ဈေးဆိုင်ခန်းခများ တိုးမြှင့်ကောက်ခံရန် စီစဉ်ခဲ့သော်လည်း ဆိုင်ပိုင်ရှင်များက ဝိုင်း၍ ကန့်ကွက်ခဲ့သောကြောင့် မအောင်မြင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

You May Also Like